Saturday 19 May 2018

သဟဂ်ျဂျွဒ် နမာဇ် အကြောင်း

(၁)   ည အိပ်ရာဝင် ချိန်တွင် “သဟဂ်ျဂျွဒ် နမာဇ်”
ဝတ်ပြုရန် (နီယသ်) ရည်စူးချက် ထားရှိ ရမည်။
အကြောင်း သော်ကား ညဦးပိုင်း
နီယသ် ပြုထား ခြင်းကြောင့် ညဘက် မနိုး ခဲ့ပါက
လည်း နမာဇ် ၏ အကျိုး ကို ရရှိ ပေမည်။

(၂)   သဟဂ်ျဂျွဒ် နမာဇ် ၀တ်ပြုရန် နိုးကြားသည့်
အချိန် ဦးစွာ ပထမ ကျမ်းမြတ် ကုရ်အာန် အာယသ် တော်
တစ်ပိုဒ် (သို့) မတ်စ်နူးန် ဒိုအာ တစ်ပိုဒ် မဆို ရွတ်ဆို ရမည်။

(၃)   သဟဂ်ျဂျွဒ် နမာဇ် ၀တ် မပြုမီ
အလျင် မိစ်ဝါးက် လုပ်ရမည်။

(၄)   သဟဂ်ျဂျွဒ် နမာဇ် ပထမ နှစ် ရကသ် ကို
စူရဟ် တိုတို ဖြင့် ပေါ့ပေါ့ ပါးပါး ဖတ် ရမည်။

(၅)   သဟဂ်ျဂျွဒ် နမာဇ် အလျင် သန့်ပြန်သော အ၀တ် ကို
ဝတ်ဆင်ပြီး အမွှေး အကြိုင် လိမ်းခြင်း သည်လည်း
နမာဇ်၏ (အာဒါဗ်) နည်း စနစ် နှင့် ကိုက်ညီ ပေသည်။

(၆)   နာမာဇ် ၀တ်ပြုရန် ရပ်သည့် အချိန် (ခုရှူအ်)
အရှင်မြတ် ဘက်သို့ စိတ် အာရုံ အပြည့် နှင့်
ကြောက်ရွံ့ ရိုကျိုးမှု အပြည့် ဖြင့် နမာဇ် ၀တ်ပြု ရမည်။

(၇)   အကယ်၍ နမာဇ် ၀တ်ပြု နေရင်း အိပ်ချင် စိတ်
လွှမ်းမိုး လာ ပါက အိပ်စက် လိုက် ရမည်။
အဘယ့်ကြောင့် ဆိုသော် အိပ်ချင်စိတ်
လွှမ်းမိုး နေသည့် အချိန် အိပ်ချင် ဇောဖြင့် နှုတ်လျှာ မှ
ဒိုအာ စကားလံုး မ်ား အစား ဗဒ္ဒိုအာ စာလံုး မ်ား
အဖြစ် ပြောင်းလဲ သွား တတ်သည်။

(၈)   သဟဂ်ျဂျွဒ် နမာဇ် အမြဲ ဖတ် နေသူသည်
အကယ်၍ ညဘက် မနိုးကြား ဘဲ လွတ်သွား ပါက
ယင်းအား နေ့ဘက် (ကသွာ) ဖြည့်ခြင်း ဖြင့်
“မွစ်သဟဗ်” ၏ အကျိုးကို ရရှိ ပေသည်။

**သဟဂ်ျဂျွဒ် နမာဇ်၏ မစာအိလ်**

(၁)   သဟဂ်ျဂျွဒ် နမာဇ်သည် အနည်းဆုံး
(၂) ရကအသ် ဖြစ်ပြီး အများဆုံး
(၁၂) ရကအသ် အထိ ၀တ်ပြုနိုင်သည်။

(၂)   အိရှာအ် နမာဇ် ၀တ်ပြုပြီး အချိန်မှ စ၍ ဖဂျရ် နမာဇ်
“အဇာန်” မတိုင်မီ သဟဂ်ျဂျွဒ် အချိန် ဖြစ်သည်။

