Thursday 21 June 2018

ဂျင်န်အကြောင်း သိကောင်းစရာ

အာရဗီအဘိဓာန်၌ မမြင်တွေ့ရသောအရာအား ဂျင်န်ဟု ခေါ်ဆိုပါသည်။ ဝေါဟာရ အသုံးအနှုန်းအရ ဂျင်န်ဟူသည် လူကဲ့သို့ပင် စားခြင်း၊ သောက်ခြင်းနှင့် မေထုံမှီဝဲခြင်း အစရှိသည်တို့ကို ပြုမူကြပြီး လူသား၏မျက်စိဖြင့် မတွေ့မမြင်ရသော အဖန်ဆင်းခံ တစ်မျိုးဖြစ်၏။ ၎င်းတို့အပေါ်၌လည်း ရှရီအသ်၏ တာဝန်ဝတ္တရားများ ရှိနေပေသည်။

ဂျင်န် အမျိုးအစား သုံးမျိုးရှိသည်။
(က) လေကဲ့သို့ လေဟာနယ်အတွင်း၌သာ နေထိုင်၏။
(ခ) မြွေ၏ ရုပ်သဏ္ဍာန်ကို ဆောင်၏။
(ဂ) လူကဲ့သို့ သွားလာနေထိုင်၏။
အလ္လာဟ်အရှင်မြတ်က အခိုးမထွက်သော မီးတောက်တစ်ခုမှ ဂျင်န်ကို ဖန်ဆင်းတော်မူပြီး ၎င်းအမည်ကို မာရိဂ်ျ ဟု ခေါ်ဆိုသည်။ ထို့နောက် မာရီဂျဟ် ဂျင်န်အမျိုးသမီးကို ဖန်ဆင်းတော်မူပြီး ယင်းတို့နှစ်ဦးမှ ဂျင်န်များ၏မျိုးဆက်ကို ပြန့်ပွားစေတော်မူသည်။
အဟ်ဗားရ်(ရသွီ)သခင်က အမိန့်ရှိသည်မှာ ..... ဂျင်န်ဆိုးများသည် မြေပြင်ပေါ်ဝယ် တစ်စတစ်စနှင့် များပြားလာသည်နှင့်အမျှ ပြဿနာပေါင်းစုံနှင့် ဒုစရိုက်များကို ပြုလုပ်လာကြတော့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ပြုပြင်တရားရစေရန်အတွက် ဂျင်န်နဗီတမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။
ယင်းနဗီ၏ အမည်မှာ အာမိရ်ဗင်န်အုမိုင်ရ် ဖြစ်ခဲ့၏။ ၎င်းသည် ပထမဦးဆုံး စေလွှတ်ခြင်းခံရသော နဗီဖြစ်၏။ သို့သော် ဆိုးသွမ်းသော ဂျင်န်များက ထိုနဗီအား သတ်ဖြတ်လိုက်ကြသည်။
တစ်ဖန် ဒုတိယအကြိမ် သွာအိက်ဗင်န်မာအီက်အမည်ရှိ နဗီတစ်ပါးကို စေလွှတ်ခဲ့ပြန်သည်။ ၎င်းကိုလည်း ဂျင်န်များက သတ်ဖြတ်ခဲ့ကြသည်။ ဤအတိုင်း နှစ်စဉ် နဗီတစ်ပါးစီ စေလွှတ်ခဲ့ရာ နဗီအပါး ၈ဝဝ အထိရှိခဲ့ပြီး အားလုံးကို ဂျင်န်ဆိုးများက သတ်ဖြတ်လိုက်ကြသည်။ ((ဤကမ္ဘာမြေဝယ် လူသားကိုမစေလွှတ်မီက ဂျင်န်များ နေထိုင်ကြ၏။ ထိုအကြောင်းအရာကို ဆိုလိုခြင်း ဖြစ်ပါသည်။))

ဟဇရသ်အွတ်စ်မားန်၏ ခေတ်သမယက လူတစ်ဦးသည် မိမိအဖြစ်အပျက်အား ဤသို့တင်ပြခဲ့သည်။ တစ်နေ့သောအခါ ကျွန်ုပ်သည် တောတောင်တစ်ခုမှ ဖြတ်ကျော်လာစဉ် မြွေနှစ်ကောင် တစ်ကောင်နှင့် တစ်ကောင် ကိုက်သတ် ရန်ဖြစ်နေကြသည်ကို တွေ့မြင်နေ၏။ ဤသို့ သဲကြီးမဲကြီး ကိုက်နေရာမှ တစ်ကောင်မှာ သေဆုံးသွားလေ၏။ မြွေသေ၏ အရောင်အဆင်းမှာ အဝါရောင်ရှိပြီး ၎င်းထံမှ ကတိုးနံ့ကဲ့သို့ မွှေးရနံ့ ထွက်နေ၏။ ၎င်းနောက် ကျွန်ုပ်သည် ထိုမြွေသေအား ဒဖန်မြှုပ်နှံလိုက်၏။
ထိုမှ ကျွန်ုပ်သည် ရှေ့သို့ ခရီးဆက်သွားရန် ဟန်ပြင်နေစဉ်မှာပင် အကွယ်မှ အသံတစ်သံ ဤသို့ကြားရ၏။ ဤမြွေနှစ်ကောင်သည် ဂျင်န်များ ဖြစ်ကြ၏။ ၎င်းအနက်မှ တစ်ကောင်မှာ တမန်တော်မြတ်ထံပါးမှ အီမာန်ယူခဲ့သူ ဖြစ်သည်။ အသင်သည် ကောင်းမြတ်သောအလုပ်ကို ပြုလုပ်သူဖြစ်ပေသည် ..... ဟူ၏။

ဟဇရသ်အနတ်စ်အိဗ်နေမာလိက်၏ ဆင့်ပြန်ချက်တစ်ရပ်၌လည်း ဤသို့လာရှိသည်မှာ..... ကျွန်ုပ်သည် တောခေါင်ခေါင်တစ်နေရာတွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် အတူရှိခဲ့သည်။ ရုတ်တရက်ဆိုသလို အသက်အရွယ်အိုမင်းနေသော အဖိုးအိုတစ်ယောက်သည် မိမိ၏ တောင်ဝှေးကို အမှီပြု၍ သွားနေသည်ကို တွေ့မြင်ပြီး ကိုယ်တော်က ဟို ... အဖိုးအို၏ ပုံပန်းသဏ္ဍာန်နှင့် အသံကိုကြည့်ခြင်းဖြင့် ဂျင်န်ဟု ထင်မှတ်ရသည်ဟု ပြောကြားရာ အဖိုးအိုက ဟုတ်မှန်ကြောင်း ဖြေကြားပြီး မိမိအမည်သည် ဟာမဟ် ဖြစ်ကြောင်း၊ မိမိနှင့် အိဗ်လီးစ်ရှိုက်သွာန်အကြား မျိုးဆက်နှစ်ခုသာ ခြားနားကြောင်းပြောကြားပြီး ကိုယ်တော်နှင့် အောက်ပါအတိုင်း အမေးအဖြေပြုကြလေသည်။

တမန်တော် ... အို အဖိုးအို အသက်ဘယ်အရွယ်ရှိပြီလဲ
ဂျင်န်အဖိုးအို ... အကြင်ညဝယ် ကာဗီလ်က ဟာဗီလ်အား လုပ်ကြံသတ်ဖြတ်သည့်အချိန် ကျွန်တော်မျိုး၏ အသက်မှာ လွန်စွာမှ ငယ်ရွယ်ပါသေးသည်။ ထိုစဉ်တုန်းက ယင်းဒုစရိုက်အပေါ် ကျွန်တော်မျိုး အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါသည်။
တမန်တော် ... အသင်သည် မကောင်းသည့် ဒုစရိုက်လုပ်ရပ်ကို ပြုခဲ့သူဖြစ်သည်။
အဖိုးအို ... အို ကိုယ်တော် ကျွန်တော်မျိုးအား စိတ်ဆိုးတော် မမူပါနှင့်။ အသို့ဆိုရသော် ကျွန်တော်မျိုးသည် ယင်းနောက်ပိုင်း တမန်တော်နူးဟ်အပေါ် အီမာန်သက်ဝင်ယုံကြည်ပြီး မိမိ၏ အမှားအပေါ် အလ္လာဟ်ထံ သောဝ်ဗာပြု ဝန်ချတောင်းပန်ခဲ့သည်။ ထိုမှ တမန်တော်ဟူးဒ်၊ တမန်တော် ရှိုအိုင်းဗ်နှင့် တမန်တော်မူစာ၊ တမန်တော်အီစာ အစရှိသည့် တမန်တော်ကြီးများနှင့် အဆင့်ဆင့် တွေ့ဆုံခဲ့သူဖြစ်သည်။ ယခုလည်း ကိုယ့်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် အီမာန်ယူပါ၏။
တမန်တော် ... အလ္လာဟ်အရှင်မြတ် အသင့်အား ဂရုဏာသက်တော်မူပါစေ၊ အသင် ဘာအလိုရှိပါသလဲ
အဖိုးအို ... တမန်တော်မူစာ ကျွန်တော်မျိုးအား သောဝ်ရားသ်ကျမ်း သင်ပေးခဲ့၏။ အီစာနဗီက အင်န်ဂျိလ်ကျမ်း သင်ပေးခဲ့သည်။ ကိုယ်တော်လည်း ကျွန်တော့်မျိုးအား ကျမ်းမြတ်ကုရ်အာန် သင်ပေးတော်မူပါ။ ဆင့်ပြန်သူ အနတ်စ်သခင်က ပြောသည်မှာ တမန်တော်မြတ်သည် ဂျင်န်အဖိုးအိုးအား ကျမ်းတော်မြတ်ကုရ်အာန်၏ စူရာ ၁ဝပုဒ်ကို သင်ကြားပေးတော်မူလိုက်သည်။

ရှေးခေတ်ကဆိုလျှင် ဂျင်န်များသည် မိမိကြိုက်နှစ်သက်သည်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဖြစ်အပျက်များစွာ ရှိခဲ့ဖူးသည်။
အိမာမ်ရှာဖီအီသခင်နှင့် ဗိုင်ဟကီသခင်တို့ ဆင့်ပြန်မိန့်ဆိုသည်မှာ အန်ဆွာရီအမျိုးသားတစ်ဦးသည် အိရှာနမားဇ်ဝတ်ပြုရန် အိမ်မှထွက်သွားရာ လမ်းခုလပ်တွင် ဂျင်န်များက ဖမ်းဆီးသွားကြသည်။ နှစ်ပေါင်းကြာမြင့်စွာ ပျောက်ဆုံးနေသောကြောင့် ၎င်း၏ အမျိုးသမီးမှာ အခြားသူနှင့် နိကာထိမ်းမြားလိုက်သည်။ နှစ်အတန်ကြာပြီးမှ ထိုအန်ဆွာရီအမျိုးသားသည် မဒီနာမြို့သို့ရောက်လာပြီး ဟဇရသ်အုမရ် (ရသွီ)ထံသို့ ရောက်ရှိလာသည်။
အုမရ်သခင်က ၎င်းအား ဖြစ်ရပ်ကြောင်းစုံ မေးမြန်းရာ ၎င်းအန်ဆွာရီဆွဟာဗာက ကာဖိရ်ဂျင်နာသ်များသည် ကျွန်ုပ်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ယင်းသို့ဖမ်းဆီးသွားသည့် ကာဖိရ်ဂျင်န်များနှင့် မုအ်မင်န်ဂျင်န်တို့ တိုက်ပွဲဖြစ်ပွားရာတွင် ကျွန်ုပ်နှင့်အတူ ကာဖိရ်ဂျင်န်အားလုံးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ သို့သော် ကျွန်ုပ်သည် မုစ်လင်မ်ဖြစ်၍ ပြန်လွှတ်ပေးခဲ့ရာမှ ယခုလို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောပြလေသည်။

ရှိုက်ခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်ကြီး၏ ခေတ်သမယ၌လည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့သည်။ သခင်ကြီးထံသို့ ဗဂ်ဒါဒ်မြို့မှ ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ၎င်းက သခင်ကြီး၏ ရှေ့မှောက်တွင် အောက်ပါအတိုင်း မိမိဖြစ်ရပ်ကို လျှောက်တင်လေ၏။

