အိအ်သေကားဖ်ဆိုတာ အဗိဓါန်အရ တစ်နေရာမှာ
နားခြင်း အိမ်တစ်ခုခုမှာ ပိတ်နေခြင်းကို ခေါ်ပါတယ်။
ရှရီအသ်အသုံနှုန်းအရ အိအ်သိကားဖ်ဆိုတာ
အလ္လာဟ်အသျှင်မြတ်သခင် ကြေနပ်နှစ်သတ်ရန်
အိအ်သိကားဖ်နိယသ်ဖြင့် ဂျမာအသ်ဖြင့်ဝတ်ပြုသော
ဗလီတစ်လုံးလုံးမှာ နားခြင်းကို ခေါ်ပါတယ်။
အိအ်သိကားဖ် [3]မျိုးရှိ့ပါတယ်။၎င်းတို့မှာ
[1]အိအ်သေကားဖေ ဝါဂျိဗ်
[2]အိအ်သေကားဖေ စွန္နသ်
[3]အိအ်သေကားဖေ မွတ်စ်သဟဗ် တို့ဖြစ်သည်။
[1]အိအ်သေကားဖေ ဝါဂျိဗ်ဆိုတာ
ကိုးခြင်းကြောင့် ထားရသော အိအ်သေကားဖ်ကို
ခေါ်ပါတယ်။ဥပမာ တစ်ဦးတစ်ယောက်က နဇရ်ကိုးလိုက်
တယ်။ကျနော်/ကျမသည် လုပ်ငန်းအောင်မြင်ပါက
အိအ်သိကားဖ်ထိုင်ပါမည်။ထိုသူသည် ၎င်း၏လုပ်ငန်း
အောင်မြင်ပါက ရိုဇဟ်နှင့်တကွ အိအ်သေကားဖ်
တစ်ရက် ထိုင်ဖို့ ဝါဂျိဗ်ဖြစ်သွားလေသည်။
အိအ်သိကားဖ်အတွက် ရိုဇဟ်လည်းထားရမည်။
ဘာကြောင့်လဲဆိုတော့ အိအ်သေကားဖ်အတွက်
ရိုဇဟ်သည်လည်းဝါဂျိဗ်ဖြစ်သည်။
အိအ်သိကားဖ်ထိုင်တဲ့အခါ အနိမ့်ဆုံး တစ်ရက်
ထိုင်ရပါမယ် တစ်ရက်ထက် နည်းပြီး ၅နာရီဖြစ်စေ
တစ်ညဉ့်ဖြစ်စေ အိအ်သိကားဖ်နိယသ်ပြုခြင်းမပိုင်ပေ။
[2]အိအ်သိကားဖေ စွန္နသ် ဆိုတာ
လမြတ်ရမ်ဇာန်၏ နောက်ဆုံး၁၀ရက်မှာ ထိုင်ရသော
အိအ်သေကားဖ်ကို ခေါ်ပါတယ်။ကိုယ်တော်မြတ်ဟာ
လမြတ်ရမ်ဇာန်ရဲ့ နောက်ဆုံး၁၀ရက်မှာ နှစ်တိုင်း အိအ်သေကားဖ် ထိုင်တော်မူခဲ့ပါတယ်။
မိခင်မွန်အာအေရှဟ်သခင်မကြီး ဆင့်ပြန်တော်မူသည်မှာ
ကိုယ်တော်သည် လမြတ်ရမ်ဇာန်၏နောက်ဆုံး၁၀ရက်မှာ
နှစ်တိုင်း အိအ်သိကားဖ် ထိုင်လေ့ရှိ့၏ ကိုယ်တော်၏
နောက် ကြင်ယာတော်များက ကရုတစိုက်ဖြင့် အိအ်သိ
ကားဖ်ထိုင်တော်မူကြ၏။[ဗုခါရီနှင့်မွတ်စ်လင်မ်ကျမ်း]
ဟဒီးစ်တော်မှာ ကြင်ယာတော်များလည်း အိအ်သိကားဖ်
ထိုင်သည်ဟု လာရှိ့သည်။အမျိုးသမီးများအတွက်
အိအ်သိကားဖ် ထိုင်သောနေရာသည် ၎င်းအိမ်၏
နမားဇ်ဖတ်သောနေရာပင်ဖြစ်သည်။နမားဇ်ဖတ်သည့်
နေရာ မသတ်မှတ်ထားပါက ၎င်းတို့အတွက် အိအ်သိ
ကားဖ်အတွက် နေရာသီးသန့်စီမံပေးရမည်။
ဟဇရဇသ်အနတ်စ်သခင်၏ဆင့်ပြန်ချက်တစ်ခုတွင်
ကိုယ်တော်သည် လမြတ်ရမ်ဇာန်၏နောက်ဆုံး၁၀ရက်