(၃)   အကြင် သူသည် ည သန်းခေါင်ယံ
အချိန် နိုးကြား နိုင်မည်ဟု မိမိ ကိုယ်ကို စိတ်မချ ရပါက
အိရှာအ် နမာဇ် အပြီး (နဖိလ်) ရည်းစူးချက် ဖြင့်
သဟဂ်ျဂျွဒ် နမာဇ် ၀တ်ပြု နိုင်သည်။

(၄)   သို့သော် လည်း သဟဂ်ျဂျွဒ် နမာဇ် အတွက်
အထူး မြတ်ဆုံး အချိန်ကား ညသန်းခေါင် ကျော်
အချိန် (သို့ မဟုတ်) ည၏ သုံးပုံ နှစ်ပုံ ကုန်ဆုံးချိန်
နမာဇ် ၀တ်ပြုခြင်း ဖြစ်သည်။

(၅)  အကြင် သူသည် ညဥ့်နက်ပိုင်း သဟဂ်ျဂျွဒ်
နမာဇ် အချိန် နိုးလေ့ နိုးထ ရှိပါက ထိုသူ့
အနေဖြင့် သဟဂ်ျဂျွဒ် နမာဇ်နှင့် တွဲ၍ ၀ိသိရ်
နမာဇ်ကို ၀တ်ပြု ခြင်းက ပို၍ ကောင်း၏။

(၆)   ယင်း နမာဇ် အား (၂) ရကအသ် စီ ၀တ်ပြု နိုင်
သကဲ့သို့ (၄) ရကအသ် စီခွဲ၍ ၀တ်ပြု ပါက ပို၍
ကောင်းမြတ် ပေသည်။

**သဟဂ်ျဂျွဒ် နမာဇ်၏ အကျိုး ထူးများ**

(၁)   သဟဂ်ျဂျွဒ် နမာဇ် ၀တ်ပြုသူ အပေါ် ရှိုင်သွာန်
မိစ္ဆာကောင် ၏ လွှမ်းမိုး နှောက်ယှက် ခြင်းမှ ကင်းဝေ စေသည်။

(၂)   သဟဂ်ျဂျွဒ် နမာဇ် အချိန်သည် ဒိုအာ
ကဗူလ် ဖြစ်သည့် အချိန် ဖြစ်သည်။

(၃)   ကိယာမသ် နေ့တွင် စစ်ကြော မေးမြန်းခြင်း မရှိဘဲ
ဂျန္နသ် သုခဘုံ သို့ ၀င်ရောက် စံမြန်း ရပေမည်။

(၄)   သူတော်စင် သူတော်ကောင်း တို့၏ ကျင့်စဉ် ဖြစ်သည်။

(၅) သဟဂ်ျဂျွဒ် နမာဇ် ၀တ်ပြု သူ၏ ကိုယ် ခန္ဒာ၌
သွေးလည် ပတ်နှုန်း မျှတမှု ရှိပြီး ကျမ်းမာ ရွှင်လန်း စေသည်။

(၆)   သဟဂ်ျဂျွဒ် နမာဇ် ၀တ်ပြု ခြင်းဖြင့် အလ္လာဟ် အရှင်မြတ် ၏
ထံတော် ပါး၌ အဆင့် အတန်း မြင့်မားမှု ကို ဖြစ်စေ ပါသည်။

(၇)   မျက်စိ များကို အမြင် အာရုံ ကောင်းစွာ ဖြစ်ထွန်း စေပါသည်။

(၈)  ၎င်းပြင် ခေါင်းကိုက် ဝေဒနာ နှင့် နှာစေး
ချောင်းဆိုး ဝေဒနာ များမှ လည်း ကင်းဝေစေ ပါသည်။

**သဟဂ်ျဂျွဒ် နမာဇ် ဖတ်၇န် လွယ်ကူ မှုကို ဖြစ်စေ သည့် အကြောင်း ခံများ**

 အိမာမ် ဂဇာလီ (ရဟ်မသွလ်လာဟိ အလိုင်ဟ်)
သခင်က “ညအခါ နမာဇ် ၀တ်ပြု၇န် လွယ်ကူ မှုကို ဖြစ်စေ သည့်
အကြောင်းခံ မှာ အတွင်း အပြင် (နှစ်)ရပ် ရှိကြောင်း”
အမိန့်ရှိ လေသည်။

