Saturday 23 March 2019

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု
~~~~~~~~~~~~~~~~~~~~~

ဟဇရသ်မုအားဇ် အိဗ်နေ့ဂျဗလ် { ရသွေ့ } ဆင့်ပြန်ခဲ့သည်-တမန်တော်မြတ်{ဆွ}မိန့်ကြားတော်မူသည်မှာ-

ကိယာမသ်နေ့တွင် ငါ၏ အွမ္မသ် သည် ဟရှရ်ကွင်းပြင်၌ အုပ်စု {12}စုခွဲ၍ ရှင်ပြန်ထကြရမည်။

1 ။ ပထမအုပ်စုသည်ကဗရ်သင်္ချိုင်း အတွင်းမှ ခြေလက်မပါဘဲ ရှင်ပြန်ထကြရမည်။

{ ဤအုပ်စုသည် မိမိအိမ်နီးချင်းများကို အစဉ် ဒုက္ခပေးသူများဖြစ်ကြပေသည်။

2 ။ ဒုတိယအုပ်စုသည်ဟရှရ်ကွင်းပြင်၌
ဝက်ရုပ် သဏ္ဍာန်ဖြင့် ရောက်ရှိလာပေမည်။

{ ဤသူတို့သည် နမားဇ် မဖတ်ဘဲ
ပျင်းရိသူများ ဖြစ်ကြပေသည်။

3 ။ တတိယအုပ်စုသည် ၎င်းသူတို့၏ဗိုက်များသည် တောင်များ ပမာ မို့မောက်စွာပူနေကြပြီး ဗိုက်ထဲ၌လည်း မြွေနှင့်ကင်းမှီးကောက်များဖြင့် ပြည့်နှက်နေမည်။

{ဤအုပ်စုသည် ဇကားသ် တာဝန်
မကျေပွန်သူများဖြစ်ကြပေသည်။

4 ။ စတုတ္ထအုပ်စုသည် ပါးစပ်မှ သွေးများလျှံကျကာ သင်္ချိုင်းမှ ပြန်ထလာကြမည်။

{ဤအုပ်စုသည် ဒွန္နယာ၌ ရှိစဉ်အခါက အလ္လာဟ်အရှင်မြတ်၏ကတိတော်အား အလွဲသုံးစား ပြုသူများ ဖြစ်ကြသည်။ တစ်နည်း ဒီးန်သာသနာတော်၌ အလွဲသုံးစား ပြုသူများ ဖြစ်ကြပေသည်။

 5 ။ ပဉ္စမအုပ်စုသည် ကဗရ်အတွင်းမှ ဤပုံစံဖြင့် ထလာကြမည်။ ၎င်းတို့ခန္ဓာကိုယ်တစ်ခုလုံးဖောရောင် နေပြီး အပုပ်နံ့များထွက်နေမည်။

{ ဤသူတို့သည်အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်းမရှိကြဘဲ လူသားများ မြင်တွေ့မည်ကို စိုးရိမ်ပြီး တိတ်တိတ်ပုန်းဂုနာဟ်​အကုသိုလ် ကျူးလွန်သူများ ဖြစ်ကြပေသည်။

6 ။ ဆဌမအုပ်စုသည် လည်ပင်းများပြတ်၍ကဗရ် ကဗရ်သင်္ချိုင်းအတွင်းမှ ထွက်လာကြမည်။

{ ဤသူတို့သည် ဒွန္နယာလောက၌ လိမ်လည်၍ သက်သေပေးသူများ ဖြစ်ကြပေသည်။

7 ။ သတ္တမအုပ်စုသည် ပါးစပ်နှင့် လျှာများ မပါရှိဘဲ သင်္ချိုင်းတွင်းမှ ထွက်လာကြမည်

{ဤသူတို့သည် အမှန်ကိုသိလျှက်နှင့် သက်သေ မပေးသူများ ဖြစ်ကြပေသည်။

8 ။ အဋ္ဌမအုပ်စုသည် ဝမ်းလျားမှောက်၍ ကဗရ် အတွင်းမှ ရှင်ပြန်စုရုံးခြင်း ခံရပေမည်။

{ဤသူတို့သည်ကား ဇေနာ ကာမေသုမိစ္ဆာ ကျူးလွန်ခဲ့ပြီး { သောင်ဗာဟ် } မပြုလုပ်ဘဲ ကွယ်လွန်ခဲ့သူများ ဖြစ်ကြပေသည်။

9 ။ နဝမအုပ်စုသည် မျက်နှာအမဲ-မျက်လုံးအပြာရောင် ကြောက်မက်ဖွယ်ရုပ်ဆင်းသဏ္ဍာန်ဖြင့် ရှင်ပြန်ထရမည်ဖြစ်ပြီး ၎င်းတို့၏ ဝမ်းဗိုက် အတွင်းမှလည်း မီးတောက်များ တောက်လောင် လျှံထွက်နေမည်။

{ ဤသူတို့သည်ကား ယသီးမ် မိဘမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများအား မတရားသဖြင့် စားသုံး ခဲ့သူများ ဖြစ်ကြ၏။

10 ။ ဒသမအုပ်စုသည် နူနာရောဂါသည် ပုံစံဖြင့် ကဗရ်အတွင်းမှ ရှင်ပြန်ထလာကြမည်။

{ဤသူများသည် မိဘနှစ်ပါးအား စိတ်ငြိုငြင် အောင်ပြုသူ ၊ ၎င်းတို့၏ အမိန့်စကားကို ဖီဆန် ဆန့်ကျင်သူများဖြစ်ကြပေသည်။

11 ။ အုပ်စုတစ်စု ဤသို့လည်းရှိပေဦးမည်။ ၎င်းတို့ သည်အကန်းဘဝဖြင့် ရှင်ပြန်ထကြရမည်,, ထိုသူတို့၏ သွားများသည် နွားချိုပမာရှိကြပြီး နှုတ်ခမ်းများမှာ တွဲကျနေမည်,, ဝမ်းဗိုက်အတွင်း မှလည်း အပုပ်အစပ်များ ထွက်ကျနေမည်။

{ဤအုပ်စုသည် လောက၌ရှိစဉ်က အရက်သေစာ သောက်စားသူများ ဖြစ်ကြပေသည်။

12 ။ အုပ်စုတစ်စု၏ မျက်နှာများမှာ လပြည့်ဝန်းပမာလင်းဝင်းလျက်ရှိကြပြီး ကဗရ်သင်္ချိုင်းအတွင်းမှ ရှင်ပြန်ထလာကြမည်..၎င်းပြင် ပွလ်စွေရာသ် တံတားကို လျှပ်စီးပျက်သကဲ့သို့ တစ်ဖက်ကို လျှင်မြန်သောအဟုန်ဖြင့် ရောက်ရှိသွားကြမည်။

ဤသူတို့သည်သာလျှင် နမားဇ်အား အစဉ်တစိုက် ဝတ်ပြုသူများ ဖြစ်ကြပြီး ဒုစရိုက်အပေါင်းမှ ရှောင်ကြဉ်သူများ ဖြစ်ကြသည်- ၎င်းတို့၏ နောက်ဆုံးနိဂုံးသည် သောင်ဗာဟ် အမှား ဝန်ခံမှု့ဖြင့် အဆုံးသတ်ခဲ့ပြီး ဂျန္နသ်သုခဘုံ၌ စံမြန်းရမည့် သူများ ဖြစ်ကြပေသည်။
↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕↕

يَو مَ يُنفَخُ فِي ا لصُّورِ فَتاتُو نَ اَفوَا جًا

အဓိပ္ပါယ် <> အလိုသဘောမှာ ထိုနေ့ဝယ် စူးရ်ခရာ မှုတ်ခြင်းခံရပေမည်။
သို့ဖြင့် အသင်တို့သည် အုပ်စုအလိုက် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်လာရောက်ကြရကုန်အံ့
{ကုရ်အာန် }

ယာအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့အား အုပ်စုကြီး {11}စုရဲ့ဂုနာဟ်များမှ ရှောင်ရှားနိုင်တဲ့ သောင်ဝ်ဖိက် ချီးမြှင့်ပေးသနာတော်မူပါ'''၎င်းနောက် နောက်ဆုံး အုပ်စုဝင်အဖြင့် စရင်းသွင်းပေးသနားတော်မူပါ။

محمداشرف علي##@

အစဉ်အမြဲလေးစားလျှက်ပါ
Al-Arakani
#Copy

Sunday 28 October 2018

မှန်​ကန်​ခြင်းသည်​ အင်​အား မုအ်​မင်​န်​သည်​ လူလိမ်​မဖြစ်

 < အမှန်​တရား၏ အင်​အား >

(၁) ဖြစ်​ရပ်​မှန်

♨   ဘဂ္ဂဒက်​မြို့ နန်းတွင်းသို့ အဖွားအို တစ်​ဦး​ ​ရောက်​ရှိလာပြီး ခလီဖာ မာမူန်​ရရှီဒ်​အား `ကျွန်​မသည်​ ဆင်းရဲ နွမ်းပါး ပါသည်​။ ​မြေကွက်​ တစ်​ကွက်​ရှိရာ ၎င်းကို မတရား ညှင်းဆဲသူ တစ်​ဦးက လုယူထားပါသည်​။ အကြိမ်​ကြိမ်​ တိုင်​တန်း​သော်​လည်း မည်​သူမှ နား​မ​ထောင်​ပါ´ ဟု​ ​လျှောက်​သည်​။ ထိုအခါ ခလီဖာက "မတရားယူထားသူမှာ မည်​သူနည်း"ဟု​ ​မေးရာ အဖွားအိုက လက်​ဖြင့်​ ညွှန်​ပြရာ မာမူန်​ရရှီဒ်​၏သား အဗ္ဗာစ်​ ဖြစ်​​နေ​လေသည်​။
   ခလီဖာသည်​ ဝန်​ကြီးမှ တစ်​ဆင့်​ အဗ္ဗာစ်​ကို​ ​ခေါ်ခိုင်းပြီး အဖွားအိုနှင့်​ အတူ ရပ်​​စေ၏။ တဖန်​ ခလီဖာက တစ်​ဦးချင်းစီ တင်​ပြကြရန်​​ ​ပြောရာ အဗ္ဗာစ်​သည်​ တိုးတိုး​ ​ဖြေး​ဖြေးသာ​ ​ပြော​နေ​သော်​လည်း အဖွားအိုက ကျယ်​​လောင်​စွာ တင်​ပြ​နေ၏။
   ဝန်​ကြီးက အဖွားအိုအား တိုးတိုး​ပြောပါရန်​၊ ခလီဖာ​ရှေ့ ကျယ်​ကျယ်​​ ​ပြောပါက မရို​သေရာ​ ​ရောက်​မည်​ဟု ဆို၏။
    ခလီဖာက သူမကို​ ​ပြောခွင့်​ပြုပါ။ အမှန်​​ ​ပြော​နေသဖြင့်​ အသံက​တော့ ကျယ်​​နေမည်​ဖြစ်​သည်​။ အဗ္ဗာစ်​က လိမ်​​ပြော​နေသဖြင့်​ ဆွံ့အ​ ​နေပါသည်​ ခလီဖာက အဖွားအိုဘက်​မှ ဆုံးဖြတ်​​ ​ပေးလိုက်​သည်​။
   အမှန်​သည်​ အင်​အားဖြစ်​သည်​။ မှန်​ကန်​သူြ​ဖစ်​​သော​ကြောင့်​ ရဲရဲဝံ့ဝံ့ မတွန့်​ မဆုတ်​ ​ပြောသည်​ ​ပြောသမျှ စကားတွင်​ အတိမ်းအ​စောင်း မရှိဘဲ ထစ်​​ငေါ့ခြင်းလည်း မရှိပါ။ မုသား​ပြောလျှင်​ နှုတ်​ပါးစပ်​ပင်​ မရှိ​တော့သည့်​ အတိုင်း ရပ်​တန့်​ နှုတ်​ပိတ်​သွားပါသည်​။
   အုပ်​ချူ ပ်​သူ​ရှေ့တွင်​ နန်းတွင်း​ဈေးဆိုသည်​ ရှိပါသည်​။ ဤ​နေရာတွင်​ အ​ရောင်းသွက်​​သော ပစ္စည်းကို တင်​ကြသည်​ ခလီဖာ​ကောင်းလျှင်​ ဝန်​ကြီး​တွေ ကလည်း​ ​ကောင်းမူကိုသာ တင်​လာကြမည်​၊ ခလီဖာ မ​ကောင်းလျှင်​ မ​ကောင်းသည့်​ မူကိုသာ သွင်းလာကြမည်​။
   အမှန်​လိုလားသူသည်​ အမှန်​ကိုသာ ဆိုသည်​။ ဓားရိပ်​​ ​အောက်​တွင်​လည်း အမှန်​ကိုသာ​ပြောမည်​။ အသက်​ပင်​​ ​ပျောက်​ပါ​စေ ၎င်းတို့၏ နှုတ်​လျှာ​ပေါ်တွင်​ အမှန်​ကို ဆန့်​ကျင်​သည့်​စကား​ ​ပြော မထွက်​ပါ။

(၂) မှန်​ကန်​ခြင်းအမျိုးအစားများ။

♡  အ​ပြောမှန်​ခြင်း၊

♡  နီယသ်​ ရည်​စူးချက်​ မှန်​ခြင်း၊

♡  ဆုံးဖြတ်​ချက်​ မှန်​ခြင်း၊

♡  ဦးတည်​ချက်​ ပြည့်​ဝ​ရေးတွင်​ မှန်​ကန်​မှု ရှိခြင်း၊

♡ အမလ်​အားဖြင့်​ မှန်​ကန်​ခြင်း၊

♡  ဒီးန်​၏ ကဏ္ဍတိုင်းတွင်​ မှန်​ကန်​ခြင်း၊

♡  အချူ ပ်အားဖြင့် ​​ဆိုရ​သော်​ ​ရွှေနှုတ်​နှလုံးနှင့်​ လုပ်​ရပ်​ဟူသမျှ မှန်​ကန်​ပါ​စေ။

{ မွအ်​မင်​န်​သည်​ လူလိမ်​မဖြစ်​နိုင်​ }

❦  မွအ်​မင်​န်​သည်​ ဘာမဆိုဖြစ်​နိုင်​၏။ သို့​သော်​ မုသား​ပြောသူ၊ စရိုက်​ပျက်​သူ မဖြစ်​နိုင်​။
               (မွပ်​စ်​နဒ်​အဟ်​မဒ်​)

❦  လိမ်​ညာသူသည်​ အီမာန်​၏ အနံ့အသက်​ကိုပင်​ မရ​သေး​ပေ။

❦  စွဟာဗီတစ်​ပါးက "မွတ်​စ်​လင်​မ်​ဆိုသည်​ သူရဲ​ဘော​ကြောင်​သူ (​ကြောက်​လန့်​သူ) ဖြစ်​နိုင်​မည်​လား"ဟု​ ​မေးရာ တမန်​​တော်​မြတ်​(ဆွ)က "ဖြစ်​တတ်​ပါသည်​"ဟု​ ​ဖြေကြားသည်​။ ၎င်းက တဖန်​ "နှ​မျောတွန့်​တိုသူ ဖြစ်​တတ်​ပါသလား"ဟု​ ​မေးရာ တမန်​​တော်​မြတ်​(ဆွ)က "ဖြစ်​တတ်​ပါသည်​"ဟု​ ​ဖြေကြားသည်​။ ၎င်းက တဖန်​ "လူလိမ်​လူညာ ဖြတ်​တတ်​ပါသလား" ဟု​မေးရာ တမန်​​တော်မြတ်​​(ဆွ)က "မဖြစ်​နိုင်​" ဟု​ဖြေသည်​။

❦  မွတ်​စ်​လင်​မ်​သည်​ လူလိမ်​လူညာ မဖြစ်​နိုင်​ပါ။ အလွန်​စက်​ဆုတ်​ဖွယ်​ အကျင့်​ဆိုးသည်​ အီမာန်​နှင့်​ မတွဲနိုင်​ပါ။ ​စေးနဲခြင်း၊​ ​ကြောက်​လန့်​ခြင်းသည်​ သဘာဝ အ​လျှောက်​ ဖြစ်​တတ်​ပါသည်​။ သို့​သော်​ အီမာန်​နှင့်​ မုသားသည်​ မ​ပေါင်းစပ်​နိုင်​ပါ။
         (မုအသ်​သွာမာလစ်​က်​)