ကျွန်တော်မျိုး၏ သမီးပျိုကို အိမ်ခေါင်မိုးပေါ်မှ ဂျင်န်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ သခင်ကြီးအနေနှင့် ကျွန်တော်မျိုး၏သမီး ပြန်ရောက်ရှိလာရန် နည်းလမ်းတစ်စုံတစ်ရာ ပြသတော်မူပါ။ သခင်ကြီးက ၎င်းအား ပြောသည်မှာ .....
အသင်သည် ဟို ..... ကဗရ် သင်္ချိုင်းသို့သွားပါ။ ပြီးနောက် ဗိစ်မိလ္လာဟိအလာနိယသိအဗ်ဒိလ်ကာဒိရ် ဟု ဖတ်၍ မိမိ၏ပတ်လည်တွင် စည်းဝိုင်းတစ်ခု ဆွဲခြစ်ပြီး ထိုင်လိုက်ပါ။ အိရှာအချိန်သို့ရောက်လျှင် ရုပ်ဆင်းပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အသင်၏ရှေ့မှောက်မှ ဂျင်န်များ ဖြတ်ကျော်ကြလိမ့်မည်။ ထိုအချိန် မိမိ၏ ကြောက်ရွံစိတ်ကို ထိန်းချုပ်ထားပါ။ တစ်ဖန် ၎င်းတို့အားလုံး ဖြတ်ကျော်ပြီးလျှင် ဂျင်န်များ၏ ဘုရင်ရောက်လာမည်။ ထိုအခါ ဘုရင်က ဘာအလိုရှိသလဲ ဟု မေးမြန်းလျှင် အသင်က ဖြစ်ရပ်စုံအင်ကို တင်ပြလိုက်ပါ။ ပြီးနောက် မိမိအား ရှိုက်ခ်အဗ်ဒွလ်ကာဒိရ်ဂျိလာနီသခင်က စေလွှတ်လိုက်ကြောင်း ပြောကြားပါ။ ဟု သခင်ကြီးက အဆင့်ဆင့် မှာကြားလေ၏။
ထိုပုဂ္ဂိုလ်လည်း သခင်ကြီးမှာကြားသည့်အတိုင်း သင်္ချိုင်းမြေအတွင်း စည်းဝိုင်းတစ်ခုဆွဲခြစ်၍ ထိုင်နေလိုက်သည်။ သိပ်ကြာကြာမထိုင်လိုက်ရပါ။ ပုံသဏ္ဍာန်အမျိုးစုံဖြင့် ဂျင်န်များ တစ်ဦးပြီး တစ်ဦး ၎င်းရှေ့မှ ဖြတ်ကျော်သွားကြသည်။ နောက်ဆုံးတွင် မြင်းစီးလျှက် ဂျင်များ၏ ခေါင်းဆောင်ဘုရင် ရောက်ရှိလာလေသည်။ ထိုသူသည် မိမိအား ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်ကြီးလွှတ်လိုက်ကြောင်းနှင့် မိမိ၏သမီးပျိုဖြစ်ခဲ့ရပုံတို့ကို တင်ပြလိုက်သည်။ ဘုရင်သည် သခင်ကြီး၏အမည်ကိုကြားသည်နှင့် မြင်းပေါ်မှာ ဆင်းပြီး မိန်းကလေးအား ဖမ်းဆီးခေါ်ဆောင်သွားသော ငယ်သားဂျင်န်ကို ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။
သို့ဖြင့် တပ်သားများက ခေါ်ဆောင်ဖမ်းဆီးသွားသူ ဂျင်န်ဆိုးကို ဘုရင့်ရှေ့တော်မှောက် အရောက်ခေါ်ဆောင်လာခဲ့သည်။ ၎င်းနှင့်အတူ ပျောက်ဆုံးသွားသော သမီးပျိုလည်း အတူပါလာသည်။
ဂျင်န်ခေါင်းဆောင်ဘုရင်က အဘယ့်ကြောင့် ဤအပြုအမူမျိုး ပြုလုပ်ရပါသနည်းဟု မေးရာ ၎င်းက မိမိသည် ထိုမိန်းကလေးအား ချစ်ကြိုက်မိ၍ ထိုသို့ပြုမိပါကြောင်း ဝန်ခံပြောဆိုလေသည်။ ဤသည်ကိုကြားပြီး ခေါင်းဆောင်က အသင်သည် ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်ကြီး၏ အရပ်ဒေသတွင် ဤသို့သော မဖွယ်မရာအလုပ်ကို ပြုမူခဲ့သောကြောင့် အသင့်အား ထိုက်တန်သော အပြစ်ဒဏ်စီရင်ရမည် .... ဟု ပြောပြီး ခေါင်းဖြတ်၍ ပြစ်ဒဏ်စီရင်ရန် အမိန့်ပေးလိုက်သည်။
ရှိုက်ခ်အဗ်ဒုလ်ကာဒိရ်သခင်၏ အဆင့်ဤမျှမြင့်မားသည်မှာ သခင်သည် အိမ်၌ထိုင်နေရင်းပင် ဂျင်များကို တွေ့မြင်နိုင်စွမ်းရှိပြီး ဂျင်များကလည်း သခင့်ကို ကြောက်ရွံကြသည်။

ပညတ်ချက်
အမျိုးအစားမတူသော လူသားနှင့် ဂျင်န် နိကာထိမ်းမြားခြင်း မပိုင်ပါ။
မုဂျာဟိဒ်သခင်(ရသွီ)က ဆင့်ပြန်သည်မှာ ..... တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကို အီမာန်ရှင် သူတော်ကောင်းဂျင်န်များ ဂျန္နသ်သို့ဝင်ရမည့်နှင့် စပ်လျဉ်း၍ မေးမြန်းရာ ကိုယ်တော်က ၎င်းဂျင်များ ဂျန္နသ်သို့ ဝင်ရမည်။ သို့သော် သုခဘုံရှိ စည်းစိမ်များကို ခံစားရရှိရာ၌ လူသားများကဲ့သို့ မဟုတ်ဘဲ ယင်းတို့သည် သပ်စ်ဗီဖတ်ခြင်းဖြင့်သာ စည်းစိမ်အရသာများကို ခံစားရရှိနေမည် ဟု မိန့်ခြွေတော်မူ၏။

အိလ်ဟာမ်နှင့် ဝဆ်ဝဆာ ခြားနားမှု
လူသားသည် အကောင်းအဆိုး လုပ်ရပ်နှစ်မျိုးလုံးအား ပြုလုပ်ကြသည်။ ဤသို့မပြုလုပ်မီ လူသား၏ စိတ်ကူးထဲသို့ အတွေးခေါ်တစ်ရပ် ပေါ်ပေါက်လာသည်။ ယင်းအတွေး၏ လှုံ့ဆော်မှုကြောင့် အကောင်း သို့မဟုတ် အဆိုးအား ပြုလုပ်ရန် ဆန္ဒဖြစ်ပေါ်လာရသည်။ ယင်းဆန္ဒရည်ရွယ်မှုသည် လူသား၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှုပ်ရှားစေ၍ ၎င်းလုပ်ရပ်ကို ဖြစ်ပေါ်စေသည်။
* အကယ်၍ စိတ်နှလုံးသား၌ ဖြစ်ပေါ်လာသော စိတ်ကူးသည် ကောင်းမြတ်သည့် အလုပ်အတွက်ဖြစ်ပါက ဤသည် အိလ်ဟာမ်ဖြစ်၏။ တစ်နည်းဆိုရသော် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်သည်။
* ထိုသို့မဟုတ်ဘဲ ယင်းစိတ်ကူးသည် ဒုစရိုက်နှင့် မကောင်းမှုလုပ်ရပ်ဘက်သို့ ယိမ်းယိုင်နေပါက ဝဆ်ဝဆာဟု ခေါ်ပေသည်။ တစ်နည်း ရှိုက်သွာန်ဘက်မှ ဝင်ရောက်လာသော တွေးတောမှု ဖြစ်၏။
ယခု မေးစရာ စကားတစ်ရပ်ဖြစ်လာသည်မှာ ရှိုက်သွာန်ဘက်မှ ဖြစ်ပေါ်လာသော ဝဆ်ဝဆာ မကောင်းသည့် စိတ်ကူးများကို မည်ကဲ့သို့ ရှောင်ကွင်းဖယ်ရှားမည်နည်း။
ထိုအမေးအပေါ် ပညာရှင်တို့က အလွယ်ကူဆုံး နည်းတစ်ရပ်ကို ပြသထား၏။ ၎င်းမှာ ..... စိတ်နှလုံးသားအတွင်း မကောင်းသည့် အတွေးအခေါ်နှင့် ဒုစရိုက်စိတ်ကူးများ ဝင်ရောက်လာလျှင် ရှိုက်သွာန်၏ ဝဆ်ဝဆာဟု မှတ်ယူ၍ တခြားကောင်းမွန်သည့် အတွေးဘက်သို့ အာရုံပြောင်းပေးလိုက်ရမည်။ ဤမျှနှင့် မလုံလောက်ပါက မိမိနှလုံးသားကို ကုသိုလ်ကောင်းမှု သို့မဟုတ် ဇိကိရ် အလ္လာဟ်အရှင်မြတ်ကို သတိရမှုဘက်သို့ စိတ်အာရုံလွှဲပြောင်းလိုက်ပါ။
အလ္လာဟ်အရှင်မြတ်ကလည်း ဝဆ်ဝဆာမှ ကင်းလွတ်မှုရရန် အောက်ပါ အာယသ်ဖြင့် သတိပေးနှိုးဆော်ထားသည်။
"" အင်န်နလ် လဇီးနသ် သကောဝ် အိဇာမတ်စ် စဟွမ် သွားအိဖွန်း မိနရှ်ရှိုက်သွာနိ သဇက္ကရူ ဖအိဇာဟွမ် မုဗ်စွိရူးန်"""
အဓိပ္ပါယ်။ အလ္လာဟ်အရှင်မြတ်ကို အကြောက်တရားထားရှိသူများအား ရှိုက်သွာန်က ထိတွေ့သည့်အချိန် ထိုသူတို့သည် ဇိကိရ်တသမှု၌ မွေ့လျော်ကြကုန်၏။ ထိုသူတို့သာလျှင် အသိဉာဏ် အမြှော်အမြင်ရှိသူများ ဖြစ်ကြ၏။
ရံဖန်ရံခါ နမားဇ်၊ ကိရာအသ် အစရှိသည့် ကောင်းမှုများပြုနေစဉ် ဝဆ်ဝဆာ မကောင်းသည့်အတွေးအခေါ်များ ဝင်ရောက်လာတတ်ပြန်သည်။ ထိုအခါ ယင်းအနှောင့်အယှက်များမှ ကင်းလွတ်ရန် ဘယ်ဘက်သို့ အအူးဇု (စဆုံး) ဖတ်၍ သုံးကြိမ်တံတွေးထွေးလိုက်ရမည်ဟု ဟဒီးစ်တော်များအရ သိရှိရသည်။ (တံတွေးထွေးရာ၌ ထွေးဟန်ပြုခြင်း ""ထွီ ထွီ"" ဟုပြုနိုင်သည်။ အခန်းအတွင်း တံတွေးကို ခြစ်ထုတ်ပြီး ထွေးရန်မဟုတ်ပါ။)
လူသား၏ နှလုံးသားသည် တွေးခေါ်မှုပေါင်းစုံ၏ နေရာဌာနဖြစ်သည်။ တွေးခေါ်မှုသည် ကောင်းမှုဘက်သို့ ယိမ်းယိုင်ပါက အလ္လာဟ်အရှင်ဘက်မှ ဖြစ်ပြီး မကောင်းမှုဘက်သို့ ယိမ်းယိုင်ပါက ရှိုက်သွာန်ဘက်မှ ဖြစ်သည်။
တစ်ဖန် ယင်းတွေးခေါ်မှု နှစ်မျိုးအပြင် တတိယတွေးခေါ်မှုတစ်မျိုး ရှိနေပြန်သည်။ ၎င်းသည် ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး လူသားအား ပျက်စီးဆုံးရှုံးမှု၏ ချောက်ကမ်းပါးအတွင်းသို့ ကျရောက်စေသည်။ ထိုတတိယအတွေးသည် သကဗ္ဗုရ်ခေါ် မာနစိတ်ဖြစ်၏။ ထိုစိတ်ဝင်ရောက်လာသူသည် မိမိ၏ကြီးကျယ်မှုနှင့် ဉာဏ်ပညာအပေါ် အထင်ကြီးစိတ်ဝင်ရောက်လာပြီး အခြားသူများကို သေးနုပ်သည်ဟု ထင်မြင်ကြ၏။ ယင်းအတွေးဝင်ရောက်သူ အာလင်မ်ပညာရှင်နှင့် သူတော်စင်တို့၏ ကောင်းမှုကုသိုလ်များပင်လျှင် ထိုမာနစိတ်ကြောင့် ပျက်စီးသွားရပေသည်။
ဤတတိယအမျိုးအစားဖြစ်သော ဝဆ်ဝဆာသည် ဤမျှကြောက်စရာကောင်းသည်မှာ အာလင်မ်ကြီးများနှင့် သူတော်စင်ကြီးများကိုပင် ငရဲလားစေလေသည်။