 *ပထမ အမျိုး အစား - အပြင် ပိုင်း ဆိုင်ရာ အကြောင်းခံ
(၄)ရပ် ရှိပေသည်။ ယင်း တို့မှာ ....
(၁)   အစား အစာ လျှော့ပေါ့ စားခြင်း

 (များမြောင်စွား စားသောက် ခြင်းဖြင့် လူသားအား နှစ်ခြိုက်စွာ အိပ်စက်မှု ကို ဖြစ်စေပြီး ညဘက် နိုးကြား၇န် ခက်ခဲ ပေသည်)။

(၂)   နေ့အခါ ၌ အလွန် ပင်ပန်း နွမ်းနယ်မှု ကို ဖြစ်စေ သည့်
လုပ်ငန်း ဆောင်တာ များမှ ရှောင်ရှားခြင်း။

(ယင်းကြောင့် လည်း ညဘက်တွင် နိုးကြားရန် ခက်ခဲမှု ကို ဖြစ်စေသည်)

(၃)   နေ့ခင်း နေ့လည် စားသောက် ပြီးနောက် “ကိုင်လူလဟ်”
ခေတ္တ အနားယူ အိပ်စက် ခြင်း။

(“ကိုင်လူလဟ်” ကြောင့်လည်း ညဘက်တွင် နိုးကြား မှုကို အထောက် အကူ ဖြစ်စေ ပါသည်။

(၄)   အပြစ် ဒုစရိုက် များမှ ရှောင်ရှား ခြင်း။

 (အပြစ် ဂိုနာဟ် ကျူးလွန်မှု ကြောင့်လည်း နှလုံးသား မာကြော မှုကို ဖြစ်စေပြီး ညဘက် နိုးကြားရန် ခက်ခဲ စေသည်။)

 *ဒုတိယ အမျိုး အစား အတွင်းပိုင်း ဆိုင်ရာ အကြောင်းခံ (၄)ရပ် ရှိပေသည်၊ ယင်းတို့မှာ ...

(၁)   နှလုံးသား အတွင်း ဗိဒ်အသ် ကိစ္စရပ် များနှင့်
လောကီရေး ပူဆွေး သောက များမှ ကင်းရှင်းစွာ ထားခြင်း။

(၂)   အလ္လာဟ် အရှင်မြတ် အား အကြောက်
တရား ကင်းမဲ့ ခြင်းနှင့် အာခိရသ် နှင့် စပ်လျဉ်း ၍ သောက မရှိခြင်း။

 (အဆိုပါ ကိစ္စ ရပ်များ သည်လည်း လူသား ကို ညဘက် နိုးကြားရန် ခက်ခဲမှု ကို ဖြစ်စေ သည်။)

(၃)   ကုရ်အာန် နှင့် ဟဒီးဆ်တော် များတွင် လာရှိသော
သဟဂ်ျဂျွဒ် နမာဇ် ၏ ထူးမြတ်မှု များကို သိရှိပြီး ယင်း အပေါ်
ကျင့်သုံးမှု ပြုရန် ဆန္ဒ ဖြစ်ပေါ် ခြင်း။

 (ဤသို့ အာခိရသ် ၏ အကျိုး စ၀ါးဗ် ကို မျှော်လင့်ခြင်း ဖြင့်လည်း ညဘက် နိုးကြား မှုကို လွယ်ကူ စေသည်၊)

(၄)  သဟဂ်ျဂျွဒ် နမာဇ် ဖတ်ချိန် ကျမ်းမြတ် ကုရ်အာန်
ဖတ်ရွတ် သောအခါ အလ္လာဟ် အရှင်မြတ် နှင့်
စကား စမြည် ပြောဆို ခြင်း ဖြစ်ကြောင်း မှတ်ယူခြင်း။

 (၎င်းဖြင့် လည်း ညဘက် နိုးကြား မှုကို လွယ်ကူ စေပါသည်)

Maung Su Naing
မျှ​ဝေသူ Thu Zar

Al-Arakani

No comments:

Post a Comment

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...