❦  "မှန်​ကန်​ခြင်းသည်​ အီမာန်​၏ အ​ထောက်​အထား ဖြစ်​၍ မုသား​ပြောခြင်းသည်​ မုနာဖိက်​ဖြစ်​ခြင်း၏ လက္ခဏာ ဖြစ်​သည်​"ဟူ၍ စူရဟ်​အဟ်​ဇာဗ်​တွင်​​ ​ဖော်​ပြထားပါသည်​။

❦  "စိတ်ထဲတွင် တစ်မျိုး၊ နှုတ်ပေါ်တွင် တစ်မျိုး၊ ပါးစပ်တွင် အီမာန်ကို မချ၊၊ ကြွေးကြော်နေသည်။ စိတ်ထဲတွင် ကွဖ်ရ်ကို မွေးထားသည်။ အရှင်မြတ်က မုနာဖိက်သည် လူလိမ်ဖြစ်သည်။ ၎င်းတို့သည် မုသား ကစမ်ကျိန်ပြီး ပြစ်ဒဏ် သင့်ခြင်းမှ ကာကွယ်ကြ၏။ ကျိန်ဆိုခြင်းကို ဒိုင်းသဖွယ် အသုံးပြုသည်။ အလ္လာဟ့်ထံ ရောက်မည့်လမ်းကို ပိတ်ဆို့ တတ်ကြသည်။၎င်းတို့၏
လုပ်ရပ်သည်ပင် အလွန်ဆိုးရွားသည်"ဟု မိန့်တော်မူ သည်။

❦  ဟဒီးဆ်တော်တစ်ရပ် လာရှိပါသည်။ အမှန်တရားကို ဆုတ်ကိုင်ကြ၊ အမှန်သည် ကောင်းရာကို ညွှန်​သည်​။ ကောင်းမှုသည် ဂျန္နသ်သို့ ပို့ဆောင်သည်။ အမှန်တရား အပေါ် ဆွဲမြဲသွားပြီဆိုလျှင် ဆစ်ဒီးက် အဆင့်ကို ရရှိပြီး ဆစ်ဒီကီးန်အုပ်စုတွင် ရေးမှတ်ခြင်းခံရမည်။ လိမ်ညာ ခြင်းကို ​ရှောင်ကျဉ်ပါ။ လိမ်ညာခြင်းသည် မကောင်းမှု ကို လမ်းညွှန်သည်။ မကောင်းမှုသည် ဂျဟန္နမ်သို့ ပို့ဆောင်သည်။ မုသားပြောမိရာမှ တဖြေးဖြေး လူလိမ်ကြီး ဖြစ်သွားလျှင် အရှင်မြတ်ထံတော်၌ ကဇ်ဇာဗီနီန်းတွင် ရေးမှတ်ခြင်းခံရမည်။

❦  လူမှန်သည် စိတ်တည်ငြိမ်၏။ မုသားဝါဒီသည် မတည်ငြိမ်ဘဲ စိတ်လှုပ်ရှားလျှက်ရှိသည်။ လူမှန်သည် (သို့) ဖြောင့်မတ် မှန်ကန်သူသည် အမှန်ပြောနေမှ စိတ်ချမ်းသာမှုကို ရရှိသည်။ အလွဲအမှားသာ ​ပြောနေလျှင် ပူပင်​သောကနှင့် စိတ်ပူနေရသည်။

 { လိမ်ညာသည့် အကျင့်ဆိုးကို ​ဖျောက်ပါ }

♕  မှန်ကန်သော စကားပြောခြင်းသည် ဂျန္နသီများ၏ အမှတ်အ​သား လက္ခဏာဖြစ်သည်။ (ဟဒီးဆ်တော်)

♕  မွအ်မင်န်သည် လူလိမ်မဖြစ်နိုင်ပါ။

♕  အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်၏ အချစ်ကို လိုချင်သူသည်​ အမြဲမှန်ကန်သော စကားကို ပြောရမည်။

♕  လိမ်ညာ မုသား ​ပြောသူ၏ အညှီအဟောက် အဘယ်မျှ နံစော်သည် ဟူမူ မလာအိကဟ်များသည် ၎င်းမှ(၁)မိုင် အကွာသို့ ဝေးဝေးရှောင်သွားကြသည်။

♕  လိမ်ညာသူများအပေါ် အရှင်မြတ်၏ လအ်နသ် ကျရောက်​သည်။

 { မကောင်းသည့် အကျင့် (၄)ခုရှိသူ တစ်ဦး }

  ရီဝါယသ် တစ်ရပ် လာရှိသည်။ ပုဂ္ဂိုလ်တစ်ဦးသည် "ယာရစူလ်လွလ္လာ၊ ကျွန်တော့တွင် မကောင်းသည့် အကျင့် (၄)ရပ် ရှိပါသည်။ ​ထိုအကျင့် (၄)ရပ်မှာ မကောင်းသည့် ဗန္ဓာဟ်၊ သူခိုး၊ အရက်သမား၊ မုသား လိမ်ပြောခြင်း ဖြစ်သည်။" "ဦးစွာ တစ်ချက်ကို လွှတ်ရန်​ ​ပြောပါ" " ကိုယ်တော့်အတွက် လွှတ်လိုက်ပါမည်"ဟု ​ပြောသဖြင့်​ တမန်​​တော်​မြတ်​(ဆွ)က "အသင်လိမ် မပြောနှင့်ဟု" မိန့်၏။၎င်းက ကတိပြု၍ ထွက်လာခဲ့သည်။
   ညအမှောင် ကျလာသော အခါ အရက်သောက်ချင် လာ၏။ မကောင်းမှု တစ်စုံတစ်ရာ လုပ်ရန် ဆန္ဒဖြစ်​ပေါ်လာသည်။ သို့သော် နောက်တစ်ေ​န့ မနက်တွင် တမန်တော်မြတ် (ဆွ)က "အသင်ညက အရက် သောက်သေးလား၊ မကောင်းမှုလုပ်သေးလား"ဟု ​မေးလျှင်​ မည်ကဲ့သို့ ဖြေရပါမည်နည်း။ "ဟုတ်ကဲ့"ဟု ပြောလျှင် အရက်နှင့် ဇေနာအတွက် ကြိမ်ဒဏ်ရိုက်ခံ ရမည်။ "မလုပ်ဘူး" ဟုပြောလျှင် လိမ်ပြောရာ ကတိဖျက်ရာ ရောက်မည်။
  သို့ရှိရာ အရက်နှင့် ​ဇေနာကို လွှတ်လိုက်သည်။ ညဥ့်နက် လာသော် ခိုးရန် ဆန္ဒဖြစ်ပေါ်လာပြန်သည်။ မနက်​ဖြန်​ တမန်​​တော်​မြတ်​(ဆွ) ​မေးလျှင်​ အမှန်အတိုင်း ပြောရမည်။ အပြစ်ပေးခံရမည်။ မခိုးပါဟုပြောလျှင် လိမ်ရာရောက်မည်။
  နောက်တစ်နေ့တွင် တမန်တော်မြတ်(ဆွ)ထံ ခစား၍ ယာရစူလွလ္လာဟ်၊ လိမ်ညာမပြောရုံဖြင့် ကျွန်တော့် မ​ကောင်းမှုများမှ ကာကွယ် ထိန်းသိမ်းခွင့် ရရှိသွားပါပြီဟု လျှောက်တင်လေသည်။
  မှတ်သားထားပါ။ အမှန်ပြောသော အကျင့်ရှိလျှင် မကောင်းမှုများမှ ရှောင်ကြဉ်ခွင့် ရရှိမည်။ လိမ်ညာပြော​သော စရိုက်က မကောင်းမှု အလုံးစုံကို ဖြန့်ချီရာ ရောက်သည်။
            (စီရာသွန်နဗီအတွဲ၆)

♡  စူရဟ်သောင်ဝ်ဗဟ်တွင် အို အီမာန်ရှင်တို့ အလ္လာဟ် ကိုကြောက်ပါ။ မှန်ကန်သူများနှင့် အတူ နေကြပါ။

♡  ယင်းအာယသ်တော်တွင် ပထမ အချက်သည် သပ်က်ဝါ။ နောက်တစ်ချက်သည် မှန်ကန်တိကျမှု ဖြစ်သည်။ ပထမအချက်သည် ခက်မယောင်နှင့် ဒုတိယအချက်ကို အကောင်အထည် ဖော်လိုက်လျှင် သပ်က်ဝါကို လွယ်ကူစွာ ရရှိနိုင်ပါသည်။

အင်န်ရှာအလ္လာဟ်​ပြန်​ဆုံပါဦးမည်​။
.#.Crd...