တရားရယူဖွယ် ဖြစ်ရပ်တစ်ခု
ဟဒီးစ်တော်တစ်ရပ်တွင် ဗနီအစ္စရာအီလ်ခေတ်သမယရှိ ဖြစ်ရပ်တစ်ခုကို ဆင့်ပြန်ထားသည်။ တစ်ခါက ရှိုက်သွာန်သည် ဗနီအစ္စရာအီလ်အမျိုးအနွယ်ရှိ မိန်းမပျိုတစ်ဦးအား လည်ပင်းညှစ်လိုက်ရာ နာမကျန်းဖြစ်သွားရသည်။ မိန်းကလေး၏ မိဘများမှာလည်း သောကရောက်ပြီး မည်ကဲ့သို့ ဆေးကုရမည်ကို တွေးတောနေကြ၏။ ထိုအခါ ရှိုက်သွာန်က မိဘများ၏ စိတ်ကူးထဲသို့ ထိုအရပ်ဒေသရှိ သူတော်စင်ကြီးတစ်ပါးထံ သွားရောက်မန်းမှုတ်ကုသရန် အသိထည့်ပေးလိုက်သည်။
ဤသို့ဖြင့် မိဘများသည် သမီးပျိုအား သူတော်စင်ကြီးထံ ဆေးကုရန် ခေါ်သွားကြ၏။ သူတော်စင်ကြီးက ပထမအကြိမ်တွင် ငြင်းဆန်သော်လည်း လူကြီးများ၏ အဖန်တလဲလဲတောင်းဆိုမှုကြောင့် မိန်းကလေးအား ဆေးကုသရန် မိမိနှင့်အတူ ခေါ်ဆောင်ထားလိုက်သည်။
ရက်အနည်းငယ်တွင် ရှိုက်သွာန်က သူတော်စင်ကြီး၏ စိတ်ကူးထဲသို့ မိန်းကလေးနှင့် မကောင်းမှုလုပ်ရန် ဝဆ်ဝဆာထည့်သွင်းလေတော့သည်။ အကြောင်းမှာ ထိုသူတော်စင်ကြီးသည် နှစ်ပေါင်းကြာမြင့်စွာကပင် အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်းနေခဲ့ရခြင်းကြောင့် ရှိုက်သွာန်၏ နှောင့်ယှက်မှုအပေါ် မိန်းကလေးနှင့် ကျူးလွန်မိလေတော့သည်။ ယင်းကြောင့် မိန်းကလေးမှာ ကိုယ်ဝန်ရသွားလေသည်။ ယခု သူတော်စင်ကြီးအနေနှင့် မိမိအား ထိုအပြစ်မှ လွတ်ကင်းရန် မည်သို့ကြံစည်ရမည်ကို သောကဗျာပါဒ များသွားလေသည်။ ထိုအခါ ရှိုက်သွာန်က ၎င်း၏စိတ်ကူးထဲသို့ မိန်းကလေးအား သတ်ပစ်ရန် ဝဆ်ဝဆာထည့်ပေးလိုက်သည်။ အကယ်၍ တစ်ဦးတစ်ယောက်လာမေးလျှင် မိန်းကလေးသေဆုံးသွားကြောင်း အဖြေပေးမည်ဟု မကောင်းသည့်အတွေးအခေါ်ဝင်ရောက်ကာ မိန်းကလေးအား သတ်ပြစ်လိုက်ပြီး အိမ်အနီးတစ်နေရာ၌ မြှုပ်နှံထားလိုက်သည်။
မိဘများက မိမိတို့၏ သမီးပျိုအား ခေါ်ဆောင်ရန် သူတော်စင်ကြီးထံ ရောက်ရှိလာပြီး မေးမြန်းရာ သူတော်စင်ကြီးက သေဆုံးသွားပြီဖြစ်ကြောင်း ဖြေလိုက်သည်။ သို့သော် အထောက်အထား အတိအကျမပြသနိုင်သဖြင့် မိန်းကလေးမိဘများ၏ တရားစွဲဆိုမှုကြောင့် သူတော်စင်ကြီးမှာ အသေစားသေ ပြစ်ဒဏ်ချမှတ်ခံရလေ၏။
သူတော်စင်မှာ မိမိအတွက် လွတ်လမ်းတစ်စုံတစ်ရာမမြင်တော့ပဲ မှိုင်တွေနေပေတော့သည်။ ထိုအချိန်မှာပင် ရှိုက်သွာန်ရောက်ရှိလာပြီး ဤသို့ပြော၏။
ဤအဖြစ်အပျက်အားလုံးသည် ကျွန်ုပ်ရှိုက်သွာန်၏ လှုံဆော်မှုကြောင့်သာ ဖြစ်၏။ ယခု ကျွန်ုပ်၏အကြံကိုလက်ခံခြင်းမှအပ အသင့်အဖို့ လွတ်ငြိမ်းခွင့်ရရန် အခြားနည်းလမ်းမရှိတော့ပါ။
သူတော်စင်က မိမိ၏အသက်ကို ကယ်တင်မှုရရှိနိုင်မည့် နည်းလမ်းသည် မည်သို့ပင် ဖြစ်စေ လိုက်နာမည့်အကြောင်း ပြောပေသည်။ ဤချက်ကောင်းကို စောင့်နေသော ရှိုက်သွာန်က ....... အသင်သည် ကျွန်ုပ်ကို စဂ်ျဒါ ဦးချမှု နှစ်ကြိမ်ပြုလိုက်မည်ဆိုပါက အသင့်၏အသက်ကို ကျွန်ုပ်ကယ်တင်ပေးမည်ဟု ပြောလိုက်သည်။ သနားဖွယ်သူတော်စင်မှာ သေဘေးမှ လွတ်မြောက်ချင်ဇောဖြင့် အမှားအမှန် တစ်ခုမျှစဉ်းစားမနေတော့ဘဲ ရှိုက်သွာန်အား ဦးချလိုက်တော့သည်။ ထိုအခါ ရှိုက်သွာန်က အသင့်ကို နှောင့်ယှက်ဖျက်စီးရန် ကျွန်ုပ်ကြိုးပမ်းနေသည်မှာ ယခုဆိုလျှင် နှစ် နှစ်ပြည့်မြောက်သွားခဲ့ပြီ။ ယခု ကျွန်ုပ်၏အကြံအစည်လည်း အောင်မြင်ပြီဖြစ်သောကြောင့် အသင်သည် မိမိသွားရမည့်လမ်းကို ရွေးချယ်လေတော့ဟု ရှိုက်သွာန်က ပြောလိုက်လေသည်။
နောက်ဆုံး ယင်းသူတော်စင်ကြီးသည် အီမာန်မပါဘဲ ကာဖိရ်ဘဝဖြင့် နိဂုံးချုပ် ဘဝဆုံးသွားရလေသည်။
ပညာရှင်အချို့၏ အဆိုအရ ၎င်းသူတော်စင်ကြီးသည် မိမိကိုယ်မိမိ မာနတက် အထင်ကြီးမှုကြောင့် ဤသို့ ပျက်စီးသွားရခြင်းဖြစ်သည်ဟု သိရှိရပေသည်။

"စဟရ် " အမှောင့်ပယောဂ ဆိုသည်မှာ
အရဗီအဘိဓာန်၌ စဟရ်ဆိုသည်မှာ ဖုံးကွယ်နေသောအရာ ဟူ၍ အဓိပ္ပါယ်ရသည်။ ဝေါဟာရ၌ အံ့သြထူးဆန်းဖွယ်ရာ လှည့်စားမှုတစ်မျိုးကို ခေါ်သည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်၏ အကြောင်းခံကို လွှတ်၍ ဖုံးကွယ်နေသော (အခြား)အကြောင်းခံများကို အသုံးချပြီး ထူးဆန်းအံ့သြလောက်သည့် ဖြစ်ရပ်ကိစ္စများကို ဖြစ်ပေါ်ဖန်တီးစေခြင်းကို စဟရ်ဟု ခေါ်သည်။
အစ္စလာမ့်ပညာရှင်အားလုံး၏ အဆိုအရ စဟရ်အမှောင့်ပယောဂပညာသည် အမှန်တကယ်ရှိပြီး ပယောဂလုပ်ခံရသူ၊ ပြုစားခံရသူတို့တွင် ဆုတ်ယုတ်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တန်ခိုးတော်ဖြင့် ထိရောက်စေနိုင်သောစွမ်းပကားကို ထည့်သွင်းပေးထားတော်မူသည်။ ဥပမာ အဆိပ်အတောက်နှင့် ဆေးဝါးများတွင် သက်ဆိုင်ရာအစွမ်းသတ္တိရှိသကဲ့သို့ စဟရ်ပယောဂ၌လည်း ဤသို့စူးရှမှုနှင့် အစွမ်းများ ရှိနေပေသည်။

မုအ်ဂျိဇာနှင့် စဟရ် အမှောင့်ပယောဂ၏ ခြားနားပုံ
မုအ်ဂျိဇာဆိုသည်မှာ အကြောင်းခံတစ်စုံတစ်ရာ မလိုအပ်ဘဲ အလ္လာဟ်အရှင်မြတ်ဘက်မှ တိုက်ရိုက်ဖြစ်ပေါ်စေသော တန်ခိုးပြာဋိဟာ ဖြစ်သည်။ နဗီတိုင်းသည် အလ္လာဟ်တစ်ပါးတည်း တည်ရှိကြောင်းကို ပြသရန်နှင့် မိမိတို့သည် ထိုအရှင်မြတ်၏ စေတမန်များဖြစ်ကြောင်း လူတို့ထံမှ ယုံကြည်မှုရရန်အလို့ငှာ သဘာဝနှင့် ဆန့်ကျင်ဘက် တန်ခိုးဖြစ်ရပ်များကို ပြသကြလေသည်။ ထိုသို့ပြသရာ၌ အချိန်အခါမရွေးပြသနိုင်သလို စနစ်တကျ သင်ပေးသင်ယူ ပြုရခြင်းမျိုးလည်း မရှိပါ။
စဟရ် အမှောင့်ပယောဂဟူသည်ကား သီးသန့်စနစ်တကျ သင်ယူပြသမှ ရရှိနိုင်သည့် အတတ်ပညာဖြစ်၏။ စဟရ်၏ အချို့သောလုပ်ရပ်များတွင် ရှိုက်သွာန်များ၊ မကောင်းဆိုးဝါးများ၊ မကောင်းသော ဝိဉာဉ်များ၏ အကူအညီကို ရယူကြသည်။ ဤလုပ်ရပ်သည် ရှရစ်က်လုပ်ရပ်နှင့် တူညီသောကြောင့် ပြုလုပ်သူသည် ကာဖိရ်ဖြစ်သည်။ ထိုသို့ ဂျင်န် ရှိုက်သွာန်များ၏ အကူအညီမပါဘဲ တစ်ပါးသူအား ဒုက္ခပေးရန် သို့မဟုတ် ဆုံးရှုံးနစ်နာစေရန် အခြားသောနည်းများဖြင့် ပြုမည်ဆိုပါက ထိုသူသည် ဂုနာကဗီရာ ကြီးလေးသောအပြစ်ထိုက်၏။ ဟရာမ်ကိစ္စကို ကျူးလွန်သူ ဖြစ်၏။
ထို့ကြောင့် ရှရီအသ်၌ စုန်းအတတ်ပညာ၊ မှော်အတတ်ပညာနှင့် အခြားသော အမှောင့်ပယောဂအတတ်ပညာများကို သင်ပေး၊ သင်ယူပြုသူ နှစ်ဦးတွင် အပြစ်ထိုက်၍ ထိုသို့ သင်ပေး သင်ယူပြုခြင်းသည် ဟရာမ်ဖြစ်၏။

နမ္မရူးဒ်ဘုရင်ခေတ်၌ ရှိခဲ့သော မှော်အတတ်ပညာ
ခိုင်လုံသော သမိုင်းရာဇဝင်ကျမ်းများ၌ ရေးသားပါရှိသည်မှာ နမ္မရူးဒ်ဘုရင်၏ ခေတ်သမယတွင် ဘေဘီလုံမြို့ရှိ မှော်အတတ်ပညာကို အထူးကျွမ်းကျင်တတ်မြောက်ထားကြသော မှော်ဆရာကြီးများက လူတို့ ဉာဏ်မမှီနိုင်လောက်အောင် အံ့ဖွယ်ဆန်းကြယ်သော မှော်ဂျာဒူ ခြောက်မျိုးကို ဘုရင်မြို့တွင်း၌ ပြုလုပ် ဖန်တီးထားသည်။
ယင်းတို့မှာ .........
(၁) မြို့ဝ၌ ကြေးနီဖြင့် သွန်းလောင်းထားသော ဘဲငန်းရုပ်ကြီးတစ်ကောင် ထားရှိလေသည်။ ၎င်းဘဲရုပ်ကြီး၏ အံ့ဖွယ်ထူးခြားချက်မှာ သူခိုးနှင့် ထောက်လှမ်းသူ တစ်ဦးတစ်ယောက် မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုက်နက် အော်မြည်ကာ သတင်းပေးလေတော့သည်။ ထိုအခါ မြို့စောင့်က လိုက်လံရှာဖွေ၍ သူခိုးအား ဖမ်းဆီးလိုက်သည်။
(၂) ပျောက်ဆုံးသွားသော ပစ္စည်းအတွက် ဗုံကြီးတစ်လုံး ပြုလုပ်ထား၏။ အကယ်၍ တစ်ဦးတစ်ယေက်၏ ပစ္စည်း ပျောက်ရှသွားပါက ထိုဗုံကြီးကို တီးလိုက်လျှင် ပျောက်သွားသောပစ္စည်းရှိသည့်နေရာကို ပြသလိုက်သည်။
(၃) ထူးဆန်းသော ရေကန်တစ်ကန် ပြုလုပ်ထားသည်။ ထိုရေကန်၌ အမျိုးမျိုးအဖုံဖုံသော အဖျော်ယမကာများ ရောနှောထည့်ထားသည်။ သို့သော် မိမိသောက်လိုသော ဖျော်ရည်အား ခပ်လိုက်သည်နှင့် ထိုဖျော်ရည် ပါလာသည်။ သောက်သုံးသူအနေနှင့် မိမိသောက်လိုသော ဖျော်ရည်ကို စိတ်တိုင်းကျသောက်နိုင်သည်။ စင်စစ်တွင် ကန်ထဲ၌ ဖျော်ရည်မျိုးစုံ ရောပြွမ်းထားရှိလေသည်။
(၄) အံ့သြဖွယ်ကောင်းသော ကြေးမှုံမှန်တစ်ချပ် နမ္မရူးဒ် ဘုရင့်နန်းဆောင်အတွင်း ထားရှိသည်။ ယင်းမှန်တွင် အဝေးတစ်နေရာရောက်နေသောသူ၏ ရုပ်သွင်နှင့် အခြေအနေကို ကြည့်ရှုတွေ့မြင်နိုင်သည်။
(၅) နမ္မရူးဒ်ဘုရင်၏ နန်းဆောင်အပြင်ဘက်၌ အပင်ကြီးတစ်ပင် စိုက်ပျိုးထားသည်။ ထိုအပင်ကြီး၏ အရိပ်အာဝါသသည် တိုင်းပြည်ရှိ လူဦးရေ အတိုးအလျော့အလိုက် အရိပ်မှာလည်း ကျယ်ပြန့်ခြင်း ကျုံသွားခြင်း ရှိလေသည်။ အကယ်၍ တိုင်းပြည်၌ လူဦးရေတိုးပွားလာပါက အပင်၏ အရိပ်မှာလည်း မူလအပင်၏ အရိပ်ထက် များစွာကြီးမားကျယ်ပြန့်စွာ အရိပ်ဖြစ်ပေါ်လာသည်။ အကယ်၍ လျော့နည်းသွားပါက အပင်အရိပ်မှာလည်း လူဦးရေအလိုက် သေးငယ်သွားသည်။
(၆) ရေကန်တစ်ကန် ရှိသည်။ ထိုရေကန်၏ အံ့ဖွယ်ထူးခြားချက်မှာ ပစ္စည်းတစ်ခုကို သူပိုင်သည်၊ ငါပိုင်သည်ဟု အငြင်းပွားနေပါက ထိုသူနှစ်ဦးကို ရေကန်ထဲဆင်းစေလိုက်သည်။ ပိုင်ရှင်အမှန်ဖြစ်သူသည် ကန်ထဲ၌ ခါးဝက်အထိသာ ရေမြုပ်ပြီး လိမ်လည်သူဖြစ်ပါက ရေကန်၌ ရေနစ်မြုပ်၍ သေဆုံးသွားရလေသည်။

