Tuesday 22 May 2018

နီယသ်အတိုင်းဆုံးဖြတ်

   ဟဇရသ် အဗူဟုရိုင်ရဟ် ( ရဒွိ ) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လ ) ထံတော်မှ ကြားခဲ့သည်။ ကိယာမသ်နေ့တွင် ပထမဦးဆုံး ထိုသူများကို ဆန့်ကျင်၍ ဆုံးဖြတ်တော်မူမည်။ ထိုသူများတွင် ရှဟီးဒ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ '' ထိုသူအား အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်သို့ ခေါ်လာစေရာ အလ္လာဟ် ( စွဗ်)  က ထိုသူအပေါ် ကျေးဇူးပြုခဲ့သည်များကို တင်ပြတော်မူမည်။ ထိုအခါ ထိုသူကလည်း မှန်ကန်ကြောင်း ဝန်ခံတော်မူမည်။ ထို့နောက် အလ္လာဟ် (စွဗ်) က အသင်ဤ ကျေးဇူးတော်များအစား မည်သည့်အလုပ်ကို ပြုကျင့်ခဲ့သနည်းဟု မေးတော်မူရာ ထိုသူက ကျွန်တော်မျိုးသည် အလ္လာဟ် (စွဗ်) ၏ နှစ်သက်မူကို ရရှိရန်အတွက် ဂျိဟာဒ်တွင် ပါဝင်တိုက်ခိုက်ခဲ့ရာ ရှဟီးဒ်အဖြစ်ခံယူခဲ့ပါသည်ဟု ဖြေကြားတော်မူမည်။ ထို့အခါ အလ္လာဟ် (စွဗ်) က အသင်မုသားဆိုသည်။ အသင်သည် လူတို့အမြင်၌ သူရဲကောင်းဟု အမည်တွင်စေရန် အတွက်သာ ဤသို့ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ယခု လူတို့က အသင်ကို သူရဲကောင်းဟု ခေါ်ဆိုခဲ့ကြပြီး။ ထို့နောက် အလ္လာဟ် (စွဗ်) က ထိုသူကို မှောက်လျက် ဒရွတ်တိုက်ဆွဲလျက် ဂျဟန္နမ်သို့ ပစ်ချရန် အမိန့်ရှိတော်မူရာ ဤသို့ပင် ပစ်ခြင်းရလိမ့်မည်။

   ဒုတိယလူမှာ (အာလင်မ်) မိမိကိုယ်တိုင် သာသနာ့ပညာကို သင်ယူခဲ့သည်။ အခြားသူများကိုလည်း သင်ကြားပေးသည်အပြင် ကိုယ်တိုင်လည်း ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ခဲ့သည်။ ထိုသူကို အလ္လာဟ် (စွဗ်) ၏ ရှေ့တော်မှောက်သို့ ခေါ်လာသောအခါ အလ္လာဟ် (စွဗ်) က ထိုသူအပေါ် ချီးမြှင့်ခဲ့သော ကျေးဇူးတော်များကို တင်ပြမည်။ ထိုအခါ ထိုသူကလည်း မှန်ကန်ကြောင်း ဝန်ခံတော်မူမည်။ ထို့နောက် အလ္လာဟ် (စွဗ်) က ကျေးဇူးတော်များအစား မည်သည့်အရာကို အသင်ပြုကျင့်ခဲ့သနည်းဟု မေးမြန်းတော်မူရာ ထိုသူက ကျွန်တော်မျိုး အရှင်နှစ်သက်မူကို ရရှိစေရန်အတွက် ကိုယ်တိုင် ပညာဆည်းပူးခ့ပြီး အခြားသူများကိုလည်း သင်ကြားပို့ချပေးခဲ့ပါသည်။ ထို့အပြင် အရှင်ကျေနပ် နှစ်သက်စေရန် အတွက် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း ဖတ်ရွတ်ခဲ့ပါသည်ဟု ဖြေကြားတော်မူမည်။ ထို့အခါ အရှင်မြတ်က အသင်မုသားဆိုသည် အသင်သည် | မိမိကို အခြားသူများက အာလင်မ်ဟုခေါ်ကြစေရန် အတွက် ပညာဆည်းပူးခဲ့သည်။ ထို့အပြင် လူအများက အသင်ကို ကာရီ  (ကုရ်အာန်ကျမ်းတော်မြတ်ကို ကောင်းမွန်ပီသစွာ ရွတ်ဖတ်တတ်သူ) ဟု ခေါ်ကြရန်အတွက်သာ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်ခ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် လူအများက အသင့်ကို ဤကဲ့သို့ ခေါ်ခဲ့ကြပြီး ထို့နောက် ထိုသူအား ဒရွတ်တိုက်ဆွဲလျက် ဂျဟန္နမ်ထဲသို့ ပစ်ချရန် အလ္လာဟ် (စွဗ်) က အမိန့်ချမှတ်တော်မူသည်ကို ကြားစေတော်မူပြီး ထိုသို့ပစ်ချခြင်း ခံရလိမ့်မည်။

   ၎င်းနောက် တတိယပုဂ္ဂိုလ်မှာ ဤသူဖြစ်သည်။ ထိုသူကို အလ္လာဟ် (စွဗ်) က လောက၌ အမျိုးမျိုးသော စည်းစိမ်ချမ်းသာများဖြင့် ကြွယ်ဝချမ်းသာမူကို ချီးမြှင့်ခဲ့သည်။ ထိုသူကို အလ္လာဟ် (စွဗ်) ရှေ့တော်မှောက်သို့ ခေါ်လာသောအခါ အရှင်မြတ်က ထိုသူ့အား ချီးမြှင့်ခဲ့သော ကျေးဇူးတော်များကို တင်ပြမည်။ ထိုသူကလည်း ဟုတ်မှန်ကြောင်း ဝန်ခံလျှောက်ထားတော်မူမည်။ ထိုအခါ အလ္လာဟ် (စွဗ်) က အသင် ဤကျေးဇူးတော်များအစား မည်သို့ပြုမူ ကျင့်သုံးခဲ့သနည်းဟု မေးမြန်းတော်မူရာ ထိုသူက အလ္လာဟ် (စွဗ်) နှစ်သက်တော်မူသော လမ်းတွင် သုံးစွဲခဲ့ပါသည်။ အလ္လာဟ် (စွဗ်) ချီးမြှင့်ထားသော စည်းစိမ်အားလုံးကို အလ္လာဟ် (စွဗ်) နှစ်သက်စေရန် အတွက်သာ အသုံးပြုခဲ့ပါသည်ဟု လျှောက်ထားသည်။ ထိုအခါ အလ္လာဟ် (စွဗ်) က အသင် မုသားဆိုနေသည် အသင်သည် လူတို့က အသင့်အား ရက်ရောသူ - အလှူဒါနပြုသူဟု အခေါ်ခံစေရန် သုံးစွဲခဲ့သည်။ ထို့ကြောင့်ပင် လူတို့က အသင့်ကို အလွန်ရက်ရောသူ - ပေးကမ်းလှူဒါန်းသူဟု ခေါ်ဝေါ်ကြပြီး ထို့နောက် အလ္လာဟ် (စွဗ်) က ထိုသူအား ဒရွတ်တိုက်ဆွဲ၍ ဂျဟန္နမ်ထဲသို့ ပစ်ချရန် အမိန့်ကိုကြာစေပြီး ထို့သိုပင် ပစ်ချခြင်းခံရလိမ့်မည်။

( မွတ်စ်လင်မ်ကျမ်း )

1 comment:

  1. Facebook Official Page ရှိပါတယ်။

    @alarakaniofficial

    ReplyDelete

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...