Sunday 7 October 2018

အစ္စလာမ်ကို ကြမ်းတမ်းစွာပုံဖေါ်နေမှုများကို မဟာသီ ဝေဖန်

– အစ္စလာမ်သာသနာဟာ အခြားသူတွေကို စောင့်ရှောက်ခိုင်းထားတဲ့ သာသနာဖြစ်ပြီး အိမ်တွေထဲဝင်ရောက်ပြီး အပြစ်မရှိ၊ အပြစ်ရှာတာမျိုးကို အားပေးတဲ့ သာသနာမျိုးမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။

မလေးရှားက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေ ရှိလာရင် အိမ်ထဲ အဓမ္မ ၀င်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ မဟာသီက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မလေးရှားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ကိစ္စတွေကို ထိန်းသိမ်းကြပ်မတ်ဖို့အတွက် ဘာသာရေးစည်းကမ်းထိန်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

“အစ္စလာမ်သာသနာဟာ အလကားနေရင်း လက်တွေ၊ ခေါင်းတွေ ဖြတ်ခိုင်းတဲ့ ကြမ်းကြုတ်တဲ့သာသနာ မဟုတ်ပါဘူး။ ပြစ်ဒဏ်အသေးကနေ အကြီး စသဖြင့် အဆင့်ဆင့်သတ်မှတ်ပေးထားပေမယ့် သူတစ်ပါး အရှက်တကွဲအကျိုးနည်းအောင် လုပ်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါဟာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်ဖက်ပါပဲ” လို့ မဟာသီက ပြောကြားခဲ့ပါတယ်။

အိမ်ထောင်ရေးဖောက်ပြားတာဟာ ကိုယ်ကျင့်သီလဖောက်ဖျက်တာဖြစ်တဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေဟာ ကျူးလွန်သူတွေကို ဖမ်းဆီးကာ ပညာပေးတာ၊ ပြစ်ဒဏ်ပေးတာမျိုးတွေ မလေးရှားမှာ လုပ်ဆောင်လေ့ရှိပါတယ်။

ဒါပေမယ့် နေအိမ်တွေထဲ အဓမ္မ၀င်ရောက်ပြီး ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေအပေါ် ဝေဖန်မှုတွေ ရှိနေပြီး သာသနာရေးရာဝန်ကြီးသစ် ဒါတွတ် ဒေါက်တာ မူဂျာဟစ် ယူဆွဖ် ရာဝါက ဒီလို စီးနင်းမှုတွေကို ရပ်တန့်သွားမယ်လို့ ပြောကြားထားပါတယ်။

မဟာသီက မူဂျာဟစ်ရဲ့မှတ်ချက်ကို ထောက်ခံခဲ့ပြီး အစ္စလာမ်ဟာ လူသားတွေကို ဂရုစိုက်တဲ့ သာသနာဖြစ်ကာ မိမိတို့အစိုးရအနေနဲ့ ခွင့်လွှတ်နားလည်ပေးတဲ့ အစ္စလာမ်ရဲ့ပုံစံကိုသာ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

“သူများတွေကို အပြစ်ရှာ၊ သူများအိမ်တွေထဲ ၀င်ပြီး ဖမ်းဆီးဖို့ အစ္စလာမ်က မသွန်သင်ပါဘူး။ ဒါဟာ အစ္စလာမ်မဟုတ်ပါဘူး”

အောက်တိုဘာ ၇ ၊ ၂၀၁၈
M-Media

Al-Arakani 

Tuesday 2 October 2018

ကောင်းမြတ်သော အမူအကျင့်များဖြင့်သာ အစ္စလာမ်ကို မြှင့်တင်ရမည်ဟု အီရန်သမ္မတပြော

အီရန်သမ္မတ ဟာဆန်ရူဟာနီ
– အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သာသနာကို ကိုယ်ကျင့်တရား၊ ယုံကြည်သက်ဝင်မှု၊ ရိုးသားဖြောင့်မတ်မှုတွေနဲ့ မြှင့်တင်ဖို့လိုတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

ကုလအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်ကိုရောက်ရှိနေတဲ့ ရူဟာနီဟာ အမေရိကန်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ (စက်တင်ဘာ ၂၆၊ ၂၀၁၈) တွေ့ဆုံခဲ့တာပါ။

“အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် လူငယ်တွေကို သွန်သင်ဆုံးမဖို့အတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ အခုအချိန်မှာ လူငယ်တွေဟာ ရန်သူတွေရဲ့ ၀ါဒဖြန့်မှုနဲ့ ပညာမဲ့အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး သူတို့တွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့တာဝန်ဟာ မျိုးဆက်သစ်တွေကို ကူညီဖို့၊ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြဖို့၊ ကောင်းမြတ်တဲ့စကားတွေ၊ အမူအကျင့်တွေနဲ့ အစ္စလာမ်သာသနာကို မြှင့်တင်ဖို့ ဖြစ်ပါတယ်” လို့ ရူဟာနီက ပြောကြားခဲ့ပါတယ်။

ရူဟာနီက အရှေ့အလယ်ပိုင်းမှာ IS နဲ့ al-Nusra Front တို့ အကြမ်းဖက်အဖွဲ့တွေအပေါ် အောင်မြင်မှုရနေတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် ဆီးရီးယားမှာ အခုထက်ပိုပြီး လုံခြုံဖို့လိုတယ်လို့လည်း ဆိုပါတယ်။

IS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်ရဲ့ ငြိမ်းချမ်းတဲ့ပြယုဂ်ကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်ကောင်တွေ ဖြစ်တယ်လို့လည်း အီရန်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“IS က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ လူသတ်တာတစ်ခုတည်း မဟုတ်ပါဘူး။ IS အကြမ်းဖက်သမားတွဟာ ဒေသတွင်းက ပြည်သူတွေအပေါ် ဖိနှိပ်ရုံသာမက၊ အစ္စလာမ်သာသနာကို ယုံကြည်သက်ဝင်နေကြသူတွေရဲ့ ယုံကြည်မှုကိုပါ ပျက်ဆီးသွားအောင် လုပ်နေတာပါ”
စက်တင်ဘာ ၂၆၊ ၂၀၁၈
Ref: Abna24

Saturday 22 September 2018

အာရှူရာနှင့် ပက်သက်၍သိထားသင့်သော ကိစ္စရပ်များ

မုဟရ်ရမ်လဟာ ဟစ်ဂ်ျရီနှစ်ရဲ့ ပထမဆုံးလဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ)သခင်က ဒီလရဲ့ ထွဋ်မြတ်မှုကို မိန့်ခြွေထားပြီး ဒီလမှာရိုဇာထားကြရန်အတွက်လည်း တိုက်တွန်းမှုတွေ ပြုလုပ်ထားပါတယ်။

عن أبي هريرة قال : قال رسول الله ( أفضلُ الصيام بعد رمضان شهرُ الله المحرم ، وأفضلُ الصلاة بعد الفريضة صلاةُ الليل ) وفي رواية: ( الصلاة في جوف الليل ) أخرجه مسلم .
တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ် ရမ်ဇာန်လမြတ်ရဲ့ပြီးနောက် အမွန်မြတ်ဆုံးရိုဇာဟာ မုဟရ်ရမ်လမြတ်ရဲ့ရိုဇာပဲဖြစ်တယ်။ ဖရဇ်နမာဇ်ရဲ့နောက် အမွန်မြတ်ဆုံးနမာဇ်ဟာ ညရဲ့နမာဇ်ပဲဖြစ်တယ်။(မွတ်စ်လင်မ်ကျမ်း)

(အာရှူရာနဲ့ပတ်သက်တဲ့ဆင့်ပြန်ချက်)

ဟဇရသ်အဗူဟူရိုင်ရဟ်(ရသွေ့)က တမန်တော်မြတ်(ဆွ)ထံမှ ဆင့်ပြန်ပါတယ်။ အလ္လာဟ်အရှင်မြတ်သခင်က ဗနီအစ္စရာအီးလ်တို့အပေါ်မှာ မိုဟရ်ရမ်လ ဆယ်ရက်ရဲ့ရိုဇာကို ဖရဇ်တာဝန်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အသင်တို့လည်း အဲ့ဒီရိုဇာကိုထားကြပါ မိမိတို့ရဲ့မိသားစုအပေါ်မှာ ရိုဇီကို ဖောဖောသီသီ သုံးစွဲကြပါ။ အကြင်သူဟာ ထိုနေ့မှာ ဖောဖောသီသီ သုံးစွဲခဲ့ပါက တစ်နှစ်ပတ်လည်လုံး ထိုသူ့အပေါ်မှာ နှစ်ပတ်လည် ရိုဇီရိက္ခာ ကျယ်ဝန်းပေးခြင်းခံရပါလိမ့်မယ်။