စဟရ် အမှောင့်ပယောဂအား ကုစားနည်း
(ခ) စူရာဖလက်ပ်နှင့် စူရာနားစ်တို့ကို (၁၁)ကြိမ်စီ ဖတ်၍ မုန်ညင်းဆီတွင်း မန်းမှုတ်ပါ။ ၎င်းနောက် ပယောဂထိထားသော ရောဂါသည်၏ မျက်စိ၊ နား၊ နှားခေါင်းဝ၊ လက်သည်းခွံ၊ ခြေသည်းခွံ အားလုံးတွင် ပွတ်လိမ်းပါ။ ((ကျန်ရှိသော နည်းများကို ဤနေရာ၌ ဖော်ပြရန် မသင့်သဖြင့် စာအုပ်တွင်သာ ဖတ်ရှုလေ့လာပါ။))

ဗဟုသုတ
ဒမီရီ (ရဟ)က မိန့်သည်မှာ ဂျင်န်အားလုံးသည် အိဗ်လီးစ်၏ မျိုးဆက်များ ဖြစ်ကြသည်။ ဖရစ်ရှ်သာ ကောင်းကင်တမန် မျိုးဆက်တွင် မပါဝင်ကြပါ။ အဘယ့်ကြောင့်ဆိုသော ဖရစ်ရှ်သာများတွင် အမျိုးသား၊ အမျိုးသမီးဟူ၍ မရှိသလို မျိုးဆက်ပြန့်ပွားခြင်းမျိုးလည်း မရှိပါ။ ၎င်းပြင် ဂျင်န်များထဲမှ အမိန့်ဖီဆန်သူ ဆိုးသွမ်းသူများကို ရှိုက်သွာန်ဟု ခေါ်ဆိုပေသည်။
ရှိုက်သွာန်များ၌လည်း အုပ်စုအမျိုးမျိုး ရှိကြပြီး ပုံစံအသွင်တစ်မျိုးစီဖြင့် လူသားများကို နှောင့်ယှက်ဖျက်ဆီးကြလေသည်။
ရှိုက်သွာန်အုပ်စုတစ်စုမှာ လူသားများ စိတ်သောက အမျိုးမျိုးရောက်ရန်နှင့် ဘေးဒုက္ခအမျိုးမျိုး ဖြစ်စေရန် လှုံ့ဆော်ကြသည်။ ယင်းအုပ်စုအား စီဗာဟ် ဟု အမည်ပေးထားသည်။
နောက်ထပ် အုပ်စုတစ်ခု၏ အမည်မှာ အအ်ဝရ် ဖြစ်သည်။ ၎င်းတို့သည် လူပျိုအပျိုများ ဇိနာအမှုကျူးလွန်စေရန် လှုံ့ဆော်ပေးသည်။
တတိယအုပ်စု၏ အလုပ်မှာ တစ်ဦးတစ်ယောက်သည် အိမ်ထဲသို့ စလာမ်မပေးဘဲ ဝင်ရောက်ပါက ထိုရှိုက်သွာန်သည်လည်း ၎င်းနှင့်အတူ အိမ်ထဲသို့ ဝင်ရောက်လာပြီး မိသားစုအတွင်း ပြဿနာဖြစ်ပေါ်စေရန် အနှောင့်အယှက်ပေးလေသည်။ ယင်းရှိုက်သွာန်အုပ်စုကို ဝါစင်မ်ဟု ခေါ်တွင်သည်။ ((ထို့ကြောင့် အပြင်မှ အိမ်တွင်းသို့ဖြစ်စေ၊ ရုံး၊ ဆိုင် အစရှိသည်တို့အတွင်းသို့ ဝင်ပါက စလာမ်ဆို၍ ဝင်ရမည်။ ဝင်သူသည် အဖေဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ အဖိုး အဖွား လူကြီးလူကောင်း အုပ်ချုပ်သူ ဥက္ကဌပင်ဖြစ်စေ ဘုရင်ပင်ဖြစ်စေ မည်သူမဆို စလာမ်ဆို၍ ဝင်ရပေမည်။ ငါက ဒီနေရာက လူကြီးပဲ အဖေပဲ ခင်ပွန်းပဲ ဘာပဲ ညာပဲဟု စိတ်တွင်းတွေးကာ စလာမ်မဆိုလျှင် ရှိုက်သွာန်ကတော့ ခင်ဗျားဘာကြီးပဲ ဖြစ်နေပါ့စေ သူပါ အတူဝင်လာကာ ပြဿနာရှာမည်သာဖြစ်၏။ ထို့ကြောင့် တစ်နေရာရာသို့ ဝင်ရောက်ပါက စလာမ်ဆိုပါ။ အားလုံးကြားအောင် အော်ဆိုနေရန် မလိုအပ်ပါ။ သာမာန်အသံဖြင့် စလာမ်ပြုလျှင် လုံလောက်ပါသည်။ အဓိက ဝင်ရောက်ချိန် စလာမ် ပါရှိရန် လိုအပ်သည်။))
စတုတ္ထရှိုက်သွာန်အုပ်စုမှာ ဝလ်ဟားန်ဖြစ်သည်။ ၎င်းတို့၏ တာဝန်မှာ နမားဇ်ဆောက်တည်နေသူ၏ နှလုံးသားအတွင်း ဝဆ်ဝဆာ အတွေးပေါင်းစုံကို ထည့်သွင်း၍ နှောက်ယှက်ကြလေသည်။

သံပုရာသီးရှိသည့်အိမ်သို့ ဂျင်န် မဝင်နိုင်ခြင်း
ဂျင်န်များ၏ အကျင့်အမူတစ်ရပ်မှာ ရှောက်ချိုသီးနှင့် သံပုရာသီးရှိသည့်အိမ်အတွင်းသို့ ဝင်ရောက်ခြင်း မရှိပါ။
အိမာမ်အဗူလ်ဟစန်အလီဗင်န်ဟစန်သခင်က အမိန့်ရှိခဲ့သည်။ (သခင်သည် ဂျင်န်များ၏ တရားသူကြီးဟု နာမည်ကျော်ခဲ့သူ ဖြစ်၏) ဂျင်န်တစ်ဦးသည် ကျွန်ုပ်ထံသို့လာ၍ စာဖတ်လေ့ရှိသည်။ တစ်ရက် လာနေကျအချိန်ထက် နောက်ကျသွားလေရာ သခင်က အကျိုးအကြောင်း မေးမြန်းလိုက်၏။ ထိုအခါ ဂျင်န်က ယနေ့သခင်ကြီးအိမ်၌ သံပုရာသီးရှိနေသောကြောင့် ကျွန်ုပ်မဝင်ဘဲ ဤသို့ နောက်ကျရခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဂျင်အမျိုးအနွယ်များသည် သံပုရာသီးရှိနေသောအိမ်အတွင်းသို့ ဝင်ခြင်းမရှိပါ ..... ဟု အဖြေပေးလေသည်။
ဟဒီးစ်တော်တစ်ရပ်တွင် ... အနီရောင်ရှိသော ခိုငှက်နှင့် ရှောက်ချိုသီးကို ကြည့်ရှုခြင်းအား တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နှစ်ခြိုက်တော်မူလေသည် ဟု ဆင့်ပြန်လာရှိပေသည်။

ဂျင်န်များကို အိပ်မက်လျှင်
(က) တစ်ဦးတစ်ယောက်သည် အိပ်မက်၌ ဂျင်န်များကို ကုရ်အာန်သင်ပေးနေသည်ဟု မြင်မက်ပါက "" ဥစ္စာနှင့် ရာထူး တိုးပွားအံ့""
(ခ) မိမိအိမ်ထဲသို့ ဂျင်န် ဝင်လာသည်ဟု မြင်မက်လျှင် " သူခိုးရန်မှ စိုးရိမ်ဖွယ်ရှိ၏ "
(ဂ) အိပ်မက်၌ ရူးနေသူကိုလည်းကောင်း၊ သို့မဟုတ် မိမိကိုယ်တိုင် ရူးသွားသည်ဟုလည်းကောင်း မြင်မက်သော် "ထိုသူသည် အတိုးအညွန့်စားသုံးသူ ဖြစ်အံ့ "
(ဃ) တစ်ဦးတစ်ယောက်သောသူက ဂျင်န်များနှင့် အလုပ်အတူတူလုပ်ကိုင်နေသည်ဟု မြင်မက်ပါက " မိမိအပေါ် လူလည်ကျမည့်သူနှင့် ကြုံကြိုက်ရအံ့ "
-----။-----
{{မော်လာနာကာရီမုဟမ္မဒ်ယူနွတ်(စ်) (မအူပင်) ပြန်ဆိုရေးသားသော တိရိစ္ဆာသုတကမ္ဘာနှင့် အဖိုးတန်ဆေးနည်းများ စာအုပ်မှ ကူးယူတင်ဆက်ပါသည်။}}

အလ်မုဖီးဒ်
ရမ်ဇာန်/ ၂၇/ ယောင်မုလ်အရ်ဗာအ်/ ဟိဂျရီ ၁၄၃၆

Wednesday 13 June 2018

အရည်အချင်း ၆ ရပ်နဲ့ အကျယ်ရှင်းပြချက်။

ဆွဟာဗာဟ်သာဝကကြီးများဟာ ကိုယ်တော်မြတ်(စွ)
အနီးအပါးမှာနေပြီးတော့ရဲ့ ၊ မြောက်များစွာသောအရည်အချင်းများကို ရရှိခဲ့ပါတယ်။ ထိုအရည်အချင်းများထဲမှအချို့သော အရည်အချင်းများကို လက်တွေ့ လိုက်နာကျင့်သုံးသွားမယ်ဆိုရင် ဒီးန်သာသနာ
တစ်ခုလုံးပေါ်မှာ လွယ်လင့်တစ်ကူလျှောက်လှမ်းနိုင်မှာ
ဖြစ်ပါတယ်။ထိုအရည်အချင်းများကိုခြေးဆွေဖာ့သ်(ခေါ်)
အရည်အချင်း(၆)ရပ်လို့ခေါ်ပါတယ်။

ထိုအရည်အချင်းများကတော့---

(၁)ကလေမာဟ်သွိုင်ယိဗဟ် လားအီလားဟအိလ်လလ္လား ဟု မိုဟမ္မဒွရ်ရစူလွလ်လ္လာဟ်။
(ကလေမဟ်ကို သက်သေခံချင်းပဲဖြစ်ပါတယ်)

(၂)ဆွလာသ်(ခေါ်)နမာဇ်။
(ဆွလာသ်ဝတ်ပြုခြင်းပဲဖြစ်ပါတယ်။)

(၃)အီလင်မ်
(သာသနာ့ပညာသင်ယူဆည်းပူးခြင်း)နှင့်
ဇိကိရ်
(အလ္လာဟ်အသျှင်မြတ်ကိုအောက်မေ့တသသတိရခြင်းပဲဖြစ်ပါတယ်)

(၄)အိက်ရားမ်မေ့မွတ်စ်လင်မ်။
(မွတ်စ်လင်မ်အချင်းချင်းရိုင်းပင်းကူညီခြင်းပဲဖြစ်ပါတယ်)

(၅)အိခ်လားစ်ဆွေ့နိယာဒ်။
(စိတ်စေတနာဖြူစင်ခြင်းပဲဖြစ်ပဲတယ်)

(၆)ဒါဝသ်သဗ်လိဂ်။
(အလ္လာဟ့်လမ်းထွက်ခြင်းပဲဖြစ်ပါတယ်)

[ဤအရည်အချင်း(၆)ရပ်၏အကျယ်တဝင့်ကိုအောက်တွင်
ဖော်ပြထားပါသည်။]

●(၁)ကလေမဟ်သွိုင်ယိဗာဟ်လားအိလားဟ အိလ်လ္လားဟု မိုဟမ္မဒွရ် ရစူလွလ္လာဟ်။
(ကလေမဟ်တော်ကို သက်သေ ခံခြင်းပဲဖြစ်ပါတယ်)

''ရည်ရွယ်ချက်''
အဖန်အဆင်းခံနှင့်ဘာမှမဖြစ်နိုင်ပါ။ဖန်ဆင်းရှင်နဲ့ပဲဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကျွန်တော်တို့နှလုံးသားထဲရောက်ရှိဖို့။
တမန်တော်မြတ်ကြီး(စွ)ဟာအလ္လာဟ်အသျှင်မြတ်ရဲ့ရစူလ်တမန်တော်ဖြစ်ကြောင်း။
တမန်တော်မြတ်ကြီး(စွ)၏နည်းစနစ်တွေမှာပဲရာနှုန်းပြည့်
အောင်မြင်မှုရှိတယ်။
အခြားနည်းစနစ်တွေမှာရာနှုန်းပြည့်ဆုံးရှုံးမှုရှိတယ်ဆိုတဲ့
ယုံကြည်ချက်၊ကျွန်တော်တို့ နှလုံးသားထဲကိုရောက်ရှိစေဖို့ ဖြစ်ပါတယ်။

''အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့မြောက်များစွာလာရှိပါတယ်။
အကြင်သူဟာကလေမဟ်တော်ကိုအိခ်လားစ်နဲ့တစ်ကြိမ်
ဖတ်ခဲ့မယ်ဆိုလျှင်၊အရင့်အရင်ကျူးလွန်မိခဲ့တဲ့ဂိုနာဟ်
တွေကိုအလ္လာဟ်အသျှင်မြတ်ကခွင့်လွှတ်ပေးမှာ ဖြစ်ပါတယ်။
ကိုယ်တော်မြတ်(စွ)ရဲ့စွန္နသ်တော်တစ်ခုကို
အကောင်အထည်ဖော်မယ်ဆိုလျှင်၊ရှဟီဒီပေါင်း(၁၀၀)ရဲ့ အကျိုးစဝါးဗ်ကိုရရှိမှာဖြစ်ပါတယ်။
ရှဟီဒီတစ်ယောက်ရဲ့အဆင့်အတန်းဟာဆိုလျှင် ထိုရှဟီဒ်ရဲ့သွေး၊မြေမခခင်မှာပင်၊အလ္လာဟ်အသျှင်မြတ်က ဂျန္နသ်ကိုဝါဂျိဗ်အဖြစ်သတ်မှတ်ပြီးသားဖြစ်ပါတယ်။

"ရယူပုံ ရယူနည်း"
ဒါဝသ်၊ကလေမဟ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
ကလေမဟ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
စွန္နသ်တော်တွေရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊ စွန္နသ်တော်ဖက်ကိုဒါဝသ်ပေးဖိတ်ခေါ်နေရမှာဖြစ်ပါတယ်။
မရှ်က်၊
အလ္လာဟ်အသျှင်မြတ်ရဲ့ကြီးကျယ်မှုတွေနှလုံးသားထဲ ရောက်ရှိလာဖို့အတွက်၊အလ္လာဟ်အသျှင်မြတ်ရဲ့ကြီးကျယ်မှုတွေကို-
များများပြောမယ်၊
များများနားထောင်မယ်၊
များများကြည့်မယ်၊
များများစဉ်းစားမယ်။
ဒီလိုင်းလေးလိုင်းနဲ့ပဲအလ္လာဟ်အသျှင်မြတ်ရဲ့ကြီးကျယ်မှု
တွေကျွန်တော်တို့နှလုံးသားထဲရောက်ရှိလာမှာဖြစ်တယ်။
စွန္နသ်တော်တွေကိုရှာဖွေသင်ယူပြီးတော့လက်တွေ့
လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။

'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးတို့အားကလေမဟ်ရဲ့ဟကီကသ် ကိုချီးမြှင့်ပေးသနားတော်မူပါ။
ကလေမဟ်ပေါ်မှာလက်တွေ့လိုက်နာနိုင်စွမ်းချီးမြှင့်
ပေးသနားတော်မူပါ။
ကျန်ရှိတဲ့သက်တမ်းမှာလဲကိုယ်တော်မြတ်ကြီး(စွ)ရဲ့ စွန္နသ်တော်တွေကိုသိရှိပြီး၊သက်တမ်းမွေးမြူနိုင်စွမ်း
ပေးသနားတော်မူပါ"
ဟု ဒိုအာတောင်းခံရမှာဖြစ်ပါတယ်။

●(၂)ဆွလာသ်(ခေါ်)နမာဇ်။
(နမာဇ် ဝတ်ပြုခြင်းပဲဖြစ်ပါတယ်)

"ရည်ရွယ်ချက်"
မိမိရဲ့သက်တမ်းတစ်ခုလုံးဟာနမာဇ်၏အရည်အချင်းတွေ
မှာရောက်ရှိသွားဖို့ ဖြစ်ပါတယ်။

"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့မြောက်မြားစွာလာရှိပါတယ်။
အကြင်သူဟာနမာဇ်(၅)ကြိမ်ကိုစွဲစွဲမြဲမြဲဖတ်ခဲ့မယ်ဆိုလျှင်၊
အလ္လာဟ်အသျှင်မြတ်ကိုယ်တိုင်ဂျန္နသ်ကိုတာဝန်ယူပြီး၊
ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
နမာဇ်မဖတ်တဲ့သူကိုတော့ဘာမှတာဝန်ယူမှာမဟုတ်ပါဘူး။ကာဖိရ်နှင့်မွတ်စလ်မာန်ခြားနားခြင်းဟာလည်းနမားဇ်ပဲ ဖြစ်ပါတယ်။

"ရယူပုံရယူနည်း"
ဒါဝသ်နမာဇ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီးနမာဇ်ဖက်ကိုဒါဝသ်ပေးဖိတ်ခေါ်နေရမယ်။
မရှ်က်၊
နမားဇ်(၅)ကြိမ်ကိုသပ်က်ဗီးရ်အူလာနှင့်တကွ
သူ့အချိန်နှင့်သူစွဲစွဲမြဲမြဲဖတ်ပေးရမှာဖြစ်တယ်။
စွန္နသ်၊ဝါဂျိဗ်၊နဖိလ်များကိုလည်းဖတ်ပေးရမှာဖြစ်တယ်။
မိမိသက်တမ်းမှာလွတ်ခဲ့တဲ့အွမ့်ရေကဇွာနမာဇ်များကိုလည်းလိုက်လံဖြည့်စွက်ပြီးဖတ်ပေးရမှာဖြစ်တယ်။
ညမှာရှည်လျားတဲ့ရကအသ်တွေနဲ့နမာဇ်ကိုမရှ်က်
လုပ်နေရမှာဖြစ်တယ်။
အသက်ပါတဲ့နမာဇ်ဖြစ်လာစေရန်အတွက်
အချက်ကြီး(၅)ချက်ပေါ်မှာလိုက်နာကျင့်သုံးရမှာဖြစ်တယ်။၎င်းတို့မှာ-
၁၊စစ်မှန်တဲ့ရည်စူးချက်။
၂၊စစ်မှန်တဲ့ယုံကြည်ချက်။
၃၊နမာဇ်ရဲ့အကျိုးကျေးဇူးများကိုသိရှိခြင်း။
၎၊နမာဇ်ပိုင်/မပိုင် မဆ်အလဟ်များသိရှိခြင်း။
၅၊ရူကွန်တိုင်းရူကွန်တိုင်းမှာအလ္လာဟ်အသျှင်မြတ် နှင့်(၃)ကြိမ်အနည်းဆုံးဆက်သွယ်ခြင်း။

'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအားတမန်တော်မြတ်ကြီး(စွ)နှင့်
ဆွဟာဗဟ်သာဝကကြီးများဖတ်ခဲ့တဲ့အသက်ပါတဲ့နမားဇ်မျိုးဖတ်နိုင်တဲ့သောဝ်ဖစ်က်စွမ်းအားပေးသနားတော်မူပါ"
ဟုဖရာဇ်နမာဇ်ပြီးတိုင်း၊ပြီးတိုင်းမှာတောင်းခံနေရမှာ
ဖြစ်ပါတယ်။

●(၃)အီလင်မ်(သာ့သနာ့ပညာသင်ယူဆည်းပူးခြင်း)နှင့်
ဇိကိရ်(အလ္လာဟ်အသျှင်မြတ်အား တသ သတိရခြင်း)

"အီလင်မ်၏ရည်ရွယ်ချက်"
အခြေအနေတိုင်းမှာအလ္လာဟ်အသျှင်မြတ်ရဲ့အမိန့်ဘာတွေရှိလဲသိရှိခြင်း၊လိုက်နာခြင်းဖြစ်တယ်။

"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့မြောက်များစွာလာရှိပါတယ်။
အကြင်သူဟာအီလင်မ်ပညာသင်ယူဆည်းဖူးဖို့၊
ခရီးထွက်ခဲ့မယ်ဆိုလျှင်၊အလ္လာဟ်အသျှင်မြတ်သခင်က
ဂျန္နသ်သွားရာလမ်းကို လွယ်ကူချောမွေ့စေမှာဖြစ်တယ်။

"ရယူပုံရယူနည်း"
ဒါဝသ်အီလင်မ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
အီလင်မ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။
တစ်နေ့ကို(၂)ကြိမ်သာလင်မ်ဝိုင်းမှာပါဝင်ပေးရမှာ
ဖြစ်ပါတယ်။
မရှ်က်၊
အီလင်မ်မှာအမျိုးအစား(၂)မျိုးရှိပါတယ်။
ဖဇာအိလ်နှင့်မစာအိလ်။
ဖဇာအိလ်ကိုတော့သာလင်မ်၏ဟလ်ကာဝိုင်းတွေမှာ
သင်ယူရမှာဖြစ်တယ်။
မစာအိလ်ကိုတော့စစ်မှန်တဲ့အစ္စလာမ့်သာသနာ့ပညာရှင်များ၏ထံပါးမှာသင်ယူဆည်းပူးရမှာဖြစ်တယ်။

'ဒိုအာ'
"အိုအလ္လာဟ်! ကျွန်တော်မျိုးအားအီလင်မ်၏ဟကီကသ်ချီးမြှင့်တော်မူပါ။
အမလ်ပေါ်မှာရပ်တည်နိုင်မည့်၊တွန်းပို့နိုင်မည့်၊
ဖြစ်စေနိုင်မည့်အီလင်မ်မျိုး ချီးမြှင့်တော်မှုပါ"
ဟု ဒိုအာပြုရမှာဖြစ်တယ်။

"ဇိကိရ်၏ရည်ရွယ်ချက်"
(၂၄)နာရီကာလပါတ်လုံးအလ္လာဟ်အသျှင်မြတ်ဘက်မှာ
အာရုံရှိရမှာဖြစ်တယ်။

"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့မြောက်များစွာလာရှိပါတယ်။
အကြင်သူရဲ့နှုတ်လျှာဟာဇိကိရ်နဲ့စိုစိုပြေပြေရှိနေမယ်ဆိုရင်
ဂျန္နသ်ကိုပျော်ရွှင်ဝမ်းမြောက်စွာဝင်ရောက်ရမှာဖြစ်တယ်။
ဇိကိရ်စိပ်တဲ့သူဟာဆိုလျှင်ရှင်သူပမာဖြစ်ပြီး၊
ဇိကိရ်မစိပ်တဲ့သူဟာဆိုလျှင်အသက်ရှင်လျက်နှလုံးသား
သေသူပမာဖြစ်တယ်။

"ရယူပုံရယူနည်း"
ဒါဝသ်၊ဇိကိရ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
ဇိကိရ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်တယ်။
အာရုံနှင့်တကွစိတ်ပေးရမှာဖြစ်တယ်။
ကုရ်အာန်သေလာဝသ်ကိုလည်းအချိန်သတ်မှတ်ပြီး၊ နေ့စဉ်ဖတ်ပေးရမှာဖြစ်တယ်။
မတ်စ်နှုန်းဒိုအာကိုလည်းကျက်မှတ်ပြီးသူ့နေရာနှင့်သူ ကျင့်သုံးရမှာဖြစ်တယ်။

'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအား'ဂဖလာသ်'ဆိုတဲ့မေ့လျော့ခြင်းမှ
ထိန်းသိမ်းပြီး၊အလ္လာဟ်အသျှင်မြတ်အားအမြဲတမ်းသတိရ၊ တသ၊သူအဖြစ်ထားရှိတော်မူပါ"
ဟုဒိုအာပြုရမှာဖြစ်တယ်။

●(၄)အိက်ရားမ်မေ့မွတ်စ်လင်မ်
(မွတ်စ်လင်မ်အချင်းချင်း ရိုင်းပင်းကူညီခြင်း)

"ရည်ရွယ်ချက်"
အီမာန်ရှိခြင်းကိုအကြောင်းခံပြီး၊တစ်ဦးကိုတစ်ဦး၊
အိက်ရာမ်လုပ်ရမှာဖြစ်ပါတယ်။

"အကျိုးကျေးဇူး"
အကျိုးကျေးဇူးမြောက်များစွာလာရှိပါတယ်။
အကြင်သူဟာမွတ်စ်လင်မ်တစဦးရဲ့အရှက်သိက္ခာကို
ဖုံးအုပ်ခဲ့မယ်ဆိုလျှင်၊ကေယာမသ်နေ့မှာ
အလ္လာဟ်အသျှင်မြတ်ကလည်း၊မိမိရဲ့အရှက်သိက္ခာကို ဖုံးအုပ်ပေးမှာဖြစ်ပါတယ်။

"ရယူပုံ ရယူနည်း"
ဒါဝသ်၊အိက်ရားမ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
အိက်ရားမ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရှ်က်၊
ကြီးသူကိုရိုသေ၊ငယ်သူကိုသနား၊
အာလင်မ်သာသနာ့ပညာရှင်များကိုဂုဏ်ပေးလေးစားရမှာ
ဖြစ်ပါတယ်။
အိက်ရားမ်ရရှိဖို့အတွက်ခေသ်မသ်များများလုပ်ရမှာ
ဖြစ်ပါတယ်။

'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအားတမန်တော်မြတ်(စွ)နှင့်ဆွဟာဗဟ်
သာဝကကြီးများထားခဲ့တဲ့'အခ်လားက်'မျိုး
ပေးသနားတော်မှုပါ"
ဟုဒိုအာပြုရမှာဖြစ်ပါတယ်။

●(၅)အိခ်လားစ်ဆွေ့နိယာဒ်(စိတ်စေတနာ ဖြူစင်ခြင်း)

"ရည်ရွယ်ချက်"
လုပ်ရပ်တိုင်းလုပ်ရပ်တိုင်းဟာအလ္လာဟ်အသျှင်မြတ်
အတွက်သက်သက်ဖြစ်ရပါမယ်။

"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့မြောက်များစွာလာရှိပါတယ်။
အိခ်လားစ်နဲ့လုပ်တဲ့လုပ်ရပ်တိုင်းမှာအလ္လာဟ်အသျှင်မြတ်
ကအင်အားထည့်ပေးမှာဖြစ်ပါတယ်။

