မလေးရှားက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေ ရှိလာရင် အိမ်ထဲ အဓမ္မ ၀င်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ မဟာသီက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မလေးရှားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ကိစ္စတွေကို ထိန်းသိမ်းကြပ်မတ်ဖို့အတွက် ဘာသာရေးစည်းကမ်းထိန်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
“အစ္စလာမ်သာသနာဟာ အလကားနေရင်း လက်တွေ၊ ခေါင်းတွေ ဖြတ်ခိုင်းတဲ့ ကြမ်းကြုတ်တဲ့သာသနာ မဟုတ်ပါဘူး။ ပြစ်ဒဏ်အသေးကနေ အကြီး စသဖြင့် အဆင့်ဆင့်သတ်မှတ်ပေးထားပေမယ့် သူတစ်ပါး အရှက်တကွဲအကျိုးနည်းအောင် လုပ်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါဟာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်ဖက်ပါပဲ” လို့ မဟာသီက ပြောကြားခဲ့ပါတယ်။
အိမ်ထောင်ရေးဖောက်ပြားတာဟာ ကိုယ်ကျင့်သီလဖောက်ဖျက်တာဖြစ်တဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေဟာ ကျူးလွန်သူတွေကို ဖမ်းဆီးကာ ပညာပေးတာ၊ ပြစ်ဒဏ်ပေးတာမျိုးတွေ မလေးရှားမှာ လုပ်ဆောင်လေ့ရှိပါတယ်။
ဒါပေမယ့် နေအိမ်တွေထဲ အဓမ္မ၀င်ရောက်ပြီး ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေအပေါ် ဝေဖန်မှုတွေ ရှိနေပြီး သာသနာရေးရာဝန်ကြီးသစ် ဒါတွတ် ဒေါက်တာ မူဂျာဟစ် ယူဆွဖ် ရာဝါက ဒီလို စီးနင်းမှုတွေကို ရပ်တန့်သွားမယ်လို့ ပြောကြားထားပါတယ်။
မဟာသီက မူဂျာဟစ်ရဲ့မှတ်ချက်ကို ထောက်ခံခဲ့ပြီး အစ္စလာမ်ဟာ လူသားတွေကို ဂရုစိုက်တဲ့ သာသနာဖြစ်ကာ မိမိတို့အစိုးရအနေနဲ့ ခွင့်လွှတ်နားလည်ပေးတဲ့ အစ္စလာမ်ရဲ့ပုံစံကိုသာ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
“သူများတွေကို အပြစ်ရှာ၊ သူများအိမ်တွေထဲ ၀င်ပြီး ဖမ်းဆီးဖို့ အစ္စလာမ်က မသွန်သင်ပါဘူး။ ဒါဟာ အစ္စလာမ်မဟုတ်ပါဘူး”
အောက်တိုဘာ ၇ ၊ ၂၀၁၈
M-Media
Al-Arakani
Lucky Club Casino Site 2021 - Live Casino | Casino Review & Player Ratings
ReplyDeleteLucky Club Casino is a real money luckyclub.live online casino and casino that has a license from the Curacao Gaming Commission. Players from around the world can register for