Saturday 2 June 2018

ဆွလာသုသ် သောင်ဗဟ်

ဟဒီးဆ်တော်တစ်ရပ်တွင် တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်။ အကြင်သူသည် ဂိုနဟ်တစ်စုံတရာ ကျူးလွန်မိပြီးနောက် ဝူဇူပြုလုပ်ကာ နမားဇ်နှစ်ရကအသ်ကိုဖတ်ပြီး အရှင်မြတ်ထံပါးမှ မားဖ်တောင်းခံခဲ့မည်ဆိုလျှင် အရှင်မြတ်သည် ခွင့်လွှတ်တော် မူလိမ့်မည်။
(သိရ်မိဇီကျမ်း)

သောင်ဗဟ်နမားဇ်ဖတ်နည်းဟူ၍ သီးသန့်ပုံစံ မရှိပါ။ အခြားသောနမားဇ်များကဲ့သို့ နမားဇ် ၂ ရကအသ် ကို ဖတ်ရမည်။

သို့သော် မိမိသောင်ဗဟ်ကို အရှင်မြတ် လက်ခံဖို့ရန်အတွက် စည်းကမ်း အချို့ သိရှိရန်လိုအပ်သည်။

- သောင်ဗဟ်ပြုသူသည် မိမိဂိုနဟ်လုပ်ခဲ့မိခြင်းအပေါ် အရှက် ရနေရမည်။ဟဒိးဆ်တော်တစ်ရပ်တွင်လာရှိသည်။ လူတစ်ယောက်သည် ဂိုနဟ်လုပ်ပြီးနောက် မိမိဂိုနဟ်ကျူးလွန်မိခြင်းအပေါ် အရှက်ရမိရုံဖြင့် အရှင်မြတ်သည် ၎င်းဂိုနဟ်ကို မားဖ်လုပ်လိုက်ပေသည်။

- အရှင်မြတ်စိတ်ဆိုးမည်ကို စိုးကြောက်သဖြင့် သောင်ဗဟ်ပြုခြင်းဖြစ်ရမည်။ အရှင်မြတ်၏ အမျက်ဒေါသမှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သောင်ဗဟ်လုပ်ရမည်။
- သောင်ဗဟ်လုပ်နေစဉ် အရှင်မြတ်၏ ရှေ့တော်မှောက်၌ တက်နိုင်သမျှ ရို့ကျိုးမှု ကြောက်ရွံ့မှုကို ထုတ်ဖော်ရမည်။ မျက်လုံး မှ မျက်ရည်များကျနိုင်အောင်ကြိုးစားရမည်။ ၎င်းမျက်ရည်ကို အလ္လာဟ်အရှင် အင်မတန်နှစ်သက်တော်မူသည်။ ၎င်းမျက်ရည်သည် ဂျဟန္နမ်မှ လွတ်မြောက်ရန် အကြောင်းခံဖြစ်ပေမည်။

- နောက်နောင် ဂိုနဟ်မလုပ်တော့ပါဘူးဟု အရှင်မြတ်ထံ ကတိပြုရမည်။ ဆွဟာဗဟ်တစ်ပါး တမန်တော်မြတ် (ဆွ) ထံ လာရောက်မေးမြန်းသည်။ ဂိုနဟ်လုပ်မိ၍ သောင်ဗဟ်လုပ်သော်လည်း ၎င်းဂိုနဟ်ကိုသာ ထပ်ခါထပ်ခါ ကျူးလွန်မိနေကြောင်းတင်ပြသည်။တမန်တော်မြတ် (ဆွ) က ဂိုနဟ် လုပ်မိတိုင်းသောင်ဗဟ်ကိုလည်း ထပ်ခါထပ်ခါ လုပ်ရမည်ဖြစ်ကြောင်း မိန့်ကြားရင်း " အရှင်မြတ်၏ ခွင့်လွှတ်မှုသည် အသင်၏ ဂိုနဟ်များထက်ပင် သာပိုပါသည်" ဟု အမိန့်ရှိလေသည်။
- သောင်ဗဟ်ကို နေ့စဉ်နေ့တိုင်း ပြုလုပ်သင့်သည်။ သေခြင်းတရားသည် အချိန်မရွေး ကျွနု​ပ်တို့ထံ ရောက်လာနိုင်သည်။ ထို့ကြောင့် တစ်နေ့စာတစ်နေ့ လုပ်ခဲ့မိသော ဂိုနဟ်များကို သောင်ဗဟ် ပြုထားနိုင်လျင် ဂိုနဟ် ကင်းစင်သူတစ်ဦး အဖြစ် အာခေရသ်ခရီးကို လျှောက်လှမ်းနိုင်ပေမည်။
အားလုံးကို အအ်​မာလ်​ပြုခွင့်​ ချီးမြှင့်​ပါ​စေ

~ C r d မူရင်းရေးသားသူ~~~

No comments:

Post a Comment

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...