"ရယူပုံ ရယူနည်း"
ဒါဝသ်၊အစ်ခ်လာ့စ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
အစ်ခ်လာ့စ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရှ်က်၊
အလုပ်တစ်ခုကိုစတင်ပြီဆိုလျှင်'ဗိစ်မစ်လ္လာဟ်'
နဲ့စတင်ရမှာဖြစ်ပြီး၊
အလုပ်တစ်ခုလုပ်ခွင့်ရပြီဆိုလျှင် 'အလ်ဟမ်ဒုလစ်လ္လာဟ်' ဖတ်ပြီးအလ္လာဟ်အသျှင်မြတ်ကို၊ဦးစွာပထမကျေးဇူး
တင်ရမှာဖြစ်ပါတယ်။
လုပ်ငန်းပြီးဆုံးသွားပြီဆိုလျှင်'အိစ်သိဂ်ဖွာရ်'နဲ့အဆုံးသတ်

အိခ်လားစ်ရရှိရမှာဖြစ်တယ်။ဖို့အတွက်ကိုအေဗာဒသ်များများလုပ်ရမှာ
ဖြစ်ပါတယ်။

'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအား၊တမန်တော်မြတ်(စွ)နဲ့ဆွဟာဗဟ်
သာဝကကြီးများထားခဲ့တဲ့အိခ်လားစ်မျိုးချီးမြှင့်တော်မူပါ"
ဟုဒိုအာပြုရမယ်။

●(၆)ဒါဝသ်သဗ်လိဂ်
(အလ္လာဟ့်လမ်းထွက်ခြင်း)

"ရည်ရွယ်ချက်"
မိမိရဲ့ဂျာန်(အသက်)၊မလ်(ဥစ္စာပစ္စည်း)၊ဝပ်က်သ်(အချိန်)
ကိုသက်တမ်းမှာမှန်ကန်စွာသုံးစွဲတဲ့နည်းစနစ်ကို အလ္လာဟ့်လမ်းတွေမှာထွက်ပြီးသင်ယူရမှာဖြစ်ပါတယ်။

"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့မြောက်များစွာလာရှိပါတယ်။
အကြင်သူဟာတစ်မနက်၊တစ်ညနေအလ္လာဟ့်လမ်းမှာ
အချိန်ပေးခဲ့မယ်ဆိုလျှင်၊
ဒွန္နယာနဲ့ဒွန္နယာအတွင်းမှာရှိတဲ့အရာအားလုံးထက် သာပိုကောင်းမြတ်တဲ့အကျိုးစဝါးဗ်ကိုရရှိမှာဖြစ်ပါတယ်။

"ရယူပုံ ရယူနည်း"
ဒါဝသ်သဗ်လိဂ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
သဗ်လိဂ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရှ်က်၊
အလ္လာဟ့်လမ်းတော်တွင်မိမိကိုယ်တိုင်လည်းပါဝင်ရမယ်။
အရှေ့ကအခြားမိတ်ဆွေတွေကိုလည်းတိုက်တွန်းရမှာ
ဖြစ်ပါတယ်။
အမလ်(၅)ရပ်မှာလည်းပါဝင်ပေးရမှာဖြစ်ပါတယ်။

'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးရဲ့ဂျာန်၊မာလ်၊ဝါ့က်(သ်)ကိုအလ္လာဟ့်လမ်း
တော်မှာအသုံးချခွင့်ပေးသနားတော်မူပါ"
ဟုဒိုအာပြုရမှာဖြစ်ပါတယ်။

အင်ရှာအလ္လာဟ်!
ဒီအရည်အချင်း(၆)ရပ်ပေါ်မှာလက်တွေ့လိုက်နာကျင့်သုံး
သွားမယ်ဆိုလျှင်၊ဒီးန်သာသနာတစ်ခုလုံးပေါ်မှာ လွယ်လင့်တကူလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

"ရေ အတွက် ငါး မလိုပါ။
ငါး အတွက်တော့ ရေ မရှိမဖြစ်လိုအပ်ပါသည်။"

"ဒီးန် အတွက် သင်မလိုပါ။
သင့်အတွက်တော့ ဒီးန် မရှိမဖြစ်လိုအပ်ပါသည်။"

ယာအလ္လာဟ်!
 ကမမ္ဘာအွမ္မသ်ထုတစ်ရပ်လုံးကို၊
ကျွန်တော်နှင့်တကွ ဟေဒါယာဒ် လမ်းမှန်တရားချီးမြှင့်ပေးသနားတော်မူပါ။

အားလုံးပဲလက်တွေ့အမလ်လုပ်ကြပါစေ။ ။အာမီန်

ဘဝကိုစိတ်ချမ်းသာစေမယ့် အချက်အချို့

✉ နေ့ကို ဖဂျရ်နမာဇ်နဲ့အတူ ဇိကိရ်နဲ့အလ္လာဟ်အပေါ်
ယုံပုံအားကိုးမှုတွေနဲ့ အစပြုပါ။

✉ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်အမြဲတစေတောင်းကျင့်ပြုလုပ်ပါ။ ဂိုနာဟ်လဲခွင့်လွတ်ခြင်းခံရမှာဖြစ်သလို ရိုဇီမှာလဲကျယ်ဝန်းမှု ရရှိမှာဖြစ်တယ်။

✉ ဒိုအာလုပ်ခြင်းကို မလွတ်ပါနဲ့၊ဒိုအာဟာ အောင်မြင်မှုအတွက် လက်နက်တစ်ခုပါပဲ။

✉ ခင်ဗျားနှုတ်လျှာကထွက်တဲ့စကားလုံးတိုင်းဟာ ရေးမှတ်ခြင်းခံနေရတယ်ဆိုတာ အချိန်တိုင်းမမေ့ပါစေနဲ့။

✉ ဒုက္ခတွေဝေပြီးသောကပွေနေရတဲ့အခါမှာလဲ အလ္လာဟ်အရှင်မြတ်ထံတော်ပါးကနေ မျော်လင့်ချက်မမဲ့ပါနဲ့။

✉ လက်ချောင်းတွေရဲ့လှပမှုဟာ လက်နဲ့ဇိကိရ်လုပ်ခြင်းမှာရှိပါတယ်။

✉ သောကတွေပူဆွေးမှုတွေကြုံတဲ့အခါ "လာအိလာဟာအိလ်လလ္လာဟ်"ဖတ်ကျင့်ပြုပါ။

✉ မိမိကိုယ်မိမိပြုပြင်ရန်အရင်ဆုံးသောကပိုက်ပါ။ ခင်ဗျားရဲ့မိသားစုလဲ ခင်ဗျားရဲ့ပုံစံအတိုင်းဖြစ်လာပါလိမ့်မယ်။

✉ စိတ်ကမကောင်းမှုဘက်ဖိတ်ခေါ်တဲ့အခါ ကောင်းမှုဘက်သို့စိတ်ကိုနှစ်ထားပြီး မကောင်းမှုကိုတိုက်ထုတ်ပြစ်ပါ။

✉ မိဘနှစ်ပါးရဲ့တန်ဖိုးသိတတ်ပါ၊မိဘနှစ်ပါးရှိခြင်းကို ကြီးမားတဲ့နေအ်မသ်လို့မှတ်ယူပါ။ ဒါဟာအလ္လာဟ်နဲ့နီးကပ်မှုရဖို့အကြောင်းခံပါပဲ။

ရေးတဲ့သူဖတ်တဲ့သူဖြန့်ဝေတဲ့သူ အားလုံးကို အမလ်လုပ်နိုင်စွမ်းအလ္လာဟ်ရှင်ချီးမြင့်ပါစေ။

မွတ်စ်လင်မ်တို့ရဲ့ပျော်ရွှင်စရာအီးဒ်နေ့အကြောင်း

အီဒွလ်ဖိသွိရ်ခေါ်ဝါကျွတ်အီးဒ်ဟာ အစ္စလာမ့်ရဲ့ ပျော်ရွှင်စရာနေ့ရက်များထဲက နေ့တစ်နေ့ဖြစ်ပါတယ်။ ရမ်ဇာန်အစ္စလာမ့်ဥပုဒ်လ ကုန်တာနဲ့ တစ်ပြိုင်နက် စတင်ကျင်းပပျော်ရွှင်ကြပါတယ်။

မွတ်စ်လင်မ်တို့အတွက် အီးဒ်နှစ်ခုသာလျှင်ရှိပါတယ်။ တစ်ခုက အီဒွလ်ဖိသွိရ်ခေါ်ဝါကျွတ်အီးဒ်ဖြစ်ပြီး ကျန်တစ်ခုကတော့ အီဒွလ်အဒွဟာခေါ် ကုရ်ဘာနီအီးဒ်ပဲဖြစ်ပါတယ်။ အချို့သောသူတွေဟာ တစ်​ခြားသော အီးဒ်တွေကို ဖန်တီးပြုလုပ်ထားကြပါတယ်။ အမှန်တစ်ကယ်အစ္စလာမ်မှာ အဲ့ဒါတွေမရှိပါဘူး။

ပျော်ရွှင်စရာပွဲများဟာ မျိုးနွယ်စုတိုင်း လူမျိုးတိုင်း အုပ်စုတိုင်းမှာရှိကြစမြဲပါ ဒါပေမယ့် အဲ့ဒီပျော်ရွှင်စရာပွဲတော်များအပေါ် သုံးသပ်ကြည့်မယ်ဆိုရင်တော့ အများပိုင်းဟာ လောကီနဲ့ ပတ်​သက်ဆက်နွယ်နေတာကိုပဲ မြင်ရပါလိမ့်မယ်။ ပျော်ရွှင်စရာနေ့များဟာ လောကီရေးရာကိစ္စအောင်မြင်ဖို့ လောကီဆုလဒ်များရယူဖို့အတွက်အကြောင်းတရားတွေခံနေပါတယ်။

သို့ပေမယ့်လည်း အစ္စလာမ်သာသနာဟာ ပျော်ရွှင်စရာနေ့ရက်နှစ်ခုစလုံးကို ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းခံကြားပတ်​သက်ဆက်နွယ်နေတဲ့ အချိတ်အဆက်တွေ ဖြစ်ပေါ်နေပါတယ်။ အီဒွလ်အဒွဟာခေါ် ကုရ်ဘာနီအီးဒ်ဟာ အလ္လာဟ်အရှင်မြတ်သခင်အတွက် ကုရ်ဘာနီပြုလုပ်ခြင်းရဲ့ စိတ်အားထက်သန်မှုများကို ဖော်ထုတ်ခြင်းဖြစ်သလို ဝါကျွတ်အီးဒ်ဟာဆိုရင်လည်း အလ္လာဟ်အရှင်မြတ်သခင်အတွက် ကုန်ဆုံးပေးဆပ်ခဲ့တဲ့လရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက မွတ်စ်လင်မ်တို့ဟာ မိမိတို့ရဲ့ အစ္စလာမ့်ရဲ့ပုံရိပ်ကို ထိန်းထိန်းသိမ်းသိမ်းကာကွယ်ပြီး ကျင်းပဖို့လိုအပ်ပါတယ်။

ဒီရဲ့ဆိုလိုချက်က အီးဒ်မှာ မပျော်ရွှင်ရဘူးလို့ပြောနေတာမဟုတ်ပါဘူး အီးဒ်နေ့မှာဖြစ်စေ ဘယ်အခြေနေမျိုးမှာမဆို ကျွန်​တော်တို့ဟာ သာသနာတော်ကိုကျောခိုင်းပြီး ဘောင်အပြင်ကို မရောက်သွားဖို့လိုအပ်ပါတယ်။

အီးဒ်နေ့မှာ ရေချိုးခြင်း တတ်နိုင်သလောက်လေး အဝတ်အစားအသစ်ဝတ်ဆင်ခြင်း အမွှေးအကြိုင်လိမ်းခြင်း စွံပလွန်သီးဖြစ်စေ အချိုဖြစ်စေ စားသုံးခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။ 

အီးဒ်အတွက် ပြင်ဆင်မှုတွေလုပ်နေရင်း သူဆင်းရဲများ အိမ်နီးချင်းများကိုလည်း အထူးအလေးပေးဆက်ဆံပါ။ ရမ်ဇာန်မှာ ပြုလုပ်တဲ့ သာမာန်ကောင်းမှုဟာကြီးမားတဲ့စဝါးဗ်ဖြစ်သလို ဒီလိုနေ့ရက်မျိုးမှာ သုံးစွဲမှုပြုခြင်း အလှူဒါနလုပ်ခြင်းဟာ သိပ်ကြီးမားတဲ့ကောင်းမှုပါပဲ။

ဒါကြောင့် ပျော်ရွှင်စရာနေ့ရက်မှာ မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးဖြတ်သန်းရင်း ရှရီအသ်ဘောင်အတွင်းကနေပဲ ကုန်ဆုံးပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Mufti Bashirullah

မိမိတို့ရဲ့ မိတ်ဆွေများအတွက် အကျိုးရှိစေဖို့ Shareပြီးမျှဝေပေးနိုင်ပါတယ်။

Monday 11 June 2018

မုတ်ဆိတ်မွေးထားခြင်းက ကျန်းမာရေးကို ပိုကောင်းစေပြီး ဆွဲဆောင်မှုလည်း ပိုရှိစေနိုင်

မုတ်ဆိတ်မွေးတွေကြောင့် လူတစ်ယောက်ရဲ့ ရုပ်အသွင် လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။ တချို့အမျိုးသားများက သိသာတဲ့ပြောင်းလဲမှု တစ်ခုခုလုပ်ချင်တဲ့အခါ မုတ်ဆိတ်မွေးကို အရှည်ထားလိုက်ကြပါတယ်။မုတ်ဆိတ်ပေါက်တာ ရှောင်လွဲလို့ မရနိုင်ပါ။ တစ်နေ့ထက်တစ်နေ့ ပိုပိုများလာသလို ထင်ရပြီး အမျိုးသားတွေရဲ့မျက်နှာကိုလည်း လျင်မြန်စွာ ဖုံးအုပ်လာကြပါတယ်။ ဒါပေမယ့် မုတ်ဆိတ်မွေးထားရှိခြင်းကြောင့် ရရှိတဲ့ အကျိုးမြတ်များစွာ ရှိပါတယ်။

