Saturday 18 August 2018

ဇေနာထက်​ ဆိုး​သော​ ဂီဗသ်


❦  တမန်​​တော်​မြတ်​(ဆွ)သည်​ စွဟာဗဟ်​အား "အတင်း​ပြောခြင်း (သို့) ဂီဗသ်​ ဆိုသည်​ကို သိကြရဲ့လား"ဟု​ ​မေး​တော်​မူရာ စွဟာဗဟ်​များက အလ္လာဟ်​အရှင်​မြတ်​နှင့်​ ရစူလ်​တမန်​​တော်​မြတ်​သာ​ ​ကောင်းစွာသိပါသည်​ဟု​ ​ဖြေကြ၏။ ထိုအခါတမန်​​တော်​မြတ်​(ဆွ)က "အသင်​သည်​ မိမိညီ​နောင်​အား ၎င်း မနှစ်​မြို့​သော နည်းဖြင့်​ တမ်းတခြင်းကို​ ​ခေါ်သည်​"ဟု မိန့်​၏။ ထိုအခါ တစ်​ဦးက ထိုစကားသည်​ မိမိညီ​နောင်​ထံ အမှန်​ပင်​ ရှိ​နေ​တော်​ငြားလည်း ဂီဗသ်​ (သို့) အတင်း ဖြစ်​မည်​လားဟု​ ​မေး​မြန်းရာ တမန်​​တော်​မြတ်​(ဆွ)က ညီ​နောင်​ထံ အသင်​​ပြော​သော စကားရှိ​နေမူ အတင်းဖြစ်​၏။ ၎င်းထံ မရှိ​သော စကားဆိုပါက အသင်​ ၎င်းအား စွပ်​စွဲ​ပေပြီဟု မိန့်​​တော်​မူ​လေသည်​။

❦  နှလုံးသား ဖြင့်​လည်း ဂီဗသ်​ ဖြစ်​၏။ မည်​သူက​တော့ ဤသို့ဖြစ်​မယ်​ဟု​ ​တွေးဆယူခြင်းကို မ​ကောင်းသော ထင်​မြင်​ချက်​ဟု​ ​ခေါ်၏။ ဤသည်​တွင်​လည်းပြစ်​မှု ဖြစ်​​ကြောင်း​ ​ဖော်​ပြထား၏။ စိတ်​ထား အမှန်​ကို အရှင်​မြတ်​သာ သိ​တော်​မူ၏။ လူတစ်​ဦးနှင့်​ စပ်​လျဉ်း၍ မ​ကောင်း​သော အထင်​အမြင်​ ထားခွင့်​မရှိ စင်​စစ်​ ဤသည်​ရှိုင်​သွာန်​၏ နိုး​ဆော်​မှု့ပင်​ ဖြစ်​သည်​။ (အိမာမ်​ဂဇာလီ)

❦  အစ္စလာမ်​သည်​ အတင်း​ပြောခြင်းကို ကဗီရဟ်​ ဂိုနာဟ်​တွင်​ ထည့်​သွင်းထား၏။

❦  အတင်း​ ​ပြောခြင်းသည်​ ​ဇေနာ ပြု ခြင်းထက်​ ပြင်းထန်​ ဆိုးရွားသည်​။ အ​ကြောင်းမှာ အတင်း​ ​ပြောခြင်းသည်​ ဟုကူကွလ်​​အေဗာဒ်​နှင့်​ သက်​ဆိုင်​သည်​ ကာယကံရှင်​ ခွင့်​မလွှတ်​ပါက ဂိုနဟ်​မှ ပလပ်​မည်​ မဟုတ်​ပါ။ ထို့အတွက်​​ကြောင့်​ ဗန္ဓာအား​ ​တောင်းပန်​ပါ၊ အရှင်​ထံလည်း​ ​သောင်​ဝ်​ဗဟ်​ပြုပါ။ ​ဇေနာသည်​ အဖန်​ဆင်းခံ၏ ဟပ်​က်​ (ရပိုင်​ခွင့်​) မဟုတ်​ပါ။ အရှင်​မြတ်​၏ `ဟပ်​က်​´သာ ဖြစ်​ပါသည်​။

❦  မိမိဘက်​မှ အတင်း​ ​ပြော​ကြောင်း ကာယကံရှင်​ သိသွားလျှင်​​ ​တောင်းပန်​ရမည်​၊ ထိုသို့ မသိဘဲ အတင်း​ ​ပြောမိသွားလျှင်​ ​ပြောခဲ့သည့်​ ထိုင်​ဝိုင်းမှာပင်​ ကျွန်​​တော်​ မှားသွားပါသည်​ ထိုသူ့မှာ ဤအပြစ်​ဆိုးများ မရှိပါ။ ၎င်းသူ အတွက်​ စူရဟ်​အိစ်​ခ်​လားစ်​ (၃)ကြိမ်​ ဖတ်​ပြီး အီစာ​လေစဝါဗ်​ လုပ်​လိုက်​ရမည်​။

