Monday 11 June 2018

မုတ်ဆိတ်မွေးထားခြင်းက ကျန်းမာရေးကို ပိုကောင်းစေပြီး ဆွဲဆောင်မှုလည်း ပိုရှိစေနိုင်

မုတ်ဆိတ်မွေးတွေကြောင့် လူတစ်ယောက်ရဲ့ ရုပ်အသွင် လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။ တချို့အမျိုးသားများက သိသာတဲ့ပြောင်းလဲမှု တစ်ခုခုလုပ်ချင်တဲ့အခါ မုတ်ဆိတ်မွေးကို အရှည်ထားလိုက်ကြပါတယ်။မုတ်ဆိတ်ပေါက်တာ ရှောင်လွဲလို့ မရနိုင်ပါ။ တစ်နေ့ထက်တစ်နေ့ ပိုပိုများလာသလို ထင်ရပြီး အမျိုးသားတွေရဲ့မျက်နှာကိုလည်း လျင်မြန်စွာ ဖုံးအုပ်လာကြပါတယ်။ ဒါပေမယ့် မုတ်ဆိတ်မွေးထားရှိခြင်းကြောင့် ရရှိတဲ့ အကျိုးမြတ်များစွာ ရှိပါတယ်။

၁။ ကင်ဆာရောဂါကာကွယ်နိုင်

ထူနေတဲ့ မုတ်ဆိတ်မွေးများက လူကို ပိုကြည့်ကောင်းစေပြီး ပို၍လည်း ကျန်းမာစေနိုင်ကြောင်း Southern Queensland တက္ကသိုလ်မှ သုတေသီများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယင်းသုတေသနပညာရှင်များက မုတ်ဆိတ်မွေးရှိတဲ့ လူပုံစံ အရုပ် တစ်အုပ်စုနဲ့ မုတ်ဆိတ်မွေးမရှိတဲ့ လူပုံစံ အရုပ်တွေကို နေပူကြဲကြဲထဲ ထားလိုက်ပါတယ်။နေရောင်ခြည်ဖြာထွက်မှုပမာဏ စစ်ဆေးကြည့်တဲ့အခါ အဲဒီလူပုံစံ အရုပ်များရဲ့ မျက်နှာများမှ အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု ၉၀% ကနေ ၉၅% ထိ ဟန့်တားခဲ့ကြောင်း အံ့သြဖွယ် တွေ့ရှိခဲ့တယ်။

၂။ အိုမင်းရင့်ရော်မှု နှေးကွေးစေ

ပါးသိုင်းမွေးက မျက်နှာကို အစိုဓာတ်ရှိနေအောင် ထိန်းသိမ်းပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုနှစ်ဆလျော့နည်းစေခြင်းကလည်း အသားရေးတွန့်တွခြင်းနဲ့ အရေပြားပျက်စီးမှု လျော့နည်းစေတဲ့ သဘောဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ မုတ်ဆိတ်မွေးတွေက ယောက်ျားတစ်ယောက်ကို ရုပ်ရည်အိုမင်းရင်ရော် စေပါတယ်။

၃။ ရောဂါကူးစက်မှု လျော့နည်းစေ

မုတ်ဆိတ်မွေးမရိတ်ဘူးဆိုရင် အသစ်လည်းထပ်မပေါက်ပါဘူး၊ ဘက်တီးရီးယားကူးစက်မှုလည်း မရှိ နောက်ပြီး မွေးညင်းပေါက်တွေလည်း အထိမခံတော့ဘူးပေါ့။

၎။ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ ဖယ်ထုတ်ပေး

နှာခေါင်းမှာလို ပါးသိုင်းမွေးတွေဟာ ကြားခံစစ်ထုတ်ပေးတဲ့ ကိရိယာတစ်ခုအဖြစ်ရှိနေပြီး ဝတ်မှုံ၊ ဖုန်မှုန့်စတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဟန့်တားပေးပါတယ်။

၅။ အအေးမမိအောင် ကာကွယ်ပေးမုတ်ဆိတ်မွေးတွေက နွေးထွေးမှုရစေပါတယ်။ ပိုအေးတဲ့ ရာသီဥတုအခြေအနေမှာ ခုခံကာကွယ်ပေးထားပါတယ်။

မိုဟာမ္မဒ် အီလီယာစ်ဘိုင်

No comments:

Post a Comment

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...