၁။ ကင်ဆာရောဂါကာကွယ်နိုင်

ထူနေတဲ့ မုတ်ဆိတ်မွေးများက လူကို ပိုကြည့်ကောင်းစေပြီး ပို၍လည်း ကျန်းမာစေနိုင်ကြောင်း Southern Queensland တက္ကသိုလ်မှ သုတေသီများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယင်းသုတေသနပညာရှင်များက မုတ်ဆိတ်မွေးရှိတဲ့ လူပုံစံ အရုပ် တစ်အုပ်စုနဲ့ မုတ်ဆိတ်မွေးမရှိတဲ့ လူပုံစံ အရုပ်တွေကို နေပူကြဲကြဲထဲ ထားလိုက်ပါတယ်။နေရောင်ခြည်ဖြာထွက်မှုပမာဏ စစ်ဆေးကြည့်တဲ့အခါ အဲဒီလူပုံစံ အရုပ်များရဲ့ မျက်နှာများမှ အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု ၉၀% ကနေ ၉၅% ထိ ဟန့်တားခဲ့ကြောင်း အံ့သြဖွယ် တွေ့ရှိခဲ့တယ်။

၂။ အိုမင်းရင့်ရော်မှု နှေးကွေးစေ

ပါးသိုင်းမွေးက မျက်နှာကို အစိုဓာတ်ရှိနေအောင် ထိန်းသိမ်းပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုနှစ်ဆလျော့နည်းစေခြင်းကလည်း အသားရေးတွန့်တွခြင်းနဲ့ အရေပြားပျက်စီးမှု လျော့နည်းစေတဲ့ သဘောဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ မုတ်ဆိတ်မွေးတွေက ယောက်ျားတစ်ယောက်ကို ရုပ်ရည်အိုမင်းရင်ရော် စေပါတယ်။

၃။ ရောဂါကူးစက်မှု လျော့နည်းစေ

မုတ်ဆိတ်မွေးမရိတ်ဘူးဆိုရင် အသစ်လည်းထပ်မပေါက်ပါဘူး၊ ဘက်တီးရီးယားကူးစက်မှုလည်း မရှိ နောက်ပြီး မွေးညင်းပေါက်တွေလည်း အထိမခံတော့ဘူးပေါ့။

၎။ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ ဖယ်ထုတ်ပေး

နှာခေါင်းမှာလို ပါးသိုင်းမွေးတွေဟာ ကြားခံစစ်ထုတ်ပေးတဲ့ ကိရိယာတစ်ခုအဖြစ်ရှိနေပြီး ဝတ်မှုံ၊ ဖုန်မှုန့်စတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဟန့်တားပေးပါတယ်။

၅။ အအေးမမိအောင် ကာကွယ်ပေးမုတ်ဆိတ်မွေးတွေက နွေးထွေးမှုရစေပါတယ်။ ပိုအေးတဲ့ ရာသီဥတုအခြေအနေမှာ ခုခံကာကွယ်ပေးထားပါတယ်။

မိုဟာမ္မဒ် အီလီယာစ်ဘိုင်

အမှန်​​ပြောရင်​လည်း အတင်း​ပြောခြင်း ဖြစ်​သလား ? အတင်း ​ပြောတယ်​ ဆိုတာဘာလဲ ?


တစ်ချို့တွေ ​ပြောတာ ကြားဖူးကြမှာ​ပေါ့။ ကျွန်​​တော်​ အတင်း​ပြောတာ မဟုတ်​ဘူး၊ အမှန်​ကို ​ပြောတာ။

တစ်ချို့ကျ​တော့ ဘာ​ပြောလဲ ဆို​တော့ …
ကျွန်​​တော်​ အတင်း​ပြောတာမဟုတ်​ဘူး၊ သူ့ရှေ့မှာလည်း ကျွန်​​တော်​ ​ပြောရဲတယ်​။

တကယ်​​တော့ ဒါ သ​ဘော​ပေါက်​ လွဲတာပါ။

အတင်း​ပြောခြင်းဆိုတာ ဘာကို​ခေါ်သလဲ ဆိုတာကို ​အောက်​ပါ ဟဒီးစ်​​တော်​မှာ မြတ်​နဗီ(ဆွ) ဖွင့်​ဆိုပြထားတာ ကြည့်​ပါ။

အဗူဟိုရိုင်​ရား(ရ​သွေ့)ဆင့်​ပြန်​တယ်​။ မြတ်​ရစူလ်​(ဆွ)ထံ အတင်း​ပြောခြင်း ဆိုတာ ဘာလဲ လို့ ​မေး​လျှောက်​ကြ​တော့ …

မြတ်​ရစူလ်​(ဆွ)က မိမိညီ​နောင်​ ကွယ်​ရာမှာ သူနဲ့ပါတ်​သတ်​ပြီး (ကာယကံရှင်​သာ ကြားသွားရင်​) ကြိုက်​မှာမဟုတ်​တဲ့ အ​ကြောင်းအရာကို ​ပြောဆိုခြင်းကို အတင်းလို့ ​ခေါ်တယ်​လို့ ​ဖြေ​တော်​မူတယ်​။

မေး​လျှောက်​သူက အကယ်​၍ ကျွန်​​တော်​ ​ပြောသည့်​အရာသည်​ ထိုသူတွင်​ အမှန်​တကယ်​ ရှိနေလျှင်​​ရော အတင်းဖြစ်​ပါမည်​လား ? ​မေးပြန်​ရာ

ကိုယ်​​တော်​မြတ်​ကြီး (ဆွ)က အသင်​​ပြောတဲ့အရာဟာ သူ့မှာ တကယ်​ရှိတယ်​ ဆိုရင်​ ဒါအတင်း​ပြောခြင်းပဲ။ တကယ်လို့ အသင်​​ပြောတဲ့အရာဟာ သူ့မှာ မရှိဘူးဆိုရင်​ အဲ့ဒါ စွပ်​စွဲခြင်း ဖြစ်​တယ်​။

(သိရ်​​မေဇီကျမ်း - ၁၉၃၄)

ဒါ့​ကြောင့်​ အမှန်​​ပြောတာ ဆိုရုံနဲ့ အတင်း​ပြောတဲ့ ဂိုနာဟ်​က​နေ လွတ်​မှာ မဟုတ်​သလိုပဲ အခု ကွယ်​ရာမှာ ​ပြောတဲ့စကားကို သူ့​ရှေ့မှာလည်း ​ပြောရဲတယ်​ ဆိုရုံနဲ့ အတင်း​ပြောတဲ့ အပြစ်​က​နေ လွတ်​မှာမဟုတ်​ဘူး။

အဓိက အချက်​က ဒီစကားကို ကာယကံရှင်​ကြားခဲ့ရင်​ ကြိုက်​မှာမဟုတ်​ဘူး ဆိုရင်​ အဲ့လိုစကားမျိုးကို သူ့ကွယ်​ရာမှာ ​ပြောရင်​ အတင်း ပဲ။ သူ့​ရှေ့မှာ ​ပြောရဲတာ မ​ပြောရဲတာနဲ့ မဆိုင်​ဘူး။

အလ္လာဟ်အသျှင်​မြတ်​ ကျွန်ုပ်​တို့အားလုံးကို ​ရှောင်​ကျဉ်​နိုင်​စွမ်းချီးမြှင့်​​တော်​မူပါ​စေ။ အာမီးးးန်​။

Friday 8 June 2018

လိုင်းလသွလ်ကဒရ်ရဲ့ ထွဋ်မြတ်မှုအကြောင်း

 
 ရမ်ဇာန်လမြတ်ရဲ့ နောက်ဆုံး ဆယ်ရက်မှာ ပိုမိုမွန်မြတ်ပြီး ထူးခြားချက်ရှိတာကတော့ လိုင်လသွလ်ကဒရ်ညမြတ်ပါဝင်နေခြင်းကြောင့်ပါပဲ ထိုညဟာ ထောင်ပေါင်းများစွာသောလများထက် သာပိုမွန်မြတ်လှပါတယ်။ ထိုညမှာ လူသားထုအတွက် အကောင်းဆုံးသော လက်ဆောင်မွန်ဖြစ်တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကိုရရှိခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်သခင်ဟာ ထိုလရဲ့ထွဋ်မြတ်မှုအကြောင်းအရာနဲ့ပတ်​သက်ပြီး စူရာဟ်တစ်ပုဒ်ချပေးခဲ့ပါတယ်။

စူရဟ်ကဒရ်တွင် အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိတော်မူတယ်။
اِنَّاۤ  اَنۡزَلۡنٰہُ  فِیۡ  لَیۡلَۃِ  الۡقَدۡرِ ۚ﴿ۖ۱﴾
ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန် ကျမ်းတော်မြတ်ကို လိုင်လသွလ်ကဒရ် မြင့်မြတ်သောည၌ ချပေးသနားတော်မူခဲ့၏။(၁)

"وَ مَاۤ  اَدۡرٰىکَ مَا لَیۡلَۃُ  الۡقَدۡرِ ؕ﴿۲﴾
စင်စစ် လိုင်လသွလ်ကဒရ် မြင့်မြတ်သောညသည် အဘယ်နည်းဟု အသင်သိပါသလော။(၂)

"لَیۡلَۃُ  الۡقَدۡرِ ۬ۙ خَیۡرٌ  مِّنۡ  اَلۡفِ شَہۡرٍ ؕ﴿ؔ۳﴾
လိုင်လသွလ်ကဒရ် မြင့်မြတ်သောညကား လပေါင်းတစ်ထောင်ထက်ပင် ပို၍ကောင်းမြတ်လှ၏။(၃)

"تَنَزَّلُ الۡمَلٰٓئِکَۃُ وَ الرُّوۡحُ  فِیۡہَا بِاِذۡنِ رَبِّہِمۡ ۚ مِنۡ  کُلِّ  اَمۡرٍ ۙ﴿ۛ۴﴾
ထိုည၌ကောင်းကင်တမန်များသည်လည်းကောင်း၊ ဂျီဗ်ရီလ်သည်လည်းကောင်း မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ဆင်းသက်လာကြကုန်၏။(၄)

"سَلٰمٌ ۟ۛ ہِیَ حَتّٰی مَطۡلَعِ  الۡفَجۡرِ ٪﴿۵﴾
ထိုညကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသောညပင်ဖြစ်ချေသတည်း။(၅) (ကုရ်အာန်:စူရာဟ်ကဒရ်)

ဒါကြောင့်မို့ ကဒရ်ညမြတ်ရဲ့ အိဗာဒသ်ရဲ့စဝါးဗ်ဟာ လပေါင်းတစ်ထောင်ရဲ့အိဗာဒသ်ထက် သာပို၍မွန်မြတ်လှပါတယ်။ ထိုညမှာပင် အလ္လာဟ်အရှင်မြတ်သခင်ဟာ ကုရ်အာန်ကျမ်းတော်မြတ်အား တစ်ကြိမ်တစ်ခါတည်း လောင်ဟေမဟ်ဖူးဇ်မှ ဒွန္နယာနှင့်အနီးကပ်ဆုံး မိုးကောင်းကင်ပေါ်သို့ ချပေးတော်မူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တမန်တော်မြတ်သခင် အပေါ်သို့ ၂၃နှစ်တိုင်တိုင် လိုအပ်သလို ချပေးခဲ့ပါတယ်။

ဖော်ပြပါအာယသ်တွေကနေ သိရှိရတာကတော့ ထိုညမှာ ကောင်းကင်တမန်များဟာ ဆင်းသက်လာကြပါတယ် အချိန်ကျရောက်တဲ့အခါ ပြည့်ဝစွာလုပ်ဆောင်နိုင်ရန်အတွက် အလ္လာဟ်အရှင်မြတ်သခင်က တစ်နှစ်တာရဲ့ သက်ဒီရ် နဖူးစာအား ပေးအပ်လိုက်ပါတယ်။ ထိုညမှာ ဖရိရှ်သာ ကောင်းကင်တမန်များရဲ့ဆင်းသက်မှုဟာလည်း ရဟ်မသ်တော်နဲ့မင်္ဂလာရှိခြင်းရဲ့ အကြောင်းခံတစ်ရပ်ပင်ဖြစ်တယ်။

ဟဇရသ်အနတ်စ်ဗင်န်မာလိက်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိပါတယ် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ် "အသင်တို့ရရှိသောဤရမ်ဇာန်လမြတ်တွင် ဤကဲ့သို့သော ညတစ်ညရှိ၏ ထိုညသည် လပေါင်းတစ်ထောင်ထက် သာပိုမွန်မြတ်၏။ ထိုသူသည် ထိုညမှ လက်လွတ်ဆုံးရှုံးခဲ့ပါက ကောင်းခြင်းဟူသရွေ့မှ ဆုံးရှုံးပြီဖြစ်၏။ (အိဗ်နေမာဂျာကျမ်း:၁၆၃၄)

မွတ်စ်လင်မ်ညီနောင်များအား တိုက်တွန်းလိုတာက ထိုညမှာ အလ္လာဟ်အရှင်မြတ်သခင်အား အိဗာဒသ်ပြုလုပ်ခြင်း ဒိုအာများတောင်းခံခြင်း ဇိကိရ်နဲ့သိလာဝသ်ပြုလုပ်ခြင်းဖြင့် ကုန်ဆုံးကြပါ။ တမန်တော်မြတ်(ဆွ)သခင်ဟာ ထိုညကိုရှာဖွေရန်အတွက် အိအ်သိကားဖ် ထိုင်လေ့ရှိပါတယ်။ ရမ်ဇာန်လမြတ်ရဲ့နောက်ဆုံးဆယ်ရက်မှာ တစ်ညတာလုံး အိဗာဒသ်ပြုလုပ်ခြင်းမှာ နစ်မွန်းနေလေ့ရှိပါတယ်။