[ အတင်း​ ​ပြောခြင်း၏ ဆိုးကျိုးများ ]

♕ ကျမ်းမြတ်​ ကုရ်​အာန်​က အတင်း​ ​ပြောခြင်းသည်​ မိမိ ညီ​နောင်​၏ အ​သေသား စားခြင်းဖြစ်​သည်​ဟု ရည်​ညွှန်းထား​လေသည်​။

♕  ​အောဖ်​အမည်​ရှိ ပုဂ္ဂိုလ်​တစ်​ဦးသည်​ အိဗ်​​နေစီရိန်​ထံ​ ​ရောက်​ရှိ သွားသည့်​အခါ ဟဂ်ျ​ဂျာဟ်​ဗင်​န်​ယူစွဖ်​၏ မ​ကောင်း​ကြောင်းများကို တင်​ပြ၏။ ထိုအခါ သခင်​က အလ္လာဟ်​အရှင်​မြတ်​သည်​ တရားဖြင့်​ စီရင်​​သော အရှင်​ဖြစ်​​တော်​မူ၏။ ဟဂ်ျ​ဂျာဟ်​၏ အတင်း​ပြောသူမှ အ​လျော်​​အစား ယူ​တော်​မူမည်​ ။ ဟဂ်ျ​ ဂျာဟ်​ မှလည်း ၎င်း ရက်​စက်​ခဲ့​သော အမှုကိစ္စများနှင့်​ စပ်​လျင်း၍ အ​လျော်​အစားယူ​တော်​မူမည်​၊ အသင်​ မိမိအတွက်​​ ​သောကပိုက်​ပါ၊ မနက်​ဖြန်​ ကိယာမသ်​​နေ့တွင်​ အသင်​၏ ယခု ပြုမိ​သော အ​သေးစား ဂိုနဟ်​ကို ဟဂ်ျ​ဂျာဟ်​၏ များပြား ကြီးမားလှ​သော ဂိုနဟ်ထက်​ ကြီးကျယ်​​ ​နေပါလားဟု မြင်​ရ​ပေမည်​။ ထို​နေ့တွင်​ အ​သေးစား ပြစ်​ချက်​နှင့်​ စပ်​လျဉ်း၍လည်း အ​ရေးယူ​တော်​မူမည်​။

♕ အဆိုးရွားဆုံး ဂီဗသ်​သည်​ကား အိဗာဒါသ်​ မြဲသူများ အ​ကြောင်း အတင်း​ ​ပြောခြင်းပင်​ ဖြစ်​သည်​ဟု ​အေယာဟ်​အွလ်​အိုလူမ်​ ကျမ်းတွင်​ အိမာမ်​ ဂဇာလီက​ ​ရေးသားထား​လေသည်​။

♕ အတင်း​ ​ပြောသူနှင့်​ နား​ထောင်​သူ၏ အဆင့်​မှာ တစ်​ညီတည်း ဖြစ်​သည်​။

{ အိမာမ်​ အဘူဟနီဖဟ်​၏ အ​မြှော်​အမြင်​ }

❀  တစ်​​နေ့တွင်​ အဗ်​ဒွလ္လာဟ်​ဗင်​န်​မုဗာရပ်​က်​ သခင်​က စွဖ်​ယာန်​​စောင်​ဝ်​ရီ သခင်​အား မိန့်​သည်​မှာ အိမာမ်​ အဘူဟနီဖဟ်​ သခင်​သည်​ အတင်း​ပြောခြင်းမှ မည်​မျှ​လောက်​​ ​ဝေးသည်​ဆိုမူ ရန်​သူ၏ အတင်းကိုပင်​ ၎င်းထံမှ​ ​ပြောသံ မကြားရ​ပေ၊ စွဖ်​ယာန်​သခင်​က မှန်​တယ်​ အလ္လာဟ်​အရှင့်​ ကစမ်​ ၎င်းမှာ အ​မြှော်​အမြင်​ ကြီးသူ ဖြစ်​တယ်​။ မိမိ​ ​ကောင်းမှုများကို အခြားသူများအား​ ​ပေးရမည့်​ အလုပ်​ကို လုပ်​​လေ့ မရှိတတ်​​ပေဟု​ ​ဖြေကြား​လေသည်​။