[အာရှူရာနေ့၌ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များ]

၁။ ထိုနေ့မှာ အာဒမ်(အလိုင်းဟ်)သခင်ရဲ့ သောင်ဗာကို လက်ခံခြင်းခံခဲ့ရပါတယ်။

၂။ အိဒ်ရိစ်(အလိုင်းဟ်)သခင်ကို မိုးကောင်းကင်သို့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။

၃။ ထိုနေ့မှာ အိဗ်ရာဟိမ်(အလိုင်းဟ်)သခင် မီးထဲမှ လွတ်မြောက်ခဲ့ပါတယ်။

၎။ ထိုနေ့မှာ နူးဟ်(အလိုင်းဟ်)သခင်ရဲ့ သင်္ဘောဟာ လွတ်မြောက်မှုရရှိခဲ့ပါတယ်။

၅။ ထိုနေ့မှာ မူစာ(အလိုင်းဟ်)သခင်ပေါ်သို့ ဝဟီကျရောက်ခဲ့ပါတယ်။

၆။ ထိုနေ့မှာ အိစ်မာအီးလ်(အလိုင်းဟ်)သခင်ရဲ့ ကုရ်ဘာနီကို လက်ခံခြင်းခံခဲ့ရပါတယ်။

၇။ ထိုနေ့မှာ ယူစွဖ်(အလိုင်းဟ်)ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

၈။ ထိုနေ့မှာ ယအ်ကူးဗ်(အလိုင်းဟ်)သခင်ရဲ့မျက်လုံးမှာ အမြင်အာရုံပြန်လည်ရရှိခဲ့ပါတယ်။

၉။ ထိုနေ့မှာ ယူနွတ်စ်(အလိုင်းဟ်)သခင်ဟာ ငါးရဲ့ဝမ်းဗိုက်ထဲကနေ လွတ်မြောက်မှုရရှိခဲ့ပါတယ်။

၁၀။ ထိုနေ့မှာ အိုင်ယူးဗ်(အလိုင်းဟ်)သခင် ရောဂါမှ ပျောက်ကင်းသက်သာမှုရရှိခဲ့ပါတယ်။

၁၁။ ထိုနေ့မှာ မူစာ(အလိုင်းဟ်)သခင် ဗနီအိစ်ရာအီလ်တို့ကို ခေါ်ဆောင်ပြီး ပင်လယ်ကို ဖြတ်ကူးခဲ့ပါတယ်။

၁၂။ ထိုနေ့မှာ တမန်တော်မြတ်(ဆွ)သခင်ရဲ့ ရှေ့ဖြစ်နောက်ဖြစ် အပြစ်ဟူသမျှခွင့်လွှတ်ခံရမှုကို ရရှိခဲ့ပါတယ်။

၁၃။ထိုနေ့မှာရိုဇာဟာ နှစ်၄၀ဂိုနာဟ်များကို ချေဖျက်ပေးပါတယ်။

၁၄။ အလ္လာဟ်အရှင်မြတ်က နေ့များအနက် ထိုအာရှူရာနေ့ကို အရင်ဆုံး ဖန်ဆင်းခဲ့ပါတယ်။

၁၅။ ပထမဆုံးမိုးရွာသွန်းခဲ့တဲ့နေ့ဟာ ထိုနေ့မှာဖြစ်ခဲ့ပါတယ်။

၁၆။ ပထမဦးဆုံးအရှင့်ကရုဏာတော်များကို ထိုနေ့မှာ ချပေးခဲ့ပါတယ်။

၁၇။ အကြင်သူဟာ အာရှူရာနေ့မှာရိုဇာထားခဲ့ပါက တစ်နှစ်ပတ်လုံး ရိုဇာထားသကဲ့သို့ပါပဲ။

၁၈။ အကြင်သူဟာ ထိုညမှာ အေဗာဒသ်လုပ်ခဲ့ပါက ထိုသူဟာ ရှိရှိသမျှသော ဖန်ဆင်းခံခန့်မျှ အေဗာဒသ်လုပ်ခြင်းမည်ပါတယ်။

အာရှူရှာရိုဇာအမိန့်
===========

အာရှူရာနေ့မြတ်ရဲ့ ရိုဇာထားခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။
အာရှူရာရဲ့ရိုဇာကို မိုဟရ်ရမ်လ ၉ရက်နေ့နဲ့ဖြစ်စေ သို့မဟုတ် ၁၁ရက်နေ့နဲ့ဖြစ်စေတွဲပြီး ဆက်တိုက်၂ရက် ရိုဇာထားရပါမယ်။

ယခုနှစ် အာရှူရာနေ့ဟာ  ၂၁. ၉. ၂၀၁၈ သောကြာနေ့မှာကျရောက်တာမို့ ကြာသာပတေးနှင့် သောကြာ (သို့)သောကြာနှင့် စနေ ထိုကဲ့သို့ နှစ်ရက်တွဲကာ ရိုဇာထားရပါမယ်။

(Mufti Bashirullah)
#Cretit

Tuesday 11 September 2018

သွလားက်နှင့် အစ္စလာမ်

 
အစ္စလာမ်သာသနာဟာ မွတ်စ်လင်မ်တိုင်းအတွက်သာမက ကမ္ဘာ့လူသားထုအတွက်ပါ ပြည့်ပြည့်ဝဝ အခွင့်အရေးတွေ ပေးထားပါတယ်။
မွတ်စလင်မ်တိုင်းအတွက် မိမိတို့နဲ့သာ သက်ဆိုင်တဲ့ အရေးကိစ္စတွေရှိပါတယ်။ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူတိုင်းဟာ အစ္စလာမ်​သာသနာက ပြဌာန်းချမှတ်ထားတဲ့ စည်းကမ်း အမိန့်ပညတ်ချက်တိုင်းကို လိုက်နာရန်အရေးကြီးပါတယ်။

အစ္စလာမ်သာသနာမှာ အမျိုးသမီးအတွက်ပြည့်ဝတဲ့ အခွင့်အရေးပေးထားသလို အမျိုးသားအတွက် အမျိုးသားရဲ့လုပ်ပိုင်ခွင့်တွေပေးထားပါတယ်။
အမျိုးသမီးတစ်ယောက်အတွက် နေရာထိုင်ခင်း စားသောက်စရိတ် ဝတ်ဆင်စရိတ်အသုံးဆောင်စရိတ် စတဲ့ အစစအရာရာတိုင်းဟာ ခင်ပွန်းအပေါ်မှာတာဝန်ရှိတာဖြစ်ပြီး အမျိုးသမီးကိုလည်း
အိမ်တစ်ဆောင်မီးတစ်ပြောင် ထားပေးဖို့အထိ တောင်းဆိုနိုင်ဖို့ အခွင့်ရေးတွေ ပြည့်ပြည့်ဝဝပေးထားပါတယ်။ ဒါဟာ တစ်ခြားဘယ်နေရာမှာမတွေ့ရှိနိုင်တဲ့ အစ္စလာမ်သာသနာကပေးထားတဲ့ ပြောင်မြောက်တဲ့အခွင့်အရေးတွေပဲဖြစ်တယ်။

အစ္စလာမ်သာသနာဟာ အချိန်အဆညီမျှမှုရှိပြီး ဘက်မလိုက်တဲ့ သာသနာဖြစ်သည့်အလျောက် မိမိရဲ့ဒေါသနဲ့ အသိဉာဏ်ကို ပိုပြီးထိန်းချုပ်နိုင်တဲ့ အမျိုးသားကိုသာ သွလားက်(ခေါ်)ကွာရှင်းခြင်းအခွင့်အရေးကိုပေးထားပါတယ်။
သို့ပေမယ့်လည်း အမျိုးသားရဲ့ နှိပ်စက်မှု ဖိနှိပ်မှုတွေနဲ့ တခြားသောအကြောင်းအရာတွေ့ကြုံခဲ့ရပါက အမျိုးသမီးဘက်မှ ကွာရှင်းခွင့်တောင်းနိုင်တဲ့အခွင့်အရေးလည်းပြဌာန်းသတ်မှတ်ပေးထားပါသေးတယ်။

သွလာက်ကွာရှင်းပြတ်စဲမှု ပြဌာန်းထားတဲ့အစ္စလာမ်သာသနာဟာ အမျိုးသမီးအား တစ်ကြိမ်တည်း သုံးသွလာက်ပေးပြီး ပြတ်ဆဲခြင်းတိုက်တွန်းထားခြင်းမရှိပါ။ သို့ပေမယ့် ထိုကဲ့သို့ဖြစ်ပျက်ခဲ့ပါကလည်း ထိုအမျိုးသမီးအား သုံးကြိမ်တိတိ ဓမ္မတာဆင်းနေသည့် အချိန်ကာလထိတိုင်အောင် ထောက်​ပံ့ကြေးဆက်လက်ပေးနေရဦးမှာဖြစ်ပြီး သားသမီးများထွန်းကားခဲ့ပါကလည်း အရွယ်ရောက်သည့်တိုင်အောင် ကျွေးမွေးထောက်ပံ့ခြင်းတာဝန်တစ်ရပ်ဟာလည်း ဖခင်ရဲ့တာဝန်သာလျင်ဖြစ်ပါတယ်။  ဒါဟာ အခြားဘာသာမှာတွေ့မြင်နိုင်ခြင်းမရှိတဲ့ အစ္စလာမ်ကပေးထားသော ပြည့်ဝတဲ့ လူသားအခွင့်အရေးပဲဖြစ်တယ်။

‌အမျိုးသားများကိုလည်း သွလားက်ကွာရှင်းပြတ်စဲပုံစံကိုလဲ အစ္စလာမ်က လမ်းညွှန်ပြသထားပါသေးတယ်။ သုံးသွလားက်အဖြစ် သတ်မှတ်ပေးထားခြင်းဟာ သုံးသွလားက်ကို တစ်ကြိမ်ထဲ အသုံးချရန်မဟုတ်ပဲ တစ်ကြိမ်တခါ သွလားက်ကွာရှင်းပြီးသည့်နောက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ဒေါသစိတ်ပြေ၍ပြန်ပေါင်းလိုကြသည့်အခါ တစ်ဖန်ပေါင်းဖက်နိုင်အောင် ချီးမြှင့်ပေးထားသည့် အခွင့်အရေးတစ်ခုလည်းဖြစ်နေပါတယ်။ ဒီအချက်ဟာလည်း မည်သည့် သာသနာ မည့်သည့်ဥပဒေ၌ ပြဌာန်းထားခြင်းမရှိတဲ့ အစ္စလာမ်ကပေးထားသော အခွင့်ရေးတစ်ခုပင်မဟုတ်လား။

ထိုကဲ့သို့လင်မယားခန်းကွားရှင်းပြတ်စဲမှုဟာ လုံးဝ(လုံးဝ) မဖြစ်နိုင်တော့မှသာပြုလုပ်သင့်ပြီး အစ္စလာမ်က တိုက်တွန်းအားပေးမှုမပြုထားသော ကိစ္စရပ်တစ်ခုဖြစ်တယ်။

ဟဒီးစ်တော်တစ်ရပ်မှာလာရှိပါတယ်။

عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ : "أَبْغَضُ الْحَلَالِ إِلَى اللَّهِ تَعَالَى الطَّلَاقُ ".
တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်မှာ…
ပြုပိုင်သည့် ကိစ္စရပ်များတွင် အလ္လာဟ်အရှင်မြတ်သခင် အလွန်ပင်မနှစ်သက်သောအရာသည် သွလားက်ပင်ဖြစ်၏။ (အဗူဒါဝူးဒ်ကျမ်း-ဟဒီးစ် 2178)

အစ္စလာမ်သာသနာဟာ ဇနီးမယားနှင့် အမျိုးသမီးများသာမက လူသားထုအားလုံးအား နှိပ်စက်ညှဉ်းပမ်းမှုမှတားမြစ်သောသာသနာတစ်ခုဖြစ်တယ်ဆိုတာ အားလုံးနားလည်ထားဖို့လိုအပ်ပါတယ်။ ထိုကဲ့သို့ ညှဉ်းပမ်းနှိပ်စက်သူကို ထိုက်တန်တဲ့ပြစ်ဒဏ်ပေးရမှာဖြစ်သလို တမလွန် အာခေရသ်မှာလည်း ထိုသူဟာ အပြစ်ပေးခြင်းကို ခံရမှာဖြစ်ပါတယ်။

(Mufti Bashirullah)

အများလူထု လေ့လာဖတ်ရှုနိုင်အောင် လွတ်လပ်စွာShareပြီး မျှဝေနိုင်ပါတယ်။

                                                             Alhuda

အရက်သေစာကိုတားမြစ်ထားချက်

အရက်သေစာကိုတားမြစ်ထားချက်

အမေး။
အစ္စလာမ်က အရက်သေစာ သောက်သုံးခြင်းကို ဘာကြောင့် ပိတ်ပင်ခဲ့ရ ပါသလဲ။

အဖြေ   ။     ။ဒေါက်တာဇာကိရ်နိုက်(ခ်)

အရက်သေစာဟာ မမှတ်မိလောက်တဲ့ အချိန်ကာလကြီးက တည်းက လူ့အဖွဲ့အစည်းရဲ့ ဘေးအန္တရာယ်ဆိုးကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ မရည်မတွက်နိုင်အောင် လူ့အသက်တွေလဲ ဆုံးရှုံးရ၊ ကမ္ဘာတလွှားမှာ လူသန်းပေါင်းများစွာကို ကြောက်မက်ဖွယ် ဘေးဒုက္ခစုံကိုလဲ ကြုံစေခဲ့ရပါ တယ်။ အရက်သေစာဟာ လူ့အဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ ပြဿနာ အမြောက်အများရဲ့ ရင်းမြစ်အကြောင်းရပ်ပဲ ဖြစ်ပါတယ်။ စာရင်း ဇယားအရ ရာဇဝတ်မှုနှုန်းတွေ တိုးတက်လာတယ်။ စိတ်ဝေဒနာခံစားရ မှုတွေ တဆထက်တဆ များပြားလာတယ်။ အရက်ရဲ့ အဖျက်စွမ်းအား ကြောင့် ကမ္ဘာတလွှားမှာ အိမ်ထောင်တွေလဲ သန်းချီပြီး ပျက်ပြားခဲ့ကြ ရတယ်။

၁။ ကုရ်အာန်မှာ အရက် သေစာကို ပိတ်ပင်ထားချက်
                ကျမ်းမြတ်ကုရ်အာန်မှာ အရက်သေစာ မှီဝဲမှုကို အောက်ပါပါဒတော် အရ ပိတ်ပင်ထားပါတယ်။
“အို... ယုံကြည်သူတို့၊ မူးယစ်သေစာ၊ လောင်းကစား၊ ရုပ်ပွားဆင်းတုများကို ကိုးပြီး ရည်စူးခြင်း၊ မြားဖြင့် ကံစမ်းမှုတို့ကား စက်ဆုတ်ဖွယ်ရာ တစ်ရပ်သာဖြစ်၏။ ရှိုင်တွာန်၏ အပြုအမူပင် ဖြစ်၏။ ယင်းသို့သော စက်ဆုတ်စရာတို့ကို ရှောင်ကျဉ်ကြ ကုန်။ သို့မှသာ အသင်တို့ အောင်မြင်ကြချေအံ့။” [ အလ် ကုရ်အာန်  ၅း ၉၀ ]

၂။ တရား ကာမမှု၊ မုဒိမ်းမှု၊ သွေးရင်းစပ်ယှက် မှုနဲ့ အေအိုင်ဒီအက်စ် ပြဿနာတွေကို ပိုပြီး တွေ့ကြရပါတယ်။
                အမေရိကန်တရားရေးဌာန အမျိုးသားဆိုင်ရာ ရာဇဝတ် မကင်းသော မတရားဖိနှိပ်မှုကို လေ့လာဆန်းစစ်မှု တရားရေးဗြူရိုရဲ့ အဆိုအရ ၁၉၉၆ ခုနှစ် တစ်နှစ်ထဲမှာကို နေ့စဉ် ပျမ်းမျှ မုဒိမ်းမှုပေါင်း ၂၇၁၃ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီစာရင်းဇယားအရပြောတာက မုဒိမ်းသမား အများစုဟာ ရာဇဝတ်မှုကို ကျူးလွန်ကြချိန်မှာ အရက်မူးနေကြတယ်ဆိုတဲ့ အချက်ပါပဲ။ မဟားတရား လုပ်မှုတွေမှာလည်း အလားတူပါပဲ။

                စာရင်းဇယားတွေအရ သွေးရင်းစပ်ယှက်မှုကို ကျူးလွန်ကြတဲ့ အမေရိကန်တွေရဲ့ ၈ ရာခိုင်နှုန်းက ဆိုလိုတာက အမေရိကမှာ လူ ၁၂ ယောက်ကနေ ၁၃ ယောက်အတွင်းမှာ တစ်ဦးချင်းက သွေးရင်းစပ်ယှက်မှု ရှိနေပါတယ်ဆိုတဲ့ သဘောပါပဲ။ ဒီလို သွေးရင်းစပ်ယှက်မှု အားလုံး နီးနီးမှာ ပါဝင်ပတ်သက်သူ တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးက အရက်မူးနေကြလို့ပဲ ဖြစ်ပါတယ်။
                အေအိုင်ဒီအက်စ်ခေါ်တဲ့ ကြောက်စရာ အကောင်းဆုံး ရောဂါဆိုး ကြီး ပြန့်ပွားရတဲ့ အဓိက အကြောင်းရင်းများအနက် တစ်ခုကလဲ အရက် သေစာ စွဲနေလို့ပဲ ဖြစ်နေပါတယ်။

၃။ အရက်စွဲနေသူတိုင်းဟာ အစ ကနဦးမှာတုံးက လူမှုရေးအရ သောက်သူပါပဲ။
                လူအတော်များများကပဲ အရက်ကို သိက္ခာဆယ်တဲ့အနေနဲ့ သူတို့ ကိုယ်သူတို့ လူမှုရေးအရ သောက်သူဆိုပြီး ခေါ်နေကြပါတယ်။ သူတို့က တစ်ပက် နှစ်ပက်လောက်သာ သောက်တာပါ။ ကိုယ့်ကိုယ်ကို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ မမူးဘူးရယ်လို့ ဆိုတတ်ကြ ပါတယ်။ စူးစမ်းလေ့လာ ဆန်းစစ်ချက်များအရ အရက်စွဲနေသူတိုင်းဟာ အစက လူမှုရေးအရ သောက်တာက စစွဲသွားတာရယ်လို့ သိခဲ့ရပါတယ်။ ဘယ် အရက်သမား ဘယ်အရက်စွဲနေသူကမှ စသောက်ကတည်းက ငါတော့ အရက်သမားကြီး ဖြစ်အောင် သောက်သွားမယ်လို့ ရည်ရွယ်ပြီးမှ သောက်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ဘယ်လူမှုရေးအရ သောက်သူ ပဲဖြစ်ပါစေ၊ ငါအရက်သောက်ခဲ့တာကြာလှပြီ၊ ငါ့ဘဝမှာ ငါ့ကိုယ့်ငါ ကောင်းကောင်းကြီး ထိန်းနိုင်လို့ လူမှန်းသူမှန်းမသိ မူးသွားတဲ့ အချိန် ဆိုတာ နည်းနည်းလေးမှ မရှိပါဘူးဆိုပြီး ရဲရဲကြီး မပြောနိုင်ကြပါဘူး ခင်ဗျား။

၎။ လူတစ်ဦးဟာ တစ်ခေါက်ပဲ အမူးလွန်သွားပြီ ဆိုတာနဲ့ ရှက်ဖွယ်လိလိ ကိစ္စကို ကျူးလွန်မိတတ်ကြောင့် သူ့ဘဝတစ်သက်တာ အမည်းစက်ထင်ပြီး ကျန်သွား ခဲ့ရတာပါပဲ။
                လူမှုရေးအရ သောက်သူပဲ ဖြစ်ဖြစ် သူ့ကိုယ်သူ တစ်ကြိမ် မထိန်းနိုင် မသိမ်းနိုင် လွတ်သွားပြီ ဆိုပါစို့။ အမူး လွန်သွားချိန်မှာ သူ့အနေနဲ့ မုဒိမ်းမှု ဒါမှမဟုတ် သွေးရင်းချင်း စပ်ယှက်မှုကို ကျူးလွန် တတ်ပါတယ်။ နောက်ပိုင်းကျမှ သူ့အမှားအတွက် နောင်တ ရမိသွား ပြီဆိုရင် ပုံမှန် လူတစ်ဦးအနေနဲ့ ဒီအမှားက သူ့ဘဝ တစ်သက် တ သသ ဖြစ် ကျန်ခဲ့ရတော့တာပဲ။ ကျူးလွန်သူရော စော်ကားခံရသူရော ပြန်ပြင်လို့ မရတော့သလို နဂိုအတိုင်း ပြန်မဖြစ်နိုင်တဲ့ ထိခိုက်ဆုံးရှုံးမှုကြီးကို ဖြစ်ပျက် လိုက်ရတာပါပဲ။