တမန်တော်မြတ်(ဆွ)ဟာ နဗီများရဲ့ခေါင်းဆောင်ဖြစ်ပြီး စကြာဝဠာကိုပိုင်စိုးသော အရှင်မြတ်သခင်ရဲ့ အချစ်တော်ပင်ဖြစ်နေပါသော်လည်း အလ္လာဟ်အရှင်မြတ်သခင်ရဲ့ ကျေနပ်နှစ်သက်ရန်အတွက် အလွန်ပဲ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် အိဗာဒသ်ပြုလုပ်လေ့ရှိပါတယ်။

တမန်တော်မြတ်(ဆွ)ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးသော နမူနာ စံယူထိုက်တဲ့ ပုဂ္ဂိုလ်ပင်ဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ကရုဏာနဲ့ လွတ်ငြိမ်းချမ်းသာပေးခြင်းဟာ ကျွန်ုပ်တို့က ပို၍ပင်လိုအပ်နေကြသောသူတွေပဲဖြစ်တယ်။ ဒါကြောင့်မို့ ထိုညကိုရှာဖွေပြီး နောက်ဆုံးညများကို ပြည့်ဝစွာ အိဗာဒသ်နဲ့ဒိုအာဇိကိရ်တွေထဲမှာ ကုန်ဆုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

(Mufti Bashirullah)

မိမိတို့ရဲ့မိတ်ဆွေအများအတွက် အကျိုးရှိစေဖို့ Shareပြီးမျှဝေနိုင်ပါတယ်။

Sunday 3 June 2018

အိအ်သိကားဖ် အကြောင်း

အိအ်သေကားဖ်ဆိုတာ အဗိဓါန်အရ တစ်နေရာမှာ
နားခြင်း အိမ်တစ်ခုခုမှာ ပိတ်နေခြင်းကို ခေါ်ပါတယ်။

ရှရီအသ်အသုံနှုန်းအရ အိအ်သိကားဖ်ဆိုတာ
အလ္လာဟ်အသျှင်မြတ်သခင် ကြေနပ်နှစ်သတ်ရန်
အိအ်သိကားဖ်နိယသ်ဖြင့် ဂျမာအသ်ဖြင့်ဝတ်ပြုသော
ဗလီတစ်လုံးလုံးမှာ နားခြင်းကို ခေါ်ပါတယ်။

အိအ်သိကားဖ် [3]မျိုးရှိ့ပါတယ်။၎င်းတို့မှာ

[1]အိအ်သေကားဖေ ဝါဂျိဗ်

[2]အိအ်သေကားဖေ စွန္နသ်

[3]အိအ်သေကားဖေ မွတ်စ်သဟဗ် တို့ဖြစ်သည်။

[1]အိအ်သေကားဖေ ဝါဂျိဗ်ဆိုတာ

     ကိုးခြင်းကြောင့် ထားရသော အိအ်သေကားဖ်ကို
ခေါ်ပါတယ်။ဥပမာ တစ်ဦးတစ်ယောက်က နဇရ်ကိုးလိုက်
တယ်။ကျနော်/ကျမသည် လုပ်ငန်းအောင်မြင်ပါက
အိအ်သိကားဖ်ထိုင်ပါမည်။ထိုသူသည် ၎င်း၏လုပ်ငန်း
အောင်မြင်ပါက ရိုဇဟ်နှင့်တကွ အိအ်သေကားဖ်
တစ်ရက် ထိုင်ဖို့ ဝါဂျိဗ်ဖြစ်သွားလေသည်။

အိအ်သိကားဖ်အတွက် ရိုဇဟ်လည်းထားရမည်။
ဘာကြောင့်လဲဆိုတော့ အိအ်သေကားဖ်အတွက်
ရိုဇဟ်သည်လည်းဝါဂျိဗ်ဖြစ်သည်။

အိအ်သိကားဖ်ထိုင်တဲ့အခါ အနိမ့်ဆုံး တစ်ရက်
ထိုင်ရပါမယ် တစ်ရက်ထက် နည်းပြီး ၅နာရီဖြစ်စေ
တစ်ညဉ့်ဖြစ်စေ အိအ်သိကားဖ်နိယသ်ပြုခြင်းမပိုင်ပေ။

[2]အိအ်သိကားဖေ စွန္နသ် ဆိုတာ
     လမြတ်ရမ်ဇာန်၏ နောက်ဆုံး၁၀ရက်မှာ ထိုင်ရသော
အိအ်သေကားဖ်ကို ခေါ်ပါတယ်။ကိုယ်တော်မြတ်ဟာ
လမြတ်ရမ်ဇာန်ရဲ့ နောက်ဆုံး၁၀ရက်မှာ နှစ်တိုင်း အိအ်သေကားဖ် ထိုင်တော်မူခဲ့ပါတယ်။

မိခင်မွန်အာအေရှဟ်သခင်မကြီး ဆင့်ပြန်တော်မူသည်မှာ
ကိုယ်တော်သည် လမြတ်ရမ်ဇာန်၏နောက်ဆုံး၁၀ရက်မှာ
နှစ်တိုင်း အိအ်သိကားဖ် ထိုင်လေ့ရှိ့၏ ကိုယ်တော်၏
နောက် ကြင်ယာတော်များက ကရုတစိုက်ဖြင့် အိအ်သိ
ကားဖ်ထိုင်တော်မူကြ၏။[ဗုခါရီနှင့်မွတ်စ်လင်မ်ကျမ်း]

ဟဒီးစ်တော်မှာ ကြင်ယာတော်များလည်း အိအ်သိကားဖ်
ထိုင်သည်ဟု လာရှိ့သည်။အမျိုးသမီးများအတွက်
အိအ်သိကားဖ် ထိုင်သောနေရာသည် ၎င်းအိမ်၏
နမားဇ်ဖတ်သောနေရာပင်ဖြစ်သည်။နမားဇ်ဖတ်သည့်
နေရာ မသတ်မှတ်ထားပါက ၎င်းတို့အတွက် အိအ်သိ
ကားဖ်အတွက် နေရာသီးသန့်စီမံပေးရမည်။

ဟဇရဇသ်အနတ်စ်သခင်၏ဆင့်ပြန်ချက်တစ်ခုတွင်
ကိုယ်တော်သည် လမြတ်ရမ်ဇာန်၏နောက်ဆုံး၁၀ရက်
တွင် နှစ်စဉ်အိအ်သိကားဖ်ထိုင်တော်မူခဲ့၏ တစ်နှစ်တွင်
အိအ်သိကားဖ် မထိုင်ဖြစ်တော့ နောက်နှစ်မှာ အိအ်သိ
ကားဖ်ရက်၂၀ထိုင်တော်မူခဲ့၏[သိရ်မိဇီကျမ်း]

အဆိုပါဟဒီးစ်တွင် ကိုယ်တော်မြတ်က တစ်နှစ်
အိအ်သိကားဖ်မထိုင်ခဲ့ဘူးဟု လာရှိ့ထားသည်ကို
အဗူဒါဝူးကျမ်းနှင့်နစာအီကျမ်းတို့မှာ ဟဇရသ်
အုဗိုင်ယ်ဗင်န်ကအဗ်သခင်ရဲ့ဆင့်ပြန်ချက်တစ်ခုက
ရှင်းပြထား၏။

ကိုယ်တော်ဟာ တစ်နှစ်တွင် ခရီးသွားရသောကြောင့်
ရမ်ဇာန်နောက်ဆုံး၁၀ရက်မှာ အိအ်သိကားဖ် မထိုင်
ဖြစ်ခဲ့ပေ ဒါကြောင့် နောက်နှစ်တွင် ရက်ပေါင်း၂၀
အိအ်သိကားဖ်ထိုင်တော်မူခဲ့၏။

အိအ်သိကားဖ်ထိုင်သူနှင့်ပတ်သက်ပြီး ဟဇရသ်
အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗားစ်သခင်က ဆင့်ပြန်သည်မှာ
ကိုယ်တော်သည် အိအ်သိကားဖ်ထိုင်သူကို ဤသို့
မိန့်ကြားတော်မူ၏

အိအ်သိကားဖ်ထိုင်သောကြောင့် ဗလီမှာရှိ့နေတယ်
ဒါကြောင့် ဂုနဟ်အပေါင်းကနေ လွတ်မြောက်မှုရှိ့ပြီး
အိအ်သိကားဖ်ထိုင်သူ၏ နာမဟ်အအ်မာလ်စာအုပ်တွင်
ကောင်းမှုများ ရေးမှတ်ခြင်း ခံရ၏။

ယားအလ္လာဟ် ကျတော်နှင့်တကွ အီမာန်ရှင်များကို
လတ်တွေ့အမလ် လုပ်နိုင်စွမ်းချီးမြှင့်တော်မူပါစေ
[အာမီးန်]

                        လေးစားလျှက်
        မော်လဝီ မုဟမ္မဒ် အစ္စမာအီးလ် ဥက္ကံ

Saturday 2 June 2018

ဆွလာသုသ် သောင်ဗဟ်

ဟဒီးဆ်တော်တစ်ရပ်တွင် တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်။ အကြင်သူသည် ဂိုနဟ်တစ်စုံတရာ ကျူးလွန်မိပြီးနောက် ဝူဇူပြုလုပ်ကာ နမားဇ်နှစ်ရကအသ်ကိုဖတ်ပြီး အရှင်မြတ်ထံပါးမှ မားဖ်တောင်းခံခဲ့မည်ဆိုလျှင် အရှင်မြတ်သည် ခွင့်လွှတ်တော် မူလိမ့်မည်။
(သိရ်မိဇီကျမ်း)

သောင်ဗဟ်နမားဇ်ဖတ်နည်းဟူ၍ သီးသန့်ပုံစံ မရှိပါ။ အခြားသောနမားဇ်များကဲ့သို့ နမားဇ် ၂ ရကအသ် ကို ဖတ်ရမည်။

သို့သော် မိမိသောင်ဗဟ်ကို အရှင်မြတ် လက်ခံဖို့ရန်အတွက် စည်းကမ်း အချို့ သိရှိရန်လိုအပ်သည်။

- သောင်ဗဟ်ပြုသူသည် မိမိဂိုနဟ်လုပ်ခဲ့မိခြင်းအပေါ် အရှက် ရနေရမည်။ဟဒိးဆ်တော်တစ်ရပ်တွင်လာရှိသည်။ လူတစ်ယောက်သည် ဂိုနဟ်လုပ်ပြီးနောက် မိမိဂိုနဟ်ကျူးလွန်မိခြင်းအပေါ် အရှက်ရမိရုံဖြင့် အရှင်မြတ်သည် ၎င်းဂိုနဟ်ကို မားဖ်လုပ်လိုက်ပေသည်။

- အရှင်မြတ်စိတ်ဆိုးမည်ကို စိုးကြောက်သဖြင့် သောင်ဗဟ်ပြုခြင်းဖြစ်ရမည်။ အရှင်မြတ်၏ အမျက်ဒေါသမှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သောင်ဗဟ်လုပ်ရမည်။
- သောင်ဗဟ်လုပ်နေစဉ် အရှင်မြတ်၏ ရှေ့တော်မှောက်၌ တက်နိုင်သမျှ ရို့ကျိုးမှု ကြောက်ရွံ့မှုကို ထုတ်ဖော်ရမည်။ မျက်လုံး မှ မျက်ရည်များကျနိုင်အောင်ကြိုးစားရမည်။ ၎င်းမျက်ရည်ကို အလ္လာဟ်အရှင် အင်မတန်နှစ်သက်တော်မူသည်။ ၎င်းမျက်ရည်သည် ဂျဟန္နမ်မှ လွတ်မြောက်ရန် အကြောင်းခံဖြစ်ပေမည်။

- နောက်နောင် ဂိုနဟ်မလုပ်တော့ပါဘူးဟု အရှင်မြတ်ထံ ကတိပြုရမည်။ ဆွဟာဗဟ်တစ်ပါး တမန်တော်မြတ် (ဆွ) ထံ လာရောက်မေးမြန်းသည်။ ဂိုနဟ်လုပ်မိ၍ သောင်ဗဟ်လုပ်သော်လည်း ၎င်းဂိုနဟ်ကိုသာ ထပ်ခါထပ်ခါ ကျူးလွန်မိနေကြောင်းတင်ပြသည်။တမန်တော်မြတ် (ဆွ) က ဂိုနဟ် လုပ်မိတိုင်းသောင်ဗဟ်ကိုလည်း ထပ်ခါထပ်ခါ လုပ်ရမည်ဖြစ်ကြောင်း မိန့်ကြားရင်း " အရှင်မြတ်၏ ခွင့်လွှတ်မှုသည် အသင်၏ ဂိုနဟ်များထက်ပင် သာပိုပါသည်" ဟု အမိန့်ရှိလေသည်။
- သောင်ဗဟ်ကို နေ့စဉ်နေ့တိုင်း ပြုလုပ်သင့်သည်။ သေခြင်းတရားသည် အချိန်မရွေး ကျွနု​ပ်တို့ထံ ရောက်လာနိုင်သည်။ ထို့ကြောင့် တစ်နေ့စာတစ်နေ့ လုပ်ခဲ့မိသော ဂိုနဟ်များကို သောင်ဗဟ် ပြုထားနိုင်လျင် ဂိုနဟ် ကင်းစင်သူတစ်ဦး အဖြစ် အာခေရသ်ခရီးကို လျှောက်လှမ်းနိုင်ပေမည်။
အားလုံးကို အအ်​မာလ်​ပြုခွင့်​ ချီးမြှင့်​ပါ​စေ

~ C r d မူရင်းရေးသားသူ~~~

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...