တွင် နှစ်စဉ်အိအ်သိကားဖ်ထိုင်တော်မူခဲ့၏ တစ်နှစ်တွင်
အိအ်သိကားဖ် မထိုင်ဖြစ်တော့ နောက်နှစ်မှာ အိအ်သိ
ကားဖ်ရက်၂၀ထိုင်တော်မူခဲ့၏[သိရ်မိဇီကျမ်း]
အဆိုပါဟဒီးစ်တွင် ကိုယ်တော်မြတ်က တစ်နှစ်
အိအ်သိကားဖ်မထိုင်ခဲ့ဘူးဟု လာရှိ့ထားသည်ကို
အဗူဒါဝူးကျမ်းနှင့်နစာအီကျမ်းတို့မှာ ဟဇရသ်
အုဗိုင်ယ်ဗင်န်ကအဗ်သခင်ရဲ့ဆင့်ပြန်ချက်တစ်ခုက
ရှင်းပြထား၏။
ကိုယ်တော်ဟာ တစ်နှစ်တွင် ခရီးသွားရသောကြောင့်
ရမ်ဇာန်နောက်ဆုံး၁၀ရက်မှာ အိအ်သိကားဖ် မထိုင်
ဖြစ်ခဲ့ပေ ဒါကြောင့် နောက်နှစ်တွင် ရက်ပေါင်း၂၀
အိအ်သိကားဖ်ထိုင်တော်မူခဲ့၏။
အိအ်သိကားဖ်ထိုင်သူနှင့်ပတ်သက်ပြီး ဟဇရသ်
အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗားစ်သခင်က ဆင့်ပြန်သည်မှာ
ကိုယ်တော်သည် အိအ်သိကားဖ်ထိုင်သူကို ဤသို့
မိန့်ကြားတော်မူ၏
အိအ်သိကားဖ်ထိုင်သောကြောင့် ဗလီမှာရှိ့နေတယ်
ဒါကြောင့် ဂုနဟ်အပေါင်းကနေ လွတ်မြောက်မှုရှိ့ပြီး
အိအ်သိကားဖ်ထိုင်သူ၏ နာမဟ်အအ်မာလ်စာအုပ်တွင်
ကောင်းမှုများ ရေးမှတ်ခြင်း ခံရ၏။
ယားအလ္လာဟ် ကျတော်နှင့်တကွ အီမာန်ရှင်များကို
လတ်တွေ့အမလ် လုပ်နိုင်စွမ်းချီးမြှင့်တော်မူပါစေ
[အာမီးန်]
လေးစားလျှက်
မော်လဝီ မုဟမ္မဒ် အစ္စမာအီးလ် ဥက္ကံ
Subscribe to:
Post Comments (Atom)
ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု
بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...
-
(၁) ည အိပ်ရာဝင် ချိန်တွင် “သဟဂ်ျဂျွဒ် နမာဇ်” ၀တ်ပြုရန် (နီယသ်) ရည်စူးချက် ထားရှိ ရမည်။ အကြောင်း သော်ကား ညဦးပိုင်း နီယသ် ပြုထား ခြင်း...
-
အီဒွလ်ဖိသွိရ်ခေါ်ဝါကျွတ်အီးဒ်ဟာ အစ္စလာမ့်ရဲ့ ပျော်ရွှင်စရာနေ့ရက်များထဲက နေ့တစ်နေ့ဖြစ်ပါတယ်။ ရမ်ဇာန်အစ္စလာမ့်ဥပုဒ်လ ကုန်တာနဲ့ တစ်ပြိုင်နက် စတင...
-
မုဟရ်ရမ်လဟာ ဟစ်ဂ်ျရီနှစ်ရဲ့ ပထမဆုံးလဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ)သခင်က ဒီလရဲ့ ထွဋ်မြတ်မှုကို မိန့်ခြွေထားပြီး ဒီလမှာရိုဇာထားကြရန်အတွက်လည်း တ...
No comments:
Post a Comment