Wednesday 13 June 2018

မွတ်စ်လင်မ်တို့ရဲ့ပျော်ရွှင်စရာအီးဒ်နေ့အကြောင်း

အီဒွလ်ဖိသွိရ်ခေါ်ဝါကျွတ်အီးဒ်ဟာ အစ္စလာမ့်ရဲ့ ပျော်ရွှင်စရာနေ့ရက်များထဲက နေ့တစ်နေ့ဖြစ်ပါတယ်။ ရမ်ဇာန်အစ္စလာမ့်ဥပုဒ်လ ကုန်တာနဲ့ တစ်ပြိုင်နက် စတင်ကျင်းပပျော်ရွှင်ကြပါတယ်။

မွတ်စ်လင်မ်တို့အတွက် အီးဒ်နှစ်ခုသာလျှင်ရှိပါတယ်။ တစ်ခုက အီဒွလ်ဖိသွိရ်ခေါ်ဝါကျွတ်အီးဒ်ဖြစ်ပြီး ကျန်တစ်ခုကတော့ အီဒွလ်အဒွဟာခေါ် ကုရ်ဘာနီအီးဒ်ပဲဖြစ်ပါတယ်။ အချို့သောသူတွေဟာ တစ်​ခြားသော အီးဒ်တွေကို ဖန်တီးပြုလုပ်ထားကြပါတယ်။ အမှန်တစ်ကယ်အစ္စလာမ်မှာ အဲ့ဒါတွေမရှိပါဘူး။

ပျော်ရွှင်စရာပွဲများဟာ မျိုးနွယ်စုတိုင်း လူမျိုးတိုင်း အုပ်စုတိုင်းမှာရှိကြစမြဲပါ ဒါပေမယ့် အဲ့ဒီပျော်ရွှင်စရာပွဲတော်များအပေါ် သုံးသပ်ကြည့်မယ်ဆိုရင်တော့ အများပိုင်းဟာ လောကီနဲ့ ပတ်​သက်ဆက်နွယ်နေတာကိုပဲ မြင်ရပါလိမ့်မယ်။ ပျော်ရွှင်စရာနေ့များဟာ လောကီရေးရာကိစ္စအောင်မြင်ဖို့ လောကီဆုလဒ်များရယူဖို့အတွက်အကြောင်းတရားတွေခံနေပါတယ်။

သို့ပေမယ့်လည်း အစ္စလာမ်သာသနာဟာ ပျော်ရွှင်စရာနေ့ရက်နှစ်ခုစလုံးကို ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းခံကြားပတ်​သက်ဆက်နွယ်နေတဲ့ အချိတ်အဆက်တွေ ဖြစ်ပေါ်နေပါတယ်။ အီဒွလ်အဒွဟာခေါ် ကုရ်ဘာနီအီးဒ်ဟာ အလ္လာဟ်အရှင်မြတ်သခင်အတွက် ကုရ်ဘာနီပြုလုပ်ခြင်းရဲ့ စိတ်အားထက်သန်မှုများကို ဖော်ထုတ်ခြင်းဖြစ်သလို ဝါကျွတ်အီးဒ်ဟာဆိုရင်လည်း အလ္လာဟ်အရှင်မြတ်သခင်အတွက် ကုန်ဆုံးပေးဆပ်ခဲ့တဲ့လရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက မွတ်စ်လင်မ်တို့ဟာ မိမိတို့ရဲ့ အစ္စလာမ့်ရဲ့ပုံရိပ်ကို ထိန်းထိန်းသိမ်းသိမ်းကာကွယ်ပြီး ကျင်းပဖို့လိုအပ်ပါတယ်။

ဒီရဲ့ဆိုလိုချက်က အီးဒ်မှာ မပျော်ရွှင်ရဘူးလို့ပြောနေတာမဟုတ်ပါဘူး အီးဒ်နေ့မှာဖြစ်စေ ဘယ်အခြေနေမျိုးမှာမဆို ကျွန်​တော်တို့ဟာ သာသနာတော်ကိုကျောခိုင်းပြီး ဘောင်အပြင်ကို မရောက်သွားဖို့လိုအပ်ပါတယ်။

အီးဒ်နေ့မှာ ရေချိုးခြင်း တတ်နိုင်သလောက်လေး အဝတ်အစားအသစ်ဝတ်ဆင်ခြင်း အမွှေးအကြိုင်လိမ်းခြင်း စွံပလွန်သီးဖြစ်စေ အချိုဖြစ်စေ စားသုံးခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။ 

အီးဒ်အတွက် ပြင်ဆင်မှုတွေလုပ်နေရင်း သူဆင်းရဲများ အိမ်နီးချင်းများကိုလည်း အထူးအလေးပေးဆက်ဆံပါ။ ရမ်ဇာန်မှာ ပြုလုပ်တဲ့ သာမာန်ကောင်းမှုဟာကြီးမားတဲ့စဝါးဗ်ဖြစ်သလို ဒီလိုနေ့ရက်မျိုးမှာ သုံးစွဲမှုပြုခြင်း အလှူဒါနလုပ်ခြင်းဟာ သိပ်ကြီးမားတဲ့ကောင်းမှုပါပဲ။

ဒါကြောင့် ပျော်ရွှင်စရာနေ့ရက်မှာ မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးဖြတ်သန်းရင်း ရှရီအသ်ဘောင်အတွင်းကနေပဲ ကုန်ဆုံးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Mufti Bashirullah

မိမိတို့ရဲ့ မိတ်ဆွေများအတွက် အကျိုးရှိစေဖို့ Shareပြီးမျှဝေပေးနိုင်ပါတယ်။

No comments:

Post a Comment

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...