Monday 11 June 2018

အမှန်​​ပြောရင်​လည်း အတင်း​ပြောခြင်း ဖြစ်​သလား ? အတင်း ​ပြောတယ်​ ဆိုတာဘာလဲ ?


တစ်ချို့တွေ ​ပြောတာ ကြားဖူးကြမှာ​ပေါ့။ ကျွန်​​တော်​ အတင်း​ပြောတာ မဟုတ်​ဘူး၊ အမှန်​ကို ​ပြောတာ။

တစ်ချို့ကျ​တော့ ဘာ​ပြောလဲ ဆို​တော့ …
ကျွန်​​တော်​ အတင်း​ပြောတာမဟုတ်​ဘူး၊ သူ့ရှေ့မှာလည်း ကျွန်​​တော်​ ​ပြောရဲတယ်​။

တကယ်​​တော့ ဒါ သ​ဘော​ပေါက်​ လွဲတာပါ။

အတင်း​ပြောခြင်းဆိုတာ ဘာကို​ခေါ်သလဲ ဆိုတာကို ​အောက်​ပါ ဟဒီးစ်​​တော်​မှာ မြတ်​နဗီ(ဆွ) ဖွင့်​ဆိုပြထားတာ ကြည့်​ပါ။

အဗူဟိုရိုင်​ရား(ရ​သွေ့)ဆင့်​ပြန်​တယ်​။ မြတ်​ရစူလ်​(ဆွ)ထံ အတင်း​ပြောခြင်း ဆိုတာ ဘာလဲ လို့ ​မေး​လျှောက်​ကြ​တော့ …

မြတ်​ရစူလ်​(ဆွ)က မိမိညီ​နောင်​ ကွယ်​ရာမှာ သူနဲ့ပါတ်​သတ်​ပြီး (ကာယကံရှင်​သာ ကြားသွားရင်​) ကြိုက်​မှာမဟုတ်​တဲ့ အ​ကြောင်းအရာကို ​ပြောဆိုခြင်းကို အတင်းလို့ ​ခေါ်တယ်​လို့ ​ဖြေ​တော်​မူတယ်​။

မေး​လျှောက်​သူက အကယ်​၍ ကျွန်​​တော်​ ​ပြောသည့်​အရာသည်​ ထိုသူတွင်​ အမှန်​တကယ်​ ရှိနေလျှင်​​ရော အတင်းဖြစ်​ပါမည်​လား ? ​မေးပြန်​ရာ

ကိုယ်​​တော်​မြတ်​ကြီး (ဆွ)က အသင်​​ပြောတဲ့အရာဟာ သူ့မှာ တကယ်​ရှိတယ်​ ဆိုရင်​ ဒါအတင်း​ပြောခြင်းပဲ။ တကယ်လို့ အသင်​​ပြောတဲ့အရာဟာ သူ့မှာ မရှိဘူးဆိုရင်​ အဲ့ဒါ စွပ်​စွဲခြင်း ဖြစ်​တယ်​။

(သိရ်​​မေဇီကျမ်း - ၁၉၃၄)

ဒါ့​ကြောင့်​ အမှန်​​ပြောတာ ဆိုရုံနဲ့ အတင်း​ပြောတဲ့ ဂိုနာဟ်​က​နေ လွတ်​မှာ မဟုတ်​သလိုပဲ အခု ကွယ်​ရာမှာ ​ပြောတဲ့စကားကို သူ့​ရှေ့မှာလည်း ​ပြောရဲတယ်​ ဆိုရုံနဲ့ အတင်း​ပြောတဲ့ အပြစ်​က​နေ လွတ်​မှာမဟုတ်​ဘူး။

အဓိက အချက်​က ဒီစကားကို ကာယကံရှင်​ကြားခဲ့ရင်​ ကြိုက်​မှာမဟုတ်​ဘူး ဆိုရင်​ အဲ့လိုစကားမျိုးကို သူ့ကွယ်​ရာမှာ ​ပြောရင်​ အတင်း ပဲ။ သူ့​ရှေ့မှာ ​ပြောရဲတာ မ​ပြောရဲတာနဲ့ မဆိုင်​ဘူး။

အလ္လာဟ်အသျှင်​မြတ်​ ကျွန်ုပ်​တို့အားလုံးကို ​ရှောင်​ကျဉ်​နိုင်​စွမ်းချီးမြှင့်​​တော်​မူပါ​စေ။ အာမီးးးန်​။

No comments:

Post a Comment

ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု {၁၂} စု

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ 🌏 ကိယာမသ်နေ့တွင်ရှင်ပြန်ထရမည့်အုပ်စု{12} စု ~~~~~~~~~~~~~~~~~~~~~ ဟဇရသ်မုအားဇ် အိဗ်နေ့ဂ...