၅။ အရက်သေစာကို ဟဒီးဆ် ဩဝါဒတော်ထဲမှာလဲ ပိတ်ပင် တားမြစ်ထား ပါတယ်။
အစ္စလာမ်ရဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ် (صلي الله عليه و سلم) သခင် မိန့်ကြား ထားတော်မူတာက ဒီလိုပါ။
(က) ဆူနန် အိဗနေ မာဂျာဟ်၊ အတွဲ ၃၊ မူးယစ်သေစာခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၇၁။
(ခ) ဆူနန် အိဗနေ မာဂျာဟ်၊ အခန်း ၃၊ မူးယစ်သေစာခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၉၂။
တစ်စုံတရာရာတွင် အရက်သေစာ ပမာဏ များသည် ဖြစ်စေ နည်းသည်ဖြစ်စေ တားမြစ် ပိတ်ပင်ထားသည်။
ဒီအတွက်ကြောင့် တစ်စက်ပဲ ဖြစ်ဖြစ် တစ်ပက်ပဲ ဖြစ်ဖြစ် သောက်ခွင့်မရှိပါဘူး။
အရက်သေစာသောက်သုံးသူများကို ကျိန်ဆဲထားရုံသာမက သူတို့တတွေနဲ့ တိုက်ရိုက်ပဲ ဖြစ်ဖြစ် သွယ်ဝိုက်၍ပဲဖြစ်ဖြစ် ထိတွေ့ ပတ်သက် နေသူတွေကပါ အလ္လာဟ်ရဲ့ အမျက်တော် သင့်ကြမှာဖြစ်ပါတယ်။
ဆူနန် အိဗနေ မာဂျာဟ် အတွဲ ၃၊ အရက်သေစာ အခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၈၀။
အနပ်(စ) (رضي الله تعالي عنه) သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ် က ဩဝါဒချွေတော်မူခဲ့သည်။
“အရက်သေစာနှင့် ဆက်စပ် ပတ်သက်နေသော လူအုပ်စု ဆယ်စုအပေါ် အလ္လာဟ်၏ အမျက်တော် သင့်ချေအံ့။ ယင်းတို့ကား အရက်သေစာချက်သူ၊ အရက်သေစာကို ချက်လုပ်ရာမှာ ဝင်ကူညီသူ၊ အရက်သေစာ သောက်သုံးသူ၊ အရက်သေစာကို သယ်ဆောင် ဖြန့်ဖြူး ပေးသူ၊ အရက်သေစာကို တစ်ဦးဦးသို့ ယူဆောင်ပေးသူ၊ အရက်သေစာကို တည်ခင်းပေးသူ၊ အရက်သေစာကို ရောင်းချသူ၊ အရက်သေစာ ရောင်းရ ငွေကို သုံးစွဲသူ၊ အရက်သေစာကို ဝယ်ယူသူ၊ တစ်ဦးဦးအတွက် ဝယ်ယူ ပေးသူတို့ပင် ဖြစ်သည်။”
မူးယစ်သေစာကြောင့် ဖြစ်ပွားရသော ရောဂါများ
                အရက်သေစာ မှီဝဲခြင်းကို တားမြစ် ထားရခြင်းနှင့် ပတ်သက်ပြီး  သိပ္ပံနည်းကျသော အကြောင်းတရား များစွာရှိပါတယ်။ ကမ္ဘာမှာ အရက် သေစာသောက်သုံးမှုကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှုနှုန်းထားဟာ အတော်ပဲ မြင့်မားလှပါတယ်။ အဓိက သေဆုံးမှု အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။ နှစ်စဉ် လူ သန်းပေါင်းများစွာဟာ အရက်ကြောင့် သေဆုံး နေကြရပါတယ်။  အရက်ရဲ့ ဆိုးကျိုးတွေကို အများအားဖြင့် အသိများကြ တာကြောင့် အသေးစိတ် မတင်ပြတော့ပါဘူး။ အရက်နဲ့ ပတ်သက်နေတဲ့ ရောဂါ တချို့လောက်ကိုပဲ အောက်မှာ တင်ပြထားပါတယ်။

၁/-         အသည်းရွတ်ရောဂါ (Cirrhosis  of  Liver) ဟာ အရက် ကြောင့် ဖြစ်ရတယ်ဆိုတာကို လူသိများလှပါတယ်။

၂/-         အစာရေမျိုကင်ဆာ၊ ခေါင်းနှင့် လည်ပင်းကင်ဆာ၊ အသည်း ကင်ဆာ (Hepatoma)နှင့် အူကင်ဆာ စသည်များ၊

၃/-         အစာရေမျို ရောင်နာ၊ အစာအိမ်ရောင်နာ၊ ပန်ကရိယတစ် ရောင်နာ၊ အသည်း ရောင်နာတို့က အရက်သေစာ မှီဝဲမှုနှင့် ပတ်သက်နေ ပါတယ်။

၎/-         နှလုံးကြွက်သားရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြော ဆိုင်ရာ ဝေဒနာ (Coronary  Artherosilerosis)၊ ရင်ဆို့နာ (Angina)၊ နှလုံးရောဂါတို့ဟာ အရက်ကို အလွန်အကျွံ သောက်သုံးမှုနဲ့ပတ်သက်နေပါတယ်။

၅/-         ဦးနှောက်သွေးကြောပေါက် (Stroke) ၊ လေသင်ဓုံး (Apoplexy) ၊ ဝက်ရူးပြန်ရောဂါ (Fits) နှင့် သွက်ချာပါဒ ရောဂါ အမျိုးမျိုး ကလည်း အရက်သေစာ သောက်သုံးမှုနဲ့ ပတ်သက်နေပါတယ်။

၆/-         ခြေလက် နဗ်ကြောရောဂါ (Peripheral Neuropathy)  ကော့စကီကလ် အထရိုဖီ ရောဂါ (Cortical Atrophy)  တို့ကလည်း အရက်သောက်ခြင်းကြောင့် ဖြစ်ရတဲ့ လက္ခဏာစုများအဖြစ် ကျော်ကြား လူသိများ ပါတယ်။

၇/-         မကြာမီက ဖြစ်ရပ်များအရ နာတာရှည် အရက်စွဲရောဂါကြောင့် ဖြစ်ရတဲ့ စိတ်ရောဂါ နှင့် ယှဉ်ပြီး သတိလစ်ရောဂါ၊ မှတ်ဥာဏ် ချို့ယွင်းခြင်း၊ ကြံဖန်ပြော လုပ်ကြံပြောတတ် သည့် ကောဆကော လက္ခဏာ၊ မှတ်ဥာဏ် ထိခိုက်မှုနဲ့အတူ သွက် ချာပါဒဖြစ်မှု အမျိုးမျိုးက အရက်သောက်လွန်လို့ သိုင်ယာမင် ချို့တဲ့ရာက ဖြစ်ရတဲ့ ရောဂါ ဝေဒနာတွေပါပဲ။

၈/-         ထုံနာစို ကိုယ်ဖောနာ (ဗယ်ရီဗယ်ရီရောဂါ) (Beriberi)  နှင့် အခြားအခြားသော အာဟာရချို့တဲ့တဲ့ ရောဂါများဟာ အရက်သမားများမှာ မလွဲတန်း ဖြစ်တတ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ ဗီတာမင် ချို့တဲ့ရောဂါ (pellagra)  ကိုလဲ အရက်သမားတွေမှာ တွေ့ရပါတယ်။

၉/-         အရက် စွဲနေမှုကြောင့် မကြာမကြာ ဆိုသလို ကယောင်ကတမ်း ဖြစ်တတ်ခြင်းဟာ အင်မတန် ဆိုးဝါးလှတဲ့ ဆင့်ပွားရောဂါတစ်ခု ဖြစ်တယ်။ ခွဲစိတ်ကုသမှု ခံပြီးနောက်ပိုင်းလဲ ဖြစ်တတ်တယ်။ အရက်ကို ဖြတ်တောက်နေချိန် ကာလမျိုးမှာ ဒီလို ကယောင်ကတမ်းတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ အင်မတန်မှ အရေးကြီးလှပြီး တကဲ့ ကိရိယာ တန်ဆာ ပလာ စုံလင်လှတဲ့ နေရာမျိုးမှာ ကောင်းမွန်စွာ ကုသနေရင်းနဲ့တောင် အသက်သေဆုံးမှု ဖြစ်ပေါ်တတ်ပါတယ်။