{ ဂီဗသ်​ အတင်း​ ​ပြောခြင်း အရသာ }

♨  ရိဗ်​အီဆိုသူ သာဗိအီ တစ်​ပါးက တင်​ပြသည်​။ ထိုင်​၀ိုင်းတစ်​ခုတွင်​ လူအများ စကား​ပြော​နေကြရာ ကျွန်ုပ်​လည်း ထိုထိုင်​၀ိုင်းတွင်​ ၀င်​ထိုင်​လိုက်​သည်​။ ထိုသူများထဲမှ တစ်​ဦးသည်​ အခြားလူတစ်​ဦး၏ အတင်းကို စတင်​​ပြောလာရာ၊ ကျွန်ုပ်​မှာ ထိုကိစ္စကို အဆိုးအပြစ်​ မြင်​ပြီး ထိုထိုင်းဝိုင်းမှ ထပြန်​လာခဲ့သည်​။ တရား​တော်​၏ အမိန့်​မှာလည်း "ဤသို့ (အတင်းနှင့်​ အခြားမပိုင်​သည့်​ ကိစ္စရပ်​များ)​ ​ပြောလျှင်​ တားဆီးပါ။ မတားဆီး နိုင်​လျှင်​ ထပြန်​ပါ" ဟူ၍ ဖြစ်​သည်​။

♨  အချိန်​ အနည်းငယ်​ ကြာ​သော်​ "ဒီအချိန်​​တော့ အတင်း မ​ပြော​လောက်​​ ​တော့ပါ"ဟု စိတ်​ကူးမိပြီး ယင်းထိုင်​၀ိုင်းသို့ ပြန်​​ရောက်​ လာခဲ့သည်​။ ပထမ​တော့ အခြား အ​ကြောင်းအရာများ ​ပြောဆို​နေရင်းမှ အတင်းစကား ပြန်​စ ​ပြောလာပြန်​သည်​။ ယခုအချိန်​တွင်​ စိတ်​ဓာတ်​ ပြင်းထန်​မှု မရှိ​တော့သဖြင့်​ ထိုင်​၀ိုင်းမှ မထ နိုင်​​တော့​ပေ။ ၎င်းတို့၏ အတင်း စကားများကို နား​ထောင်​​ ​နေရာမှ ကျွန်ုပ်​ ဘက်​မှလည်း အတင်းစကား တစ်​လုံး၊ နှစ်​လုံးစ ၀င်​​ပြောဖြစ်​ သွား​လေသည်​။

♨  ထိုထိုင်​၀ိုင်းမှ ပြန်​လာပြီး ညအိပ်​စက်​​သော အခါ ဤသို့ အိပ်​မက်​ မက်​၏။ "အသားမဲ တစ်​ဦးသည်​ လင်​ပန်း တစ်​ချပ်​ထဲတွင်​ အသားများ ထည့်​ပြီး ကျွန်ုပ်​ထံ​ ​ရောက်​လာ၏။ အ​သေအချာ ဂရုစိုက်​ကြည့်​ရာ ထိုအသားများမှာ ၀က်​သားများ ဖြစ်​​နေသည်​။ ထိုအသားမဲသူက ယင်း အသားများကို စားရန်​​ပြော၏။ ကျွန်​​တော်​ မွတ်​စ်​လင်​မ်​ပါ။ အဘယ်​​ကြောင့်​ စားရမည်​နည်းဟု​ ​ပြောရာ၊ ထိုသူက အသင်​ စားရမည်​ဟု​ ​ပြောပြီး ကျွန်ုပ်​၏ ပါးစပ်​ထဲ အတင်းထိုးထည့်​​ ​နေ​တော့သည်​။ ကျွန်ုပ်​က တား​လေ​လေ၊ သူက အဓမ္မ ဇွတ်​ထည့်​​နေ​လေ ဖြစ်​၏။ ထိုသို့ဖြင့်​ အန်​ချလိုက်​ရာ အန်​ဖတ်​များ ထွက်​လာသည်​။ သို့တိုင်​ ထိုသူမှာ ​နောက်​မဆုတ်​​ ​သေးပါ။"

♨  အိပ်​ယာမှ နိုးလာသည့်​ အခါ ကျွန်ုပ်​ မည်​သည့်​အရာကို စားသည်​ ဖြစ်​​စေ ယင်းအသား၏ အညှီအနံ့ ဆိုးနှင့်​ အရသာပင်​ ထိ​တွေ့ ခံစား​နေရကာ အိပ်​မက်​ထဲက ကဲ့သို့ပင်​ ဒုက္ခ​ ​ရောက်​​နေ​တော့၏။ မည်​သည်​ကို စားသည်​ဖြစ်​​စေ ထိုအဖြစ်​ဆိုး နှင့်​သာ ကြုံ​နေ ရ​တော့သည်​။