၁၀/-      အရက်စွဲရောဂါကြောင့် အတွင်းစိမ့်ဂလင်း(အင်ဒိကရင်း ဂလင်း) မှာ ကမောက်ကမဖြစ်မှု အများအပြား ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်တဲ့ ပက်ဆဒီးဗားရောဂါကစလို့ သိုင်းရွိုက် လွန်ကဲ ခြင်း (Hyper thyroidism)  နဲ့ ကူရှင်ရောဂါလက္ခဏာစု (Florid Cushing Syndrome)  ဆိုတဲ့ အဒရီနယ်ဂလင်း အပြင်သား လွန်ကဲ ကြီးထွားခြင်း ရောဂါတို့ ဖြစ်တတ်ပါတယ်။

၁၁/-      သွေးနဲ့ဆိုင်တဲ့ ရောဂါတွေမှာ ဆိုးကျိုးတွေ ပေါ်စေပြီး နာတာရှည် စေပါတယ်။ ဖော်လစ်အက်ဆစ် ချို့ယွင်းမှုကလဲ အရက်စွဲနေသူတို့မှာ အတွေ့ ရ အများဆုံး ရောဂါပဲ။ သွေးအားနည်းရောဂါ အမျိုးမျိုး (မက္ကရိုဆိုင်တစ် အနီးမီးယားနဲ့ (Zeive’s sydrome ) တို့ဟာ သွေးပျက်ပျော် သွေးအား နည်းရောဂါ(Hemolytic Anemia)တို့ကနေ ပေါ်လာခဲ့ရတာပါ။ ဖျဉ်းဆွဲရောဂါတို့လဲ ဖြစ်တတ်ပါတယ်။

၁၂/-      သွေးကင်းပြောက်ကြီးရောဂါ (Thrombocytopenia) နှင့် တခြား သွေးဥမွှားများ (platelets) ပုံမှန် မဖြစ်တဲ့ရောဂါတွေကလည်း အရက်သမားမှန်ရင် ခံစားနေရတဲ့ ရောဂါတွေပါပဲ။

၁၃/-      အများသုံးနေကြတဲ့ ဆေးပြား မက်တြိုနီဒါဇိုးလ် (flagyl)  က အရက်နဲ့ တော်တော်လေး မတည့်ပါဘူး။

၁၄/-      အရက် အလွန်အကျွံသောက်သူတွေမှာ ရောဂါပြန်ပြန်ဝင်မှု (recurrent infection) လဲ အဖြစ်များပါတယ်။ အရက်သောက်သုံး မှုကြောင့် ရောဂါပြီး အကာအကွယ်စနစ်(Immunological Defense System) က ဘာ ရောဂါပဲ ဝင်လာ ဝင်လာ ငြိမ်ခံတဲ့အဖြစ် ရောက်သွား  ရပါတယ်။

၁၅/-      အရက်စွဲနေသူတွေမှာ ရင်ဘတ်ဝေဒနာဝင်မှု (Chest infection) က အထိအနာဆုံး ထဲမှာ ပါဝင်ပါတယ်။ နမိုးနီးယား၊ အဆုတ် ပြီတည်နာ၊ (Lung Abcess) လေအောင့်ခြင်း (Emphysema) နဲ့ တီဘီ အဆုတ်ရောဂါမျိုးတွေကလည်း အရက်သမားတွေမှာ အဖြစ် များပါတယ်။

၁၆/-      အရက်ကို အလွန်အကျွံမူးနေအောင် သောက်တဲ့အချိန်မှာ အရက်သမားက အော့အန်မယ်။ ချောင်းတဟွတ်ဟွတ် ဆိုးနေမယ်။ ဆောက်တည်ရာမဲ့ ဖြစ်မယ်။ ဒီတော့ အံဖက်က အဆုတ်ထဲဝင်သွားလို့ နမိုးနီးယားဝင်မယ်။ ဒါမှမဟုတ် အဆုတ်မှာ ပြီတည်မယ်။ တစ်ခါတရံမှာ  အံဖတ်ဆို့ပြီး မရှုနိုင် မကယ်နိုင် မွန်းကြပ်သွားတယ်။ အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။

၁၇/-      မိန်းမတွေမှာ အရက်သောက်တတ်လို့ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ ကိုလဲ ဖော်ပြရပါဦးမယ်။ မိန်းမတွေက ယောကျာ်းတွေထက် ပိုပြီး အသည်း  ပိုပြီးဝင်တတ်တယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်သောက်ခဲ့ရင် သန္ဓေသားအပေါ်မှာ ထိခိုက်အန္တရာယ် ရှိစေပါတယ်။ ဆေးပညာလုပ်ငန်း မှာ သန္ဓေသားဆိုင်ရာ (Foetal Alcohlo Syndrome)ကို ပိုသထက် ပိုပြီး သိလာကြရတယ်။

၁၈/-      အရက်စွဲမှုနဲ့ အရေပြားရောဂါတွေကလဲပဲ ပတ်သက်နေပါတယ်။

၁၉/-      နှင်းခူ၊ မွေးကျွတ်ရောဂါ (Alopecia) ၊ လက်သည်းကျုံလှီသွား ခြင်း (Nail Dystrophy) ၊ ခူနာ (Paronychia) နဲ့ နှုတ်ခမ်းထောင့် လောင်ခြင်း (Angular Stomatitis) ဆိုတဲ့ ရောဂါတွေကလဲ အရက် သမားတွေမှာ အဖြစ်များပါတယ်။

၆။ အရက်စွဲခြင်းသည် ရောဂါ  (Alcoholism is a diease)       
 ဆရာဝန်တွေ၊ သမားတော်တွေက အခုဆိုရင် အရက်သောက် သုံးမှုအပေါ် အစွဲကင်းကင်းနဲ့ မြင်လာကြပါပြီ။ ဒါကြောင့် အရက်သောက် သုံးခြင်းကို စွဲတယ်ဆိုတာထက် ရောဂါတစ်ခု ဆိုပြီး ခေါ်ဆိုလာကြပြီ ဖြစ်ပါတယ်။
အစ္စလာမ့်ရေးရာ သုတေသနဌာနက လက်ကမ်း ကြေငြာတစ်ခု ထုတ်ထားရာမှာ ...
အရက်စွဲခြင်းဟာ ရောဂါတစ်ခုဆိုရင်တော့ ဒီရောဂါကသာ
- ပုလင်းနဲ့ ထည့်ရောင်းနေတဲ့ ရောဂါ၊
- သတင်းစာ၊ မဂ္ဂဇင်းများနဲ့ ရေဒီယို ရုပ်မြင်သံကြားတို့ကနေပြီး ကြော်ငြာပေးမှုကို ရနေတဲ့ ရောဂါ၊
- အစိုးရအတွက် အခွန်အခ ထုတ်ပေးနေတဲ့ ရောဂါ၊
- အဝေးပြေးလမ်းများမှာ ပြင်းပြင်းထန်ထန် သေကြေမှုများကိုဆောင်ကျဉ်းပေးနေတဲ့ ရောဂါ၊
- ရောဂါပိုးမွှားများ မပါသလို ဗိုင်းရပ်စ်များကိုလည်း ပေါ်စေရာလဲ မဟုတ်တဲ့ ရောဂါဆိုးကြီး။
အရက်စွဲခြင်းကား ရောဂါတစ်ခု မဟုတ် ရှိုင်တွာန်၏ လက်ရာသာ ဖြစ်သည်
အလ္လာဟ်အရှင်က အရှင့်ရဲ့ အနန္တဥာဏ်တော်အရ အရက် ဟာ ရှိုင်တွာန်ရဲ့ ကျော့ကွင်း ဖြစ်တာကြောင့် ဒါကို ဆန့်ကျင်ဖို့ သတိပေး ထားတော်မူပါတယ်။ အစ္စလာမ်ကို ဒီးနူလ်ဖိတရဟ် “လူသားရဲ့ သဘာဝနဲ့ ညီတဲ့ ဘာသာတရား” လို့ ခေါ်ဆိုထားပါတယ်။ ဒီဘာသာတရားရဲ့ ညွှန်ကြားချက်အားလုံးက လူသားရဲ့ သဘာဝအခြေအနေကို စောင့်ထိန်း ကာကွယ်သွားဖို့ ရည်ရွယ်ထားခဲ့တာပါ။ အရက်သေစာက လူကို ဒီသဘာဝ အခြေအနေကနေ သွေဖီသွားစေပါတယ်။ လူတစ်ဦးချင်းအတွက်ရော လူ့အသိုင်းအဝိုင်းကြီးအတွက်ပါ သွေဖီမှုကို ဖြစ်ပေါ်စေတဲ့အရာပါပဲ။ လူဟာ သားရဲ တိရိစ္ဆာန်များထက် ပိုမိုကြီးကဲ မြင့်မြတ်တယ်လို့ ကြွေးကျော် ခဲ့ပေမဲ့လဲ အရက်သေစာကြောင့် တိရိစ္ဆာန်ထက်ပင် ပိုပြီး နိမ့်ကျလှတဲ့ ဘဝကို ထိုးဆင်းကျသွားစေပါတယ်။ ဂုဏ်အသရေမဲ့ သွားစေပါတယ်။ ဒါတွေ ဒါတွေကြောင့် အစ္စလာမ်က အရက်သေစာ မှီဝဲခြင်းကို တားမြစ် ပိတ်ပင်ထားရတာ ဖြစ်ပါတယ်။

ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)
Hla NyuntOo

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...