♨  ထိုထိုင်​၀ိုင်းတွင်​ အနည်းငယ်​ အတင်း​ ​ပြောခဲ့သည့်​ ရလဒ်​ဆိုးအ​နေနှင့်​ ရက်​ (၃၀)တိုင်​ အထက်​ပါ အတိုင်း ခံစား​စေကာ အရှင်​မြတ်​ ထံပါးမှ သတိ​ပေးလိုက်​ခြင်းပင်​ ဖြစ်​​ပေသည်​။
                    (ဗိခ်​​ရေးမိုသီ)

{ အတင်း​ ​ပြောခြင်းမှ လွယ်​ကူစွာ​ ​ရှောင်​နည်း }

၁။ လူတစ်​​ယောက်​ မိမိ​ရှေ့တွင်​ အခြားသူ တစ်​ဦး၏ အတင်း​ ပြောလာပါက အတင်း မ​ပြောနှင့်​ဟု ရှင်းရှင်း​ ​ပြောလိုက်​ပါ။ ဤသို့  မ​ပြောဖြစ်​ရင်​ ယင်း​နေရာမှ ​ရှောင်​ထွက်​သွားပါ။

၂။ မိမိဘက်​မှ အတင်း​ ​ပြောဖြစ်​သွားလျှင်​ ၎င်းသူထံ လက်​​ဆောင်​ တစ်​စုံတစ်​ရာ ​ပေးပို့လျက်​ ကျွန်​​တော့်​ ဘက်​မှ အသင့်​ရဲ့ အတင်း​ ​ပြောခဲ့တာကို ခွင့်​လွှတ်​ပါဟု ​ပြောလိုက်​ပါ။ ထိုနည်းဖြင့်​ နဖ်​စ်​စိတ်​သည်​ အတင်း​ ​ပြောခြင်းကို ​ရှောင်​ရှား နိုင်​လိမ့်​မည်​။

၃။ အသင့်​ရဲ့ အတင်း ဘယ်​သူဘယ်​ဝါက​ ​ပြောသည်​ဟု သတင်း လာ​ပေးလျှင်​ တန်​ပြန်​၍ အတင်း​ ​ပြောခြင်းကို​ ​ရှောင်​၍ ကျွန်​​တော့်​ ဘက်​မှ ၎င်းကို​ ​ကျေးဇူးပြုလိုက်​ပါ၊ အ​ကြောင်းက အတင်း​ကြောင့်​ အသင့်​အမလ်​များ ကျူ ပ်​ထံ​ ​ရောက်​လာတဲ့ အတွက်​ပါ။ ၎င်းကို မျက်​နှာချင်းဆိုင်​ ဆုံမိပါက ​ကောင်းမွန်​စွာ ဆက်​ဆံလျက်​ အတင်း​ ​ပြောတဲ့အတွက်​ ကျွန်​​တော့်​ထံ အကျိုးစဝါးဗ်​​ ​ရောက်​ကြောင်း​ပြောကာ ​ကျေးဇူးတင်​ စကား​ပြောပါ။

၎။ အတင်း​ ​ပြောသူမှာ အများအားဖြင့်​ ကိုယ့်​လူသာ ဖြစ်​တယ်​။ အချို့​ဆိုရင်​ မိမိရဲ့ ​ကျေးဇူးခံ ဖြစ်​တယ်​။ ၎င်း ကိုယ်​တိုင်​က သူများထက်​ ပိုပြီး အတင်း​ ​ပြောကြတယ်​။ ဒီလို ချိန်​ခါမှာ မိမိ ပြုခဲ့တဲ့ ​ကျေးဇူးများ အ​ကြောင်း​ပြောပြီး မိမိ အဂျရ်​စဝါးဗ်​ကို မဖျက်​ဆီးလိုက်​ပါနှင့်​။ စူရဟ်​နူရ်​တွင်​ လာရှိ​သော အာယသ်​အရ ခွင့်​လွှတ်​ပြီး မျက်​နှာလွှဲလိုက်​ပါ။

၅။ အတင်း​ ​ပြောလျှင်​ တားမြစ်​ပါ။ တားမြစ်​နိုင်​စွမ်း မရှိလျှင်​ စိတ်​ထဲမှ ယင်းကိစ္စကို အဆိုးဟု ထင်​မှတ်​ပြီး ၎င်းမှ ခွဲခွာသွားပါ။

အင်​န်​ရှာအလ္လာဟ်​ပြန်​ဆုံပါဦးမည်​။
.#.